ရခိုင်ပြည်နယ် တောင်ကုတ် မြို့ဟာ ကျယ်ပြန့်လာတဲ့ ထိုးစစ်ဧရိယာ နဲ့ အနီးစပ်ဆုံးမှာ ရှိနေပြီး
တောင်ကုတ်မြို့နယ် က စစ်ကောင်စီ ပစ်မှတ်ထားတိုက်ခိုက်မယ့်ကျေးရွာ တွေ ရဲ့ စာရင်း တစ်ခု
ပေါက်ကြားလာပါတယ်။
ဒီစာရင်းမှာ တောင်ကုတ်မြို့ ပေါ်က ရပ်ကွက်တွေ ၊ ကျေးရွာတွေအပြင် တောင်ကုတ် နဲ့ သံတွဲမြို့
ကြားက ကျေးရွာတွေလည်း စစ်ကောင်စီရဲ့ ပစ်မှတ်ထား တဲ့ စရင်းထဲမှာ
ပါဝင်နေတာဖြစ်ပါတယ်။
အဲ့ဒီရပ်ကွက် တွေက တော့ ချောင်းကောက်ရပ်ကွက် ၊ဆေးရုံကွက်သစ်၊ ကိုင်းရှည်ကျေးရွာ ၊
နတ်မော်ကျေးရွာ ၊ မီးကျောင်းထိုးကျေးရွာ ၊ တောင်ရွာ ကျေးရွာ ၊သံတွဲလမ်းပိုင်း ကျေးရွာများ၊
ဓားမကျ ကျေးရွာ ၊ပန်းထော်ကျေးရွာ ၊ဖောင်းခါးကျေးရွာ ၊ကုလယောင်ကျေးရွာ
၊ပန်းတင်းကျးရွာ ၊ လမူးတိုက်နယ် ကျေးရွာ တွေ ပါဝင်တယ် လို့ တောင်ကုတ်
စစ်ဘက်သတင်းရင်းမြစ်က ပေးပို့လာပါတယ်။
\”မြို့ထဲမှာ ရဲနဲ့ စစ်သားတွေ ပေါင်းပြီး လှည့်ကင်း ကာကင်းတွေ ခဏ ခဏလှည့်တယ် ၊ ရွာတွေကို
ရှောင်တခင် စစ်ကြောင်းထိုးတယ် ပြီးတော့ စစ်ဖြစ်တာ မရှိဘဲ နဲ့ လက်နက်ကြီးနဲ့ ပစ်တာ
လေကြောင်းက ပစ်တာတွေ လုပ်တယ် ၊ အဓိက အဲ့ဒီရွာတွေမှာ AA ရှိတယ် ဆိုတဲ့ ယူဆချက်နဲ့
အရပ်သားကျေးရွာတွေကို ပစ်ခတ်တာဖြစ်ပါတယ်\” လို့ တောင်ကုတ် ဒေသခံ
စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
မတ်လ နောက်ဆုံးပတ်မှာ တောက်ကုတ်နဲ့ သံတွဲကြားက ကျေးရွာအချို့ကို ရဟတ်ယာဉ်နဲ့
လေကြောင်းက တိုက်ခိုက်တာ ၊ ရေတပ် က လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ပြုလုပ်ခဲ့ပါတယ်။
စစ်ကောင်စီဟာ လက်နက်ကြီး ၊ လေကြောင်း က ပစ်ခတ်နေပေမယ့် ဒေသခံတွေကို
ဗုံးခိုကျင်းတူး ဖို့ ပိတ်ပင်ထားပါတယ်။
\”ဒီစရင်းမှာ ပါတဲ့ကျေးရွာတွေ အနေနဲ့ ဗုံးခိုကျင်းတူးတာ အပါအဝင် တခြား လုံခြုံရေး
ကိစ္စတွေကို ကြိုတင်ပြင်ဆင်ထားဖို့ လိုပါတယ် \” လို့ သူက ပြောပါတယ်။
တောင်ကုတ်မြို့မှာ စကခ ၅ အထိုင်ချပြီး ခမရ ၅၄၄ နဲ့ ခမရ၃၄၆ တပ်တွေ က မြို့စောင့်တပ်တွေ
အနေနဲ့ ရှိနေတာ ဖြစ်ပါတယ်။ လတ်တလော မှာ မြို့အနှံ့မှာ ကာကင်းတွေ ထားရှိပြီး
တောင်ကုတ်မြို့ အနီးက တောင်ကုန်း အမြင့်တွေ၊ ဘုရားကုန်းတွေ မှာလည်း ကာကင်းပြုလုပ်
နေရာ ယူထားတယ်လို့ ဆိုပါတယ်။