Laywaddy FM

သံတွဲရှိ ကျေးရွာ အချို့ကို စစ်ကောင်စီမှ ပြောင်းရွှေ့ခိုင်းနေ

ရခိုင်ပြည်နယ် သံတွဲမြို့နယ် သူဌေးချောင်းရေအားလျပ်စစ်စီမံကိန်းအနီးရှိ
ပုရစ်ရေကောက်ရွာကို စစ်ကောင်စီမှ ပြောင်းရွှေ့ခိုင်းနေကြောင်း သိရပါတယ်။
\”ငပလီ ၅၅ တပ်က တပ်ရင်မှူးက သူတို့ စစ်သားတွေ တပ်စွဲဖို့လာမယ်။ ရွာသူ ရွာသားတွေကို
ပြောင်းဖို့ အုပ်ချုပ်ရေးမှူးကို ဖုန်းဆက်ပြောတယ်\” လို့ သံတွဲဒေသခံတစ်ဦးက ဆိုသည်။
ပုရစ်ရေကောက်ရွာသည် သူဌေးချောင်းရေအားလျပ်စစ်စီမံကိန်းကြောင့် ပုရစ်ရွာ နှင့်
ရေကောက်ရွာ ကို အတင်းအဓမ္မပြောင်းရွှေ့ကာ နှစ်ရွာပြောင်းပြီး ပုရစ်ရေကောက်ရွာ
ဖြစ်လာကြောင်း သိရပါတယ်။
\”နဂိုကတည်းက ရွာသားအချို့ ထွက်ပြေးတိမ်းရှောင်နေကြပါပြီ။ အခု ရွာမှာ ကျန်တာက
သက်ကြီးရွယ်အို နဲ့ ရွာသားအနည်းငယ်ကျန်တော့တယ်။ ရွာသားတွေ စိုးရိမ်နေတာက ပြန်လာရင်
ပြန်နေခွင့်မရမှာကို ပိုစိုးရိမ်သောကရောက်နေကြတယ်\” လို့ ပုရစ်ရေကောက်ရွာသူးတစ်ဦးက
ဆိုပါတယ်။
အာရက္ခတပ်တော် နှင့် စစ်ကောင်စီတို့သည် ဧပြီလ ၂၂ ရက် နံနက်ပိုင်းက စတင်ပြီး သံတွဲ-
တောင်ကုတ်ကားလမ်း သူဌေးချောင်းရေအားလျပ်စစ်စီမံကိန်း အနီးရှိ ပုရစ်ရေကောက်ရွာ
အနီးတွင် ၂ ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃၀ ကျော်သေဆုံးခဲ့သည့်အတွက်
စစ်ကောင်စီဖက်မှ ဂျက်တိုက်လေယာဥ် ၃ စီးအပါဝင် ရေတပ်နေဗီမှလည်း တိုက်ပွဲ
ဖြစ်ပွားရာ​နေရာများသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။

Shine Bu Chay

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *