သင်္ကြန်ကာလ တွင်းမှာ စစ်ကောင်စီဟာ သံတွဲမြို့နဲ့ အနီးတစ်ဝိုက်မှာ ရှိတဲ့ကျေးရွာတွေကို
လေကြောင်းက တိုက်ခိုက်ခဲ့ပြီး ကျွဲနွားတွေ ထိမှန်သေဆုံးခဲ့သလို ၊ လူနေအိမ် အချို့လည်း
ထိခိုက်ပျက်စီးခဲ့ပါတယ်။
သံတွဲမြို့နယ် မကျည်းချောင်ကျေးရွာ၊ ရှင်စောပြင်ကျေးရွာ ၊ ကံကော်ကွင်းကျေးရွာ တွေကို
လေယာဉ်နဲ့ လာရောက်ဗုံးကျဲခဲ့တယ်လို့ ဒေသခံတွေ ဆီက သတင်းရရှိပါတယ်။
\”ဗုံးစထိမှန် ပြီး နွားတစ်ကောင်သေတယ်၊ ပြီးတော့ ဘုန်းကြီးကျောင်းနားက ရေကန် ကို
ဗုံးတစ်လုံးကျတယ် ၊ လူကိုတော့ မထိဘူး ၊ လူတွေက တစ်နေ့လုံး ဝပ်နေရတာပေါ့၊
သင်္ကြန်တွင်းကြီး ဥပုသ်စောင့်တဲ့ လူကြီးတွေလည်း အကုန် ပြန်ပြေးလာကြတယ်၊ ဝါးနွယ်ပြင်
ဘုန်းကြီးကျောင်းက မှန်တွေ လည်းကွဲသွားတယ်၊ \” လို့ ဒေသခံ တစ်ဦး က ပြောပါတယ်။
ဒါအပြင် စစ်ကောင်စီ တပ်သားတွေဟာ သံတွဲမြို့ပေါ်မှာရှိတဲ့ ဆံတော်တောင် ၊ နံတော်တောင် ၊
အံတော် တောင် စတဲ့ ဘုရားကုန်းတွေ မှာ ညနေ ခင်း ဆိုရင်း လုံခြုံရေး
လာရောက်စစ်ဆေးတာတွေ၊ နေရာယူ တာတွေ လုပ်တယ်လို့ မျက်မြင်ဒေသခံတွေက
ပြောပါတယ်။
“မကျည်းချောင် တို့ ရွှေ လှေတို့ဆိုတာ သံတွဲ နဲ့ အရမ်းနီးနေပြီ အဲ့ဒီ ပတ်ဝန်းကျင်ရွာတွေ ကို
ပစ်မှတ်ထားပြီး ရေတပ်က ပစ်လိုက် လေတပ်က ပစ်လိုက်နဲ့ လုပ်နေတာ” လို့ ဒေသခံတစ်ဦးက
ပြောပါတယ်။
သံတွဲမြို့နဲ့ သုံးမိုင်ဝန်းကျင်သာဝေးတဲ့ ကျေးရွာတွေမှာ အခုလို ပစ်ခတ်တိုက်ခိုက်ခံရမှုတွေ
ဖြစ်နေတဲ့ အတွက် သံတွဲမြို့ပေါ်ကို အဲ့ဒီကျေးရွာက စစ်ရှောင် သူ တစ်ချို့လည်း
ခိုလုံလာကြတယ်လို့ သိရပါတယ်။
အရက္ခတပ်တော် AA က စစ်ကောင်စီရဲ့ အခုလို ဒေသခံတွေ အပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုတွေ
ရှိလာနိုင်တဲ့ အတွက်
သင်္ကြန်ကာလ အတွင်း ပျော်ပွဲ ရွှင်ပွဲတွေ မလုပ်ဖို့နဲ့ လူစု လူဝေးတွေနဲ့ မနေထိုင်ဖို့
သတိပေးထားပါတယ်။