Laywaddy FM

သံတွဲမှာ နေ့စဉ် ရက်ဆက် တိုက်ပွဲ တွေ ပြင်းထန်နေ

ရခိုင်ပြည်နယ် သံတွဲမြို့တွင် ယခင်နေ့ကထက် တိုက်ပွဲများပိုမိုပြင်းထန်နေပြီး စစ်ကောင်စီရဲ့
နေဗီမှ လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်နေကြောင်း သိရပါတယ်။
\”မနက် မိုးလင်းပါပြီဆိုကတည်းက ပင်လယ်ထဲကပစ်နေတာ။ ရွှေလှေဘက် ပစ်တာ၊
အချက်ရေတော်တော်များတယ်။ လူတွေလည်း ကြောက်ပြီး နေစရာမရှိတော့ဘူး\” လို့ ငပလီမြို့
‌ဂျိတ်တောရပ်ကွက် ဒေသခံတစ်ဦးက ဆိုပါတယ်။
စစ်ကောင်စီ နဲ့ အာရက္ခတပ်တော်တို့ တိုက်ပွဲဖြစ်ပွားရာ
သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းအနီးရှိ ပုရစ်ရေကောက်၊ ဒေါ်မြ၊ ဆူးပုတ်ကုန်း၊
ကျောင်းကုန်း နဲ့ ဘုရားမော်ရွာ အနီးရှိ တောတောင်များပေါ် စစ်ကောင်စီမှ ရေကြောင်း၊
လေးကြောင်းဖြင့် လက်နက်ကြီးများနဲ့ ပစ်ခတ်နေကြောင်းသိရပါတယ်။
\”လက်နက်ကြီးတွေကျတော့ ရွာမှာ မနေရဲကြတော့ဘူး။ သံတွဲသွားရှောင်ရအောင်ကလည်း
စစ်တပ်က ပေးမသွားဘူး။ အဲတော့ အနီးအနားက ဘုန်းကြီးကျောင်းတွေမှာ ခိုလှုံနေကြရတယ်\”
လို့ ရွှေလှေ ဒေသခံတစ်ဦးက ပြောပါတယ်။
သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းတွင် စစ်ကောင်စီက တပ်စွဲထားသဖြင့် AA က
ထိုးစစ်ဆင်တိုက်ခိုက်နေသည့် စီမံကိန်းအနီးရှိ ဒေါ်မြ၊ ပုရစ်ရေကောက်၊ ဆူးပုတ်ကုန်း၊
ကျောင်းကုန်း နှင့် ဘုရားမော်ရွာအနီးရှိ တောင်ကြောတွင် တိုက်ပွဲများ
ပြင်းထန်နေခြင်းဖြစ်ပါတယ်။
ယခုအခါ သံတွဲမြို့နယ် ရေတပ်ဌာနချုပ် မောင်ရွှေလေးမှ လက်နက်ကြီးဖြင့် အဆက်မပြတ်
ပစ်ခတ်နေပြီး စစ်ကောင်စီရဲ့ နေဗီရှိတဲ့ ခမောင်းတုန်း၊ ဆင်ခေါင်း နှင့် ဂျိတ်တောဘက်မှလည်း
ပစ်ခတ်နေကြောင်း သိရပါတယ်။

Shine Bu Chay

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *