Laywaddy FM

စစ်ကောင်စီ ကင်းလှည့်စစ်ကြောင်းကို ချင်းကာကွယ်ရေးတပ် (အရှို) ကြားဖြတ်တိုက်ခိုက် ၉ ဦး ‌သေဆုံး

စစ်ကောင်စီ ကင်းလှည့်စစ်ကြောင်းကို ချင်းကာကွယ်ရေးတပ် (အရှို) ကြားဖြတ်တိုက်ခိုက် ၉ ဦး ‌သေဆုံး

ငဖဲမြို့နယ် ၊ ပဇီရွာ တပ်စခန်းက လုံခြုံရေးယူဖို့ ထွက်လာတဲ့ စစ်ကောင်စီ အင်အား ၂၀ ကျော်ကိုကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ချင်း ကာကွယ်ရေးတပ် _အရှို က ထုတ်ပြန်လာပါတယ်။

နတ်ရေကန် လေကြောင်းကာကွယ်ရေးတပ်စခန်း ရဲ့ ကာကင်း ဖြစ်တဲ့ ၊ ပဇီရွာ မကျစေရေး အတွက် ပဇီကျေးရွာ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ ကပစ_၁၃ မှာရှိတဲ့ တပ်သားတွေဟာ ကားလမ်းမ ပေါ် ကို လုံခြုံရေးလာယူချိန်မှာ တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို မနေ့က ဧပြီလ ၃၀ ရက်နေ့ ၊မနက် ၈ နာရီ အချိန်မှာ လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် (၉ ) ဦးသေဆုံးကာ၊ ထိခိုက်ဒဏ်ရာ ရရှိသူတွေလည်း ရှိခဲ့ပါတယ်။ MA အမျိုးအစား လက်နက်ငယ် (၉) လက်၊ ကျည်ဘောက်နဲ့ ခဲယမ်းတချို့ သိမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။

ငဖဲမြို့နယ် ၊ ပဇီရွာ ဘုန်းကြီးကျောင်းမှာ တပ်မ (၉၉)၊ ကပစ ( ၂/၁၀/၁၃/၁၄) က အင်အား ၁၃၀ ဝန်းကျင်လောက် တပ်စွဲထားပြီး ကျေးရွာက ပြည်သူပိုင် နေအိမ်တွေမှာ ရှိတဲ့ ပစ္စည်းတွေကို ထုတ်ယူရောင်းချနေတယ်လို့ လည်း အရှို ချင်းကာကွယ်ရေးတပ်ရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်း ထုတ်ပြန်ထားပါတယ်။

လေးဝတီ FM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *