Laywaddy FM

နတ်ရေကန် ဗျုဟာကုန်းအနီးက ကာကင်းစခန်းတစ်ခု AAသိမ်းပိုက်

နတ်ရေကန် ဗျုဟာကုန်းအနီးက ကာကင်းစခန်းတစ်ခု AAသိမ်းပိုက်

ရခိုင်ရိုးမတွင်းက နတ်ရေကန်ဗျူဟာကုန်းအနီးမှာ သုံးရက်ဆက်တိုက် တိုက်ပွဲပြင်းထန်ပြီး နောက် ကာကင်းစခန်းတစ်ခုကို AA ဘက်က သိမ်းပိုက် လိုက်တယ်လို့ သတင်းရရှိပါတယ်။

မေလ ၂၄ ရက်ကတည်းက ရခိုင်ရိုးမတွင်း တိုက်ပွဲတွေ ပြန်လည်ပြင်းထန်လာတာဖြစ်ပြီးနတ်ရေကန်ဗျူဟာ နောက်က ကာကင်စခန်းကိုတော့ မေလ ၂၆ ရက်နေ့ မှာ အာရက္ခတပ်တော်ဘက်က သိမ်းပိုက်ခဲ့တာဖြစ်တယ် လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။

“နတ်ရေကန်ဗျူဟာ ကို ဝိုင်းပြီးကာထားတဲ့ ကာကင်းခန်းတွေထဲက တစ်ခု ပါ၊ မနေ့ညကတော့ အဲ့ဒီ ကာကင်းကုန်း တစ်ခုကို ကိုသိမ်းထားပြီလို့သိရတယ်” မြေပြင်စစ်ရေးသတင်းရင်းမြစ်ကပြောပါတယ်။

နတ်ရေကန် ဗျူဟာစခန်းဟာ အမ်း-ပဒါန်း လမ်းပိုင်းပေါ်က ဂုတ်ကြီး ကျေးရွာအနောက်မြောက်ဘက် တောင်ထိပ်မှာရှိပြီး စစ်ကောင်စီ အမြောက်တပ် ၊ ဒရုန်းတပ်များ အထိုင်ချထားတာဖြစ်ပါတယ်။

နတ်ရေကန်ဗျူဟာကို အာရက္ခတပ်တော်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပြီး အဲ့ဒီ ကာကင်းစခန်းတွေ ဟာ လင်းတဲ ၊ စွန်တက်ကျေးရွာ တွေ ရဲ့ အနီးအနားမှာ ရှိတာဖြစ်ပါတယ်။

ရခိုင်ရိုးမ အတွင်းမှာရှိတဲ့ အေအေ သိမ်းပိုက်ထားတဲ့ စခန်းတွေကို စစ်ကောင်စီဘက်က ထိုးစစ်ဝင်လာ ရာက နေ တိုက်ပွဲတွေ စတင်ခဲ့ပြီး နတ်ရေကန် တောင်ခြေအထိ တိုက်ပွဲပြင်းထန်ခဲ့တာဖြစ်ပါတယ်။

“အခုတိုက်ပွဲတွေက ပဒါန်းမြို့နယ်ထဲကရိုးမ အတက်ဘက်မှာ ဖြစ်နေတာပါ၊ ရိုးမထဲက ချင်းတိုင်းရင်းသားကျေးရွာ တွေ အနီးမှာ ဖြစ်တာပါ ၊ တိုက်ပွဲက ဆက်ပြီး ပြင်းနေပါတယ်၊ စစ်ကောင်စီဘက်က ဒရုန်းတွေ လာပစ်နေ တုန်းပါ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

နတ်ရေကန်ဗျူဟာဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားနေတဲ့ အတွက် ပဒန်းဘက်က အဝင်အထွက်တွေကိုလည်း စစ်ကောင်စီက ပိတ်ထားပါတယ်။

ရခိုင်ရိုးမပေါ်မှာ ရှိတဲ့ စစ်ကောင်စီစခန်းတွေကို အာရက္ခတပ်တော်ဘက်က အမ်းမြို့သိမ်းတိုက်ပွဲပြီးကတည်းက ဆင်နွဲနေတာဖြစ်ပါတယ်။

တော်လှန်ရေးအဖွဲ့တွေ ဖြစ်ကြတဲ့ လူထုတော်လှန်ရေး မဟာမိတ်အင်အားစု (PRA-Magway)၊ ကျောင်းသားလက်ရုံးတပ်တော် (S.A.F) နဲ့ CDF-Asho တို့က စစ်ကောင်စီ ရဲ့ ထောက်ပို့ စစ်ကြောင်းတွေ ကို မကြာခဏ ဖြတ်တောက်ပြီး ပိတ်ဆို့ တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဉ္စနလီညှင်း လေး၀တီFM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *