ရခိုင်ပြည် ၊ မြေပုံမြို့နယ် က လူငယ် ၁၅ ဦးဟာ ၊ တစ်မြို့တည်းနေ လူကုန်ကူး ပွဲစားတွေဆီမှာ ငွေကြေး လိမ်လည်ခံထားရပြီး အာရက္ခအစိုးရအနေနဲ့ ဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။
လိမ်လည်ခံရတဲ့ လူငယ်တွေအနေနဲ့ မြေပုံမြို့နယ် အာရက္ခပြည်သူ့ အစိုးရ တရားစီရင်ရေးဌာန ကို ၂၀၂၂ ခုနှစ် သြဂုတ်လမှာ တိုင်ကြားထားပြီး ထူးခြားလာခြင်းမရှိတဲ့ အတွက် လူမှုကွန်ယက်ပေါ်က တဆင့် အကူအညီတောင်းခံထားတာဖြစ်ပါတယ်။
မြေပုံမြို့နယ် ကံသာ ၊ တဂုံ ၊ပဲကောက်၊ ထူးချေ ကျေးရွာတွေက လူငယ် ၁၅ ဦးကို မလေးရှား ပို့ပေးမယ်ဆိုပြီး တစ်မြို့နယ်ထဲနေထိုင်သူ အမျိုးသမီးနှစ်ဦးက ငွေကြေးလိမ်လည်ထားတာဖြစ်တယ်လို့ သူတို့ ရဲ့တောင်းဆိုစာမှာ ထည့်သွင်းထားပါတယ်။
လတ်တလောမှာတော့ အာရက္ခပြည်သူ့ အစိုးရအနေနဲ့ အမျိုးသားကာကွယ်ရေးဆိုင်ရာ အရေးပေါ် ပြဌာန်းချက် (NEDP) ကို ၂၀၂၄ မတ်လမှာ ပြဌာန်းထားပြီး လူငယ်တွေကို ရခိုင်ပြည်ပြင်ပ သို့ ထွက်ခွာခွင့်ကို ကန့်သတ်ထားပါတယ်။
ဒီအမှုက တော့ ၂၀၂၂ ခုနှစ်ကတည်းက ဖြစ်ပွားခဲ့ပြီး ရုံးချိန်းအကြိမ်ကြိမ်တက်နေရပေမယ့် အမိန့်မချသေးတဲ့အတွက် တိုင်ကြားသူတွေက မကြေမလည် ဖြစ်နေကြတာပါ။
ရခိုင်ပြည် မှာ ရှိတဲ့ မြို့ ပေါ်တပ်ရင်း တွေကို ၂၀၂၃ ခုနှစ်မှာ တရားဝင် ထိုးစစ်ဆင် သိမ်းယူခဲ့ပေမယ့် မြို့အများစုမှာရှိတဲ့ ကျေးရွာ နဲ့ ခရိုင်တွေကို ULA/AA ဘက်က ၂၀၂၁ အာဏာသိမ်းပြီး က တည်းက သိမ်းပိုက်ခဲ့ပြီး ၊ အုပ်ချုပ်ရေး နဲ့ တရားစီရင်ရေးကို လည်ပတ်ခဲ့တာဖြစ်ပါတယ်။
လေးဝတီ FM
A convenient car catalog https://auto.ae/catalog brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.
gulfport ms casinos
References:
http://www.google.pl