ရခိုင်ပြည်၊ ဂွမြို့နယ် က ကျေးရွာ တချို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီဟာ ရေသိုးကျေးရွာစစ်ကြောင်းမှာ လူငယ်တစ်ဉီးကို ဖမ်းဆီးပြီးသ-တ်ဖြတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
ဂွမြို့နယ် ရေသိုးကျေးရွာ ကို နိုဝင်ဘာ ၁၅ ရက်က စစ်ကြောင်းထိုးခဲ့ပြီး ရေသိုးကျေးရွာက မင်းမင်းထွန်း လို့ခေါ်တဲ့ လူငယ်တစ်ဉီးနဲ့ အတူ (၅) ဉီးကို ဖမ်းဆီးခဲ့ဖြစ်တယ် လို့ ဒေသခံ က ပြောပါတယ်။
“စစ်ကောင်စီစစ်ကြောင်း က နိုဝင်ဘာ ၁၅ ရက်နေ့ ညနေ ၆ နာရီလောက်မှာ ရွာထဲဝင်လာပါတယ်။ မင်းမင်းထွန်းနဲဲ့ အတူ ၅ ယောက်အဖမ်းခံရတယ်။ပြီးတော့လက်နောက်ပြန်ကြိုးတုတ်ပြီးရွာပြင်ခေါ်သွားတယ်။ ရွာပြင်ရောက်တော့သူ့ကိုပစ်သတ်လိုက်တာပါ။ကျန်လူတွေကတော့မသိဘူး” လို့ လေးဝတီ FM ကို ပြောပါတယ် ။
ဖမ်းဆီးသ-တ် ဖြတ်ခံရတဲ့ မောင်မင်းမင်းထွန်းဟာ အသက် ၂၀ အရွယ်ဖြစ်ပြီး သူနဲ့ အတူ ဖမ်းဆီးခံရတဲ့ လူငယ် (၅) ဉီးဟာလည်း သတင်းအစအန ပျောက်ဆုံးနေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့တွေဟာ နိုဝင်ဘာ ၁၅ ရက်က ရွှေဉကွင်း ကျေးရွာမှာ အာရက္ခတပ်တော်နဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာ ချင်းကုန်းဘက်ကနေ စစ်ကူဆင်းလာတဲ့ စစ်ကောင်စီတပ်သားတွေက အခုလို သတ်ဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့လက လည်း ဂွမြို့နယ် တိုက်ပွဲတွေ အတွင်းမှာ ဗုံးခိုကျင်းထဲမှာ ပုန်းနေတဲ့ အရပ်သား နှစ်ဦးကို လည်း ပစ်သတ်ခဲ့ပါသေးတယ်။
လတ်တလောမှာ အာရက္ခတပ်တော် ရဲ့ ထိုးစစ်ဟာ ဂွမြို့နဲ့ ရှစ်မိုင်သာဝေးတော့တဲ့ ချင်းကွင်းကျေးရွာကို ရောက်ရှိနေပြီး ၊ ဂွမြို့ကို ထိုးစစ်ဆင်နိုင်ဖို့ ပိတ်ဆို့ထားနိုင်ပြီ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ် က ပြောပါတယ်။
ဓာတ်ပုံ-BNA
အဉ္စနလီညှင်း ရေးသည်။
В каталоге представлены проверенные провайдеры и актуальные игровые новинки.
Пинко Казино
Интерфейс интуитивно понятен даже для новых пользователей.
Бонусы и фриспины доступны сразу после регистрации https://thefreeadforum.top/index.php?page=item&id=289906
https://ural-shahter.ru/news-4596660-formula1-novyj-etap-sezona-projdet-v-saudovskoj-aravii.html
https://www.shkabaj.net/feed/feed2js.php?src=https://www.apsense.com/user/ShelbyCruz24
https://matras-promtex.ru/