Laywaddy FM

အမ်းတောင်ကြားလမ်း တနေရာမှာ စစ်ကောင်စီ ဗျူဟာကုန်းအသစ် အထိုင်ချ (နပခ) ကို အဝေးက ပြန်တိုက်နေရတဲ့ စစ်ကောင်စီ

အမ်းတောင်ကြားလမ်း တနေရာမှာ စစ်ကောင်စီ ဗျူဟာကုန်းအသစ် အထိုင်ချ (နပခ) ကို အဝေးက ပြန်တိုက်နေရတဲ့ စစ်ကောင်စီ

စစ်ကောင်စီဟာ အကူအညီမဲ့နေတဲ့ အမ်းမြို့ က နပခ ဌာနချုပ်ကို စစ်ကူပို့နိုင်ဖို့ အမ်းမြို့နဲ့ မလှမ်းမကမ်းမှာရှိတဲ့ နတ်ရေကန်တောင်မှာ

ဗျူဟာကုန်းတစ်ခု အထိုင်ချပြီး စစ်ကြောင်းတွေကို စုနေတယ်လို့ သတင်းရရှိပါတယ်။

အမ်း နပခဌာနချုပ်ကို အဝေးက ပြန်လည်ထိုးစစ်ဆင်ဖို့ အမ်းမြို့ အနီးက နတ်ရေကန်တောင်မှာ လေကြောင်း ၊ခြေလျှင် ၊ စစ်ကားတွေက နဲ့ စုဝေးရောက်ရှိလာတဲ့ စစ်ကြောင်းနှစ်ခု သုံးခု ကို စုစည်းနေတယ်လို့ ဆိုပါတယ်။

“စစ်ကောင်စီက အခု အမ်းကိုတိုက်ရိုက်စစ်ကြောင်းမသွားဘူး။ မကွေးက လာရင် ပဒန်းအမြောက်ကြီး တပ် ကိုဝင်တယ်။ ပြီးမှတဆင့် ကမြင်းကံဂိတ် ကို သွားတယ်။ ကမြင်းကံဂိတ် ကျော်ရင် တရုတ်ပိုက်လိုင်းအတိုင်း ခြေလျှင်လျောက်တယ်။ အခုကနတ်ရေကန်တောင် မှာအထိုင်ချနေကြတယ်။ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီဟာ နတ်ရေကန်ဂိတ်တောင် ပေါ်မှာ ဒီဇင်ဘာ ၈ ရက်က စတင်ပြီး စခန်းချကာ ဗျူဟာကုန်းတစ်ခုလိုပြန်လည် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

“အဲ့ဒီ တောင်ကုန်းကနေ ဒရုန်းအကြီးစားတွေလွှတ်တယ် စစ်ကြောင်းအနေ နဲ့ တော့မလာသေးဘူး ၊ နပခ ကို ပြန်ရဖို့ အဝေးက စစ်ဆင်ရေးပြန်လုပ်နေရပြီ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

တဖက်မှာလည်း အာရက္ခတပ်တော်က နပခဌာနချုပ် ကို အပြင်းအထန်ထိုးစစ်ဆင်နေသလို ၊ ဌာနချုပ်အထဲက တပ်သားတွေကိုလက်နက်ချဖို့ လော်စပီကာနဲ့ အသိပေးနေတယ် လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

” မနေ့ညကဆိုAAကလော်စပီကာနဲ့လက်နက်ချဖို့ သတိပေးတယ်။ အဆင်ပြေပုံမရဘူး။ ဒီမနက်မှာတော့တိုက်ပွဲကပြင်းထန်နေတယ်

စစ်ကောင်စီလေကြောင်း၊ဂျက်ဖိုက်တာ၊ Y8 ၊Y12 ၊ ဟိုက်စကီးဖိုက်တာတို့နဲ့ပါအသကုန်တိုက်ခိုက်နေတယ်” လို့ နောက်ထပ် သတင်းရင်းမြစ် တစ်ဉီးက ပြောပါတယ်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ဟာ ရခိုင်ပြည်ရဲ့ အကြီးဆုံးတိုင်းစစ်ဌာနချုပ်ကြီးဖြစ်ပြီး တပ်ရင်း တပ်မ သုံးဆယ်ကျော်ကိုအာရက္ခတပ်တော်က သိမ်းပိုက်ထားတာဖြစ်ပါတယ်။

အစဥ္စန လီညှင်း(LAywaddy FM)ရေးသည်။

Kay Zue

Related Posts

13 thoughts on “အမ်းတောင်ကြားလမ်း တနေရာမှာ စစ်ကောင်စီ ဗျူဟာကုန်းအသစ် အထိုင်ချ (နပခ) ကို အဝေးက ပြန်တိုက်နေရတဲ့ စစ်ကောင်စီ

Leave a Reply

Your email address will not be published. Required fields are marked *