Laywaddy FM

အမ်း-ပဒန်း လမ်းပိုင်းပေါ်က ကျေးရွာ ဆယ်ရွာ စစ်ကောင်စီ လူသားဒိုင်းပြုလုပ် ထား ၊ပဒါန်းဘက်အခြမ်း မှာ စစ်ကောင်စီ ခံစစ်စခန်းပြင်

အမ်း-ပဒန်း လမ်းပိုင်းပေါ်က ကျေးရွာ ဆယ်ရွာ စစ်ကောင်စီ လူသားဒိုင်းပြုလုပ် ထား ၊ပဒါန်းဘက်အခြမ်း မှာ စစ်ကောင်စီ ခံစစ်စခန်းပြင်

ရခိုင်ပြည် အမ်းမြို့နယ်နဲ့ မကွေးတိုင်း ကိုဆက်သွယ်ထားတဲ့ အမ်း-ပဒါန်းလမ်းပိုင်းပေါ်က ကျေးရွာဆယ်ရွာကို အကာအကွယ်ယူပြီး စစ်ကောင်စီက လူသားဒိုင်းပြုလုပ်ထားတဲ့ အတွက် ဒေသခံတွေ ပိတ်မိနေကြတယ်လို့ ဒေသ သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

မကွေးတိုင်း ပဒါန်းမြို့ အဝင်ဂိတ် နဲ့ ရိုးအဆင်း ပြင်းဝဂိတ်ကို စစ်ကြောင်းတွေ နဲ့ နှစ်ဖက်ပိတ်ဆို့ ခံစစ်ပြင်ထားတဲ့အတွက် အဲ့ဒီ အထဲမှာ ကျေးရွာဆယ်ရွာကျော် ပိတ်မိနေတာဖြစ်တယ်လို့ ဆိုပါတယ်။

အမ်း-ပဒါန်းလမ်းပိုင်းပေါ်က ချင်း နဲ့ တောင်ပေါ်ရခိုင်လူမျိုးတွေ နေထိုင်ကြတဲ့ ဇာတပ်ကူရွာ၊ ဆုံကုံးရွာ၊ ပြန်ကျီရွာ၊ စပြွန်းရွာ၊ မြေလပ်ရွာ၊ဂုတ်ကြီး၊ နတ်ရေကန် ၊စွန်တက်၊ လင်းတဲ၊ တုံးကြီး၊ မထုံး၊ကံမြင့်ကန် စတဲ့ ကျေးရွာတွေဟာ စစ် ဧရိယာ အတွင်းမှာ ပိတ်မိနေတာဖြစ်ပါတယ်။

“အခုက ရိုးထက်မှာ လည်းတိုက်ပွဲကနေ့တိုင်းရှိတယ်။ စစ်ကောင်စီဖက်ကလည်းဒီပဒန်းကနေပြီး စစ်ကူစစ်ကြောင်းတွေလိုက်နေရတယ်။ အခု ပြင်ဝဂိတ်ကို စစ်ကြောင်းထိုင်ပြီး ရက်အကန့်အသတ်မရှိ ပိတ်လိုက်တော့ ရှေ့မှာ ရှိတဲ့ရွာတွေက ထွက်ပေါက်မရှိတော့ဘူး ပိတ်မိသွားပြီ” လို့ ဒေသခံက ဆိုပါတယ်။

စစ်ကောင်စီဟာ အမ်း-ပဒါန်းလမ်းပိုင်းပေါ်က တောင်စောက်ဂိတ် နဲ့ အမြှောက်တပ်စခန်းတွေ ၊ ကာကင်းတွေကို လက်လွှတ်လိုက်ရပြီးနောက်ပိုင်းအခုလို ပဒါန်းမြို့ အဝင်ကျေးရွာတွေကို လူသားဒိုင်းပြုလုပ်ပြီး ပိတ်ဆို့လိုက်တာဖြစ်တယ်လို့ စစ်ရေးနဲ့ နီးစပ်သူက
လေးဝတီFM ကို ပြောပါတယ်။

“နတ်ရေကန်ဘက်က ထွက်လာတဲ့ လူတွေကိုလည်း အဲ့ ဘက်ကို စစ်ရှောင်လို့မရဘူး၊ တိုက်ပွဲဖြစ်ရင် လေကြောင်းက ဖြစ်တဲ့ နေရာတွေ တင်မဟုတ် ပတ်လည်က ရွာတွေကို အကုန်ပစ်တယ်။ တိုက်ပွဲထက်လေကြောင်းကို ပိုကြောက်ရတယ် ၊ ရွာတွေက လူတွေက ဘေးလွတ်ရာကို ရှောင်ချင်နေကြတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီဟာ ပဒါန်းမြို့က ဆယ်မိုင်ပတ်လည် အကွာ မှာ ရှိတဲ့ ပြင်းဝဂိတ်ကို စစ်ကောင်စီတပ်ဖွဲ့အင်အား ၁၀၀ ကျော်နဲ့ နေရာယူ အထိုင်ပြန်ချပြီး ခံစစ်ပြင် လိုက်တာလည်းဖြစ်ပါတယ်။

အမ်း-ပဒါန်းလမ်းပိုင်းပေါ်က အမ်းရိုးမပေါ်မှာ အာရက္ခတပ်တော်နဲ့ စစ်ကောင်စီတို့ဟာနေ့စဉ် တိုက်ပွဲပြင်းထန်နေပြီး ဂုတ်ကြီးအမြှောက်စခန်း၊ ဗျူဟာတပ်၊ နတ်ရေကန်၊ တုံးကြီး ၊ မထုံးနဲ့ ကံမြင့်ကန် တို့ ကနေ စစ်ကူပေးနေပြီး လေကြောင်း က လည်း ရခိုင်ရိုးမ အနှံ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ရက်က အမ်း-ပဒါန်းလမ်းပိုင်းပေါ်က တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ဓာတ်အားပေး စက်ရုံခွဲကို အာရက္ခတပ်တော်က သိမ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီဟာ အခုလို ပဒါန်းဘက်အခြမ်းမှာ ခံစစ်ပြင်လိုက်တာဖြစ်ပါတယ်။

အဉ္စနလီညှင်း (လေး၀တီ FM)

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *