အာရက္ခတပ်တော် AA လတ်တလောသိမ်းပိုက်ထားတဲ့ မြို့တွေမှာ မြို့တွင်းရပ်ကွက် လူနေအိမ်ခြံဝန်းတွေ ၊ ဘုန်းကြီးကျောင်းတွေ နဲ့ စာသင်ကျောင်းတွေ မှာ စစ်ကောင်စီရဲ့ မြေမြုပ်မှိုင်းတွေ ထောင်ထားပြီး အဲ့ဒီမြေမြုပ်မှိုင်းတွေကို အရေးပေါ် တူးဖော်ရှင်းလင်းနေရတယ်လို့ သတင်းရရှိပါတယ်။
စစ်ကောင်စီဟာ နောက်ဆုံးခုခံခဲ့တဲ့ အမ်းမြို့ ၊ တောင်ကုတ်မြို့၊ မောင်တောမြို့ တွေမှာ လူနေရပ်ကွက်တွေ ၊ အိမ်ခြံတွေ ထဲ မြေမြုပ်မှိုင်းတွေ ထောင်ထားခဲ့တယ်လို့ ဆိုပါတယ်။
” ရခိုင်မှာဆို အမ်း မှာ အများဆုံး မြေမြုပ်မှိုင်းအသုံးပြုခဲ့ပါတယ်။ မြို့တွင်းမြို့ပြင် နဲ့ သူတို့ ကာကင်းလုပ်ပြီးနေခဲ့တဲ့ အိမ်တွေ ၊ ဘုန်းကြီးကျောင်းတွေ မှာ အကုန်လုံး ထောင်ထားခဲ့ပါတယ်။ ” အမ်းမြို့ နယ် ULA အဖွဲ့ဝင် မြေမြုပ်မှိုင်းရှင်းလင်းရေး ကွက်ကဲသူ တစ်ဦးက လေးဝတီ FM ကိုပြောပါတယ်။
စစ်ကောင်စီဟာ အမ်းမြို့နယ်ထဲက မဲတောင်ဗျူဟာကုန်းကျသွားပြီးနောက်မှာ ၊ အမ်းမြို့ဘက်ကို တပ်ဆုတ်လာတဲ့ လမ်းပိုင်းတစ်လျှောက်လုံးကို မြေမြုပ်မှိုင်းတွေ ထောင်ထားခဲ့တယ်လို့ ဆိုပါတယ်။
ရခိုင်ပြည် အမ်း၊ ရမ်းဗြဲ၊ တောင်ကုတ်၊ မောင်တော ၊ ပေါက်တော မြို့တွေမှာ ရပ်ကွက်၊ လမ်း၊ ဘုရားကုန်း၊ ဘုန်းကြီးကျောင်း ၊ စာသင်ကျောင်း၊ ဆေးရုံ စတဲ့ နေရာတွေမှာ မြေမြုပ်မှိုင်းတွေ ထောင်နဲ့ ချီအသုံးပြုခဲ့တယ် လို့ မြေပြင်မှိုင်းရှင်းလင်းသူတွေက ပြောပြပါတယ်။
“တိုက်ပွဲပြီးလို့ လူတွေပြန်ဝင်လာတဲ့ အခါ သူတို့ထောင်ထားတဲ့ မိုင်းတွေက မကြာခဏ ထိတယ် ။ ကျွဲနွားတွေလည်းခဏ ခဏ မှိုူင်းထိလို့ သေနေကြပါတယ်” လို့ ဒေသခံ အရပ်သားတစ်ဦးက ပြောပါတယ်။
ဒါအပြင် မပေါက်ကွဲပဲကျန်နေတဲ့ စစ်ကျန်လက်နက် ပစ္စည်းတွေ ၊ အတွဲလိုက်ဒုန်းတွေ နဲ့ လက်နက်ကြီး ကျည်ဆံတွေဟာ တိုက်ပွဲ ဧရိယာ ဖြစ်ခဲ့တဲ့ တောတောင်တလျှောက်မှာ တွေ့ရှိနေကြရတာဖြစ်ပါတယ်။
အာရက္ခတပ်တော် AA ဘက်က ၄◌င်းတို့ရဲ့ ထိမ်းချုပ်နယ်မြေတွေမှာ ဒေသတွင်းရပ်မိရပ်ဖတွေနဲ့ ပူးပေါင်းပြီး မှိုင်းအသိပညာပေးမှုတွေကိုလည်း လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒါအပြင် မြေမြုပ်မှိုင်းရှင်းလင်းရေးကိုလည်း စီမံချက်တစ်ခု အနေနဲ့ တပ်အင်အားတချို့ကိုအသုံးပြုပြီး လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။
အမ်းချောင်းသူ (လေး၀တီFM)