Laywaddy FM

ရခိုင်ရိုးရာ မင်္ဂလာ စည်တော်ကြီး

ရခိုင်ရိုးရာ မင်္ဂလာ စည်တော်ကြီး

“လာပါ လာပါ အရောက်လာပါ ၊ ရခိုင်စည်တော်ကြီး တီးချိန်မှာ ၊ လာပါ လာပါ ရောက်အောင်လာ ရခိုင်ဆိုတဲ့ အသိရှိရင်လာ” ဆိုတဲ့ ရခိုင်အဆိုတော် ဝင်းကိုခိုင် ရဲ့ သီချင်းကို တော်တော်များများ နားယဉ်ကြမယ် လို့ ထင်ပါတယ်။

ရခိုင်သီချင်းတွေထဲမှာ ဒီ ဗဟိုရ်စည် အကြောင်း ကို မကြာခဏ ထည့်ဆိုကြသလို ၊ ရခိုင်တွေရဲ့ သမက်တက်မဂ်လာပွဲတွေမှာလည်း စည်တော်ကြီး နဲ့ မြိုင်မြိုင်ဆိုင်ဆိုင် တီးခတ်ကျင်းပ ကြပါတယ်။

ဒီစည်တော်ကြီးဟာ ရခိုင်တို့ အတွက် အောင်မြင်မှုရဲ့ ရှေ့ပြေးဆော်ဩမှု လို့ ဆိုရမှာပါ။

စည်တော်ကြီးဟာ ရခိုင်ရဲ့ ရှေးအကျဆုံး တူရိယာတွေထဲက တစ်ခုဖြစ်ပြီး ဓညဝတီခေတ်၊ ဒွါရာဝတီ ဝါသုဒေဝမင်း လက်ထက်ကတည်းက စတင်ပေါ်ပေါက်ခဲ့တာလို့သိရပါတယ်။

အစောပိုင်းမှာ ကက္ကဌာစည် ကနေ ဘုရင်တွေရဲ့ နန်းတော်ရှေ့မှာ “ဗဟိုရ်စည်” အဖြစ် အသုံးပြုခဲ့ရာကနေ စည်တော် သမိုင်းရဲ့ အစဖြစ်လာခဲ့တာပါ။

စည်တွေကို ပွဲလမ်းသဘင် ဖျော်ဖြေရေး၊ ဆက်သွယ် ရေးကိစ္စတွေ၊ စစ်ပွဲတွေမှာပါ အသုံးပြုခဲ့ကြပေမဲ့ ၁၇၈၅ ခုနှစ် မြောက်ဦးထီး နန်းကျဆုံးပြီး နောက်ပိုင်းမှာတော့ဒီယဉ်ကျေးမှုဟာ မှေးမှိန်ခဲ့ရပြီး ၁၉၅၉ ခုနှစ်ခန့်မှသာ ရခိုင်ရိုးရာ တူရိယာအဖြစ် ပြန်လည် ဖော်ထုတ်လာခဲ့ကြတာပါ။

ရခိုင်ရိုးရာ တူရိယာပညာရှင်တွေဟာ စည်အမျိုးအစားတွေကို အမျိုးမျိုးခွဲခြားသတ်မှတ်ထားပါတယ်။ အခြေခံအားဖြင့် ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ် အခြေခံတူရိယာတွေ ရှိကြပြီး၊ စည်တွေကိုတော့ သားရေအခြေခံ စည်အမျိုးအစားတွေဖြစ်တဲ့

“အာတတစည်”(အိုးစည်ကဲ့သို့ တစ်ဖက်ပိတ်စည်)၊ “ဝိတတစည်” (ပန်းတျားစည်ကဲ့သို့ ၊နှစ်ဖက်ပိတ်စည်)၊”အာတတဝိတတစည်” (ထက်စည်ကဲ့သို့ အလုံးစုံကြက်သောစည်)၊“ဃနစည်” (မောင်း၊ ကြေးနင်း၊ ခွက်ခွင်းကဲ့သို့ တစ်ခဲနက်သောစည်)၊“သုသိရစည်” (နှဲ၊ ပလွေ၊ ခရုသင်းကဲ့သို့ အခေါင်းပါသည့်စည်) စသဖြင့် အုပ်စုတွေ ခွဲခြားထားပါတယ်။

ဒါ့အပြင် မြှောက်စည်(ဗဟိုရ်စည်)၊ သံလွင်စည်၊ မရိုးစည် (စည်ဗြော)၊ စည်ပုတ်၊ စည်ကြီး (ရွန်းစည်)၊ ဒုံမင်း၊ စည်ပန်းတောင်း၊ စည်ဝမ်း၊ ပတ်သာ၊ တစ်ဖက်စည်၊ ပန်းတျားစည် (ပန်းတျင်း)၊ ပတ်စည်၊ စည်ချေ၊ စည်အိုင့် (အိုးစည်) စသဖြင့် စည်မျိုးကွဲပေါင်း၂၅မျိုးလောက်ထိ ရှိနေပါသေးတယ်။

ရခိုင်စည်တော်ကို တီးခတ်ရမှာ စည်းကမ်းချက်များစွာ ရှိပါတယ်။

ရခိုင်ရိုးရာမင်္ဂလာစည်တော်ကို မင်္ဂလာ ရှိတဲ့ အခမ်းအနားတိုင်းမှာ တီးခတ်ကြပြီး တေးရတုတွေနဲ့ တွဲဖက်လေ့ရှိပါတယ်။ စည်တီး ခတ် တဲ့အခါ အနည်းဆုံး စည်ငါးလုံး ပါဝင်ဖို့ လိုအပ်ပြီး၊ “အချီ၊ သရဏဂုံ၊ မင်္ဂလာခြင်း” စတဲ့ အင်္ဂါသုံးရပ် နဲ့အညီ တီးခတ်ရပါတယ်။

ပွဲအလိုက် လိုက်ဖက်တဲ့ တီးခတ်တဲ့ ပုံစံတွေလည်း ကွဲပြားပါတယ်။

ဥပမာအားဖြင့် “ပန်းတျားစည်” သို့မဟုတ် “ပန်းတျင်းစည်” အမျိုးအစားကို နတ်ပန်းတျား၊ သမက် တက်ပန်းတျား ဆိုပြီး နှစ်မျိုးရှိရာမှာ “ သမက်တက်ပန်းတျား” ကို မင်္ဂလာဆောင်ပွဲမှာ သမက်တက် လာချိန်၊ ပြန်သွားချိန်တွေအတွက် ခြေလှမ်းအတိုင်း အလိုက်သင့် တီးခတ်ရတာပါ။

အသုဘအခမ်းအနားမျိုးမှာလည်း တီးခတ်လေ့ ရှိကြတဲ့ ခတ်တည်စည် တီးခတ်တာကိုတော့ မပြုလုပ် တော့တဲ့အတွက် ခတ်တည်စည်တီးတဲ့ ဓလေ့ဟာကွယ်ပျောက်လာတယ်လို့ သိရပါတယ်။

အသုဘ အခမ်းအနားမျိုးမှာ တီးခတ်တဲ့ စည်နဲ့ မင်္ဂလာအခမ်းအနားမှာ တီးခတ်တဲ့

စည်ခြင်း ရောထွေးသွား မှာ စိုးရိမ်ကြတဲ့အတွက် အမင်္ဂလာရှိတဲ့ နေရာမျိုးတွေမှာတော့ တီးခတ်လေ့မရှိတော့တာလို့ သိရပါတယ်။

ဒါ့အပြင် ထူးခြားတဲ့ “ပတ်သာစည်” ဆိုတာလည်း ရှိပါသေးတယ်။

ဒီပတ်သာစည်ရဲ့ ပတ်စာကို ဗုံအမျိုးမျိုး မှာ သုံးတဲ့ ထမင်းစေ့မျိုး မဟုတ်ဘဲ၊ အနီရောင် ၊ဂနီ၊ ကျောက်ပွ ကို

ကောက်ညှင်းကော်စေးနဲ့ သမပြီး စည်မျက်နှာ တစ်ဝန်းလုံး ပြည့်အောင် အမြဲတမ်း ပတ်စာအဖြစ်

တင်ထားရတာပါ။

ဒီပတ်သာစည်ကို တီးလိုက်ရင် “ဗြီးပန်ပန် “ဆိုတဲ့ အသံထွက်ပြီး အဓိပ္ပာယ်ပါတဲ့ စကားလုံးတွေကို ဆန်တီး မြည်ဟီးတယ်လို့ ရခိုင်လူမျိုးတွေကယုံကြည်ကြပါတယ်။

အဆိုပါစည်တွေ ထဲက စည်ကြီး (သို့မဟုတ်) နှစ်ဖက်ပိတ်စည်မျိုးတွေဟာ ပိတောက်သား၊ ဆိတ်သားရေ၊ နွားသားရေတို့ကို အဓိက အသုံးပြုပြီး လုပ်ရပါတယ်။

ဆိတ်သားရေကြက်တဲ့ဖက်ကို “စောင် “ဖက်၊ နွားသားရေကြက်တဲ့ဖက်ကို “ဗြိန်း”ဖက် လို့

ခေါ်လည်း ဆိုကြပါတယ်။ ဗြိန်းဖက်ကိုတော့ တီးတံနဲ့ ပြင်းပြင်း တီးရပြီး စောင်ဖက်ကိုတော့လက်နဲ့ သာသာလေး လျှော့တီးရတာပါ။ ဒီစည်ကြီးရဲ့ ထူးခြားချက်ကတော့ မျက်နှာပြင် နှစ်ဖက်သာ ရှိပေမဲ့ ပညာသားပါပါ တီးခတ်ရင် အသံ ခုနစ်သံ အထိ ထွက်ပေါ်နိုင်တယ်လို့သိရပါတယ်။

ရှေးကျတဲ့ ရိုးရာစည်တော်ကြီး ဖြစ်လာဖို့အတွက် စည်လုပ်တဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ သစ်မာသားကိုထွင်း၊ နွားသားရေကို ရေ လေးကြိမ် စိမ်ပြီး နေလှန်းရတဲ့အတွက် လက်မှုပညာ ရှင်တွေကလည်း စည်ပြုလုပ်ခြင်းရဲ့ အဓိက အခရာလည်း ဖြစ်ပါတယ်။

စည်တော်ကို တီးခတ်အသုံးပြုတဲ့အခါမှာ တစ်ဖက်ကို လက်နဲ့၊ ကျန်တစ်ဖက်ကို သစ်သားတုတ်နဲ့ တီးခတ်ရပါတယ်။ ရိုးရာဓလေ့အရ စည်တော်ကို မြင့်မြတ်တဲ့နေရာမှာထားရပြီး အရက်သေစာ သောက်စားထားသူတွေနဲ့ အမျိုးသမီးတွေကို ကိုင်တွယ်ခွင့် မပြုတဲ့ စည်းကမ်းတွေလည်း

ရှိနေပါတယ်။( ကျွန်မ အနေနဲ့ လိင်ခွဲခြား နှိမ့်ချ မှုကို မနှစ်သက်ပေမယ့် ရှေးအယူအဆ အတိုင်းကို ပြန်လည် ဝေမျှခြင်းသာဖြစ်ပါတယ်။ )

ဒါ့အပြင်အမျိုးသားဖြစ်စေကာမူ ဘောင်းဘီဝတ်ထားပါကလည်း တီးခတ်ခြင်း ကို ပြုလုပ်ခွင့် မပေးဘူးလို့လည်း ဆိုပါတယ်။

ပညာရှင်အချို့ဟာ သားစဉ်မြေး ဆက် အဆင့်ဆင့် စည်လုပ်တဲ့ အတတ်ပညာကို အမွေဆက်ခံ သင်ယူခဲ့ကြပြီး ဒီလုပ်ငန်းကို ဝမ်းစာအဖြစ် ဆက်လုပ်နေကြပေမယ့်ဒြပ်မဲ့လက်မှုအတတ်ပညာကို လက်ဆင့်ကမ်းသူ နည်းပါးလာတဲ့ အတွက် စည်လုပ်ပညာရှင်တွေဟာ တစ်စတစ ရှားပါးလာနေပြီး ရခိုင်ပြည်နယ်အတွင်းမှာ လက်ချိုးရေ တွက်လို့ ရတဲ့အထိ ဖြစ်လာနေတာကတော့ စိုးရိမ်စရာပါ။

ပညာရှင်တွေ ပျောက်ကွယ်သွားရင် ရိုးရာစည်ယဉ် ကျေးမှုပါ ပျောက်ကွယ်သွားမှာကို စိုးရိမ်နေကြပါတယ်။ နောက်ထပ် ပညာရှင်တွေ စိုးရိမ်တာကတော့ ရိုးရာစည်တော်ကို စည်းစနစ်တကျ တီးခတ်သူတွေ နည်းပါးလာတာကြောင့် မူလတီးခတ်ပုံစံ ပျောက်ကွယ်လာမှာကို ဖြစ်ပါတယ်။

ဒါကြောင့် ရိုးရာယဉ်ကျေးမှုကို မြတ်နိုးသူတွေ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအနေနဲ့ ဒီဒြပ်မဲ့အမွေ အနှစ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့၊ စည်လုပ်တဲ့အတတ်ပညာကို မျိုးဆက်သစ်ဆီ စနစ်တကျ လက်ဆင့် ကမ်းဖို့၊ တီးခတ်နည်းစနစ်အမှန်ကို လေ့ကျင့်ပေးဖို့ အရေးတကြီးလိုအပ်နေပါတယ်လို့ တင်ပြလိုက် ရပါတယ်။

အထွီးဘုံ ရေးသည်။

လေးဝတီFM

ကိုးကား

၁.ဆရာကြီး ဦးလုံး

၂.ရခိုင်ယဉ်ကျေးမှုအဖွဲ့

Kay Zue

Related Posts

11 thoughts on “ရခိုင်ရိုးရာ မင်္ဂလာ စည်တော်ကြီး

  1. Hello! Someone in my Facebook group shared this website with us so I came to check it out. I’m definitely loving the information. I’m book-marking and will be tweeting this to my followers! Wonderful blog and brilliant design.

  2. Hi, I do think this is an excellent site. I stumbledupon it 😉 I’m going to return yet again since I saved as a favorite it. Money and freedom is the greatest way to change, may you be rich and continue to guide others.

  3. Thanks for another wonderful post. Where else may just anyone get that type of information in such a perfect method of writing? I have a presentation next week, and I’m on the look for such information.

Leave a Reply

Your email address will not be published. Required fields are marked *