စစ်ဖီးရှောင်ဆိုစာ
သျှစ်သောင်းပွဲလားရေ
ပွဲကြည့်လာလူမဟုတ်လို့
စျီးဝယ်ဖို့ဖေသာမပါ
အဝတ်အစားမပါ
အစားအသောက်မပါ
လက်ဗလာနန့်
မှီရေလက်ကိုဆွဲလို့
အသက်လု ဗြီးခရရေ။
လီထက်ပျံဝဲနိန်ရေ
လူသားစားငှက်
ချီးစိုက်ချတိုင်း
ကိုယ်လက်အဂ်ါနန့်အသက်
နိ့စိုင်ရက်ဆက်
ပီးဆပ်နိန်ကတ်ရရေ။
နွီရာသီဆိုလေ့ပူလွန်းလို့
မိုးရာသီဆိုလေ့ မိုးယိုလို့
ဆောင်းရာသီဆိုလေ့
ချမ်းလွန်းလို့ သဘာဝဒဏ်ကို
အံတုပနာ
အလှူရှင်တိပီးလာဖို့
ထမင်းထုပ်နန့်
အချေအငယ်တိဝမ်းဝဖို့
အကျန်စားခရရေ
နိန့်ရက်ပေါင်းမနည်းယာ။
ဆီးဝါးဆိုကေ့လေ့
ဒေါ်နု ထွန်းရွှေဝါ
မမြင်ဖူးစာတောင်ကြာယာ
အပူယော့တလုံးမြိုလို့
ရင်တွင်းအပူငြိမ်းဖိုဆိုကေ
အမ်းလမ်းကိုဖြတ်
ရိုးမကိုကျော် ဟိုဘက်မှာ
ဆီးဝါးပေါရေဆိုမလား
တခေါက်လားလို့ရှာချင်ရေ။
သားသ္မီးငတ်နေစာ
ထိုင်ကြည့်နိန်ရရေမိဘ
သားသ္မီးနေမကောင်းဟာ
ငိုင်ပနာကြည့်နိန်ရရေမိဘ
သူရို့ရင်တွင်း ဝင်ကြည့်ကတ်
ထမင်းနပ်မှန်ဖို့တောင်
မသေချာရေနိ့ရက်တိမှာ
ဗာဟီယ ကိစ္စအသာထား
ဒေနာကျင်မှုကို
အနာဂျင်စီသောက်လို့
ပျောက်ပစ်ချင်ရေ။
ဒေမိုးခါသား
တောင်ပို့မှိုရှာစားဖို့လူမရှိ။
ကြာတန်နန့်ငယက်
ရောချက်စားဖို့
ငါးရှာဖို့လူမရှိ
ငပိခခြူနန့်ငရုပ်သီးတခွက်
ကျွဲချပက်လောက်
ဇာသူကြိတ်စားနိုင်ဖို့လဲ။
မြောင်နားတလျှောက်
ခရုချေကောက်ဖို့
ဇာသူလမ်းလျှောက်ရဲဖို့လဲ။
ယကေလေ့သော့
သားသ္မီးငိုစာ မမြင်သာကေ
ထွက်ပနာရှာခိုက်
မိုင်းနင်းလိုက်ကေ
အဖော်မပါ ဇာနေရာမှန်းမသိ
ပေါက်ကွဲသံကြား
လူများလိုက်ရှာ
တွီ့ပါဗျာလ်ထော။
ဝမ်းရီးအတွက်
ခြီတဖက်ထားခရရေ
ဝမ်းရီးအတွက်
လက်တဖက်ထားခရရေ
ဝမ်းရီးအတွက်
အသက်ကိုထားခရရေ။
မျိုးဇော်သိန်း
အသည်းကြွီမြို့
На странице размещён kraken официальный сайт с полным каталогом товаров
дизайн комнат в доме фото дизайн домов и коттеджей
дизайн кв квартира проект дизайн двухкомнатной квартиры