Laywaddy FM

ပြောင်းလဲသွားသော ပထဝီနိုင်ငံရေး (သို့မဟုတ်) AA ရဲ့ အံ့ဖွယ်တိုးတက်မှု

ပြောင်းလဲသွားသော ပထဝီနိုင်ငံရေး (သို့မဟုတ်) AA ရဲ့ အံ့ဖွယ်တိုးတက်မှု

ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) ရဲ့ အင်အားကြီးထွားလာမှုဟာ တောင်အာရှနဲ့ အရှေ့တောင်အာရှမှာ ဒေသတွင်းအာဏာနဲ့ လုံခြုံရေး ကဏ္ဍများကို ပြောင်းလဲလိုက်ပြီး သမိုင်းဝင် အပြောင်းအလဲတစ်ခု ဖြစ်လာပါတယ်။
၂၀၂၄ ခုနှစ် အောက်တိုဘာ နဲ့ ဒီဇင်ဘာလတို့မှာ AA ဟာ ၂၇၁ ကီလိုမီတာရှည်လျားတဲ့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်လုံးအပါအဝင် ရခိုင်ပြည်နယ်ရဲ့ ၈၀ ရာခိုင်နှုန်းကို သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

ဒါဟာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတစ်ခုအနေနဲ့ နိုင်ငံတကာ နယ်နမိတ်တလျှောက်ကို သိမ်းပိုက်နိုင်ခဲ့တဲ့ ရှားပါးဖြစ်စဉ်တွေထဲက တစ်ခုပါ။
AA ရဲ့ မောင်တောမြို့ကို သိမ်းပိုက်ရရှိခဲ့တဲ့ အောင်ပွဲ နဲ့ အမ်းမြို့ရှိ အာဏာသိမ်းစစ်တပ်ရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့ခြင်း
တို့ဟာ အာဏာသိမ်းစစ်တပ်ရဲ့ အာဏာချုပ်ကိုင်နိုင်မှု လျော့ပါးလာတာကို ပေါ်လွင်စေပြီး နယ်မြေစိုးမိုးနိုင်မှု အရသာမက မဟာဗျူဟာအရပါ အချိုးအကွေ့တွေ ဖြစ်စေခဲ့ပါတယ်။

စစ်တပ်ရဲ့ ဆယ်စုနှစ်များစွာကြာ ဗဟိုချုပ်ကိုင်မှုကို ချိုးဖျက်ပြီးတဲ့နောက် AA ဟာ ရခိုင်ပြည်နယ်ရဲ့ အာဏာချိန်ခွင်လျှာကို ပြောင်းလဲပစ်ခဲ့ပြီး မြေပြင်ထိန်းချုပ်မှုရှိတဲ့ de facto အာဏာပိုင်တစ်ရပ်အဖြစ် ပေါ်ထွန်းလာခဲ့ပါပြီ။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကာလအတွင်းမှာပဲ AA ဟာ ဒါဇင်နဲ့ချီတဲ့ မြို့နယ်တွေ၊ စစ်တပ်စခန်းကုန်းတွေကိုသာမကပဲ အမ်းမြို့နဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ကိုပါ သိမ်းယူခဲ့ပြီး
အာဏာသိမ်းစစ်တပ်ရဲ့ တရားဝင်မှုကို ချိုးဖျက်ကာ အပြောင်းအလဲတွေကို ဖေါ်ဆောင်နိုင်ခဲ့ပါတယ်။

AA ရဲ့ အောင်မြင်မှုတွေကို ဖြစ်ပေါ်စေတဲ့အကြောင်းရင်း အများအပြားရှိနေပါတယ်။
AA ရဲ့ စစ်ရည်စစ်သွေးဟာ ကြောက်မက်ဖွယ်တိုးတက်လာခဲ့ပြီး ယခုအခါမှာတော့ အဆင့်မီစစ်တပ်ဖြစ်တဲ့ မြန်မာ့အာဏာသိမ်းစစ်တပ်ရဲ့ အခိုင်အမာတည်ဆောက်ထားတဲ့ အခြေစိုက်စခန်းတွေကို ထိရောက်လှတဲ့ ထိုးစစ်တွေ ဆင်နွှဲလာနိုင်ခဲ့ပြီဖြစ်ပါတယ်။
AA ဟာ မြန်မာနိုင်ငံရှိ အခြားသော လက်နက်ကိုင်တပ်တွေထက် သာလွန်တဲ့ စစ်ရေးဆိုင်ရာ နည်းစနစ် ကြွယ်ဝမှုအနေအထားတစ်ရပ်ရှိတယ် ဆိုတာကို နယ်မြေတွေသိမ်းယူနိုင်ရုံတင်မက ဆက်လက်ထိန်းချုပ်ထားနိုင်ခြင်းလည်းရှိတယ် ဆိုတာကြည့်ပြီး သိနိုင်ပါတယ်။
AA ဟာ မဟာမိတ်တပ်တွေနဲ့လဲ ကောင်းမွန်စွာ ချိတ်ဆက်လုပ်ဆောင်နိုင်တာကို မြောက်ပိုင်းမဟာမိတ် (၃) ဖွဲ့ရဲ့ စစ်ဆင်ရေးတွေမှာ
အရေးပါတဲ့နယ်မြေတွေကို အတူတကွ စစ်မျက်နှာများစွာမှာ ထိန်းချုပ်နိုင်ခဲ့တာက သက်သေခံလို့နေပါတယ်။

နိုင်ငံရေးအရလဲ ရခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ စစ်ရေး လက်ရုံးတပ်ဖြစ်တဲ့ AA ဟာ သိမ်းပိုက်ပြီး နယ်မြေတွေမှာ စင်ပြိုင်အုပ်ချုပ်ရေးစနစ်တွေ တည်ထောင်ထားနိုင်ပြီဖြစ်ပါတယ်။
ဗုဒ္ဓဘာသာအများစုဖြစ်တဲ့ ရခိုင်လူမျိုးတွေရော မူစလင်လူနည်းစုတွေပါရှိတဲ့ AA ရဲ့ သိမ်းပိုက်ပြီး ဒေသတွေမှာ အုပ်ချုပ်ရေးစနစ်တွေတည်ဆောက်ဖို့ ကြိုးစားမှုတွေဟာ စစ်ရေးအောင်မြင်မှုတွေကို နိုင်ငံရေးအရ တရားဝင်မှုနဲ့ပါ ပေါင်းစည်းဖို့လိုတယ် ဆိုတဲ့အချက်ကို ကောင်းကောင်းနားလည်ထားတယ် ဆိုတာကို ပြသနေပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ ရခိုင်ပြည်နယ်အပေါ် ထိန်းချုပ်မှုကို လက်လွှတ်လိုက်ရခြင်းနောက်တစ်ခုကတော့
၅ လအတွင်းမှာပဲ ဒုတိယအကြိမ်မြောက် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေဆီကို တိုင်းစစ်ဒေသချုပ်တစ်ခု ထပ်မံဆုံးရှုံးလိုက်ရခြင်းဖြစ်ပါတယ်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို လက်လွှတ်လိုက်ရခြင်းဟာ ဆက်တိုက်ဆင့်ကဲ ဆုံးရှုံးမှုတွေဆက်ဖြစ်လာဖို့ အချက်ပေးခေါင်းလောင်းသံလိုဖြစ်လာပြီး အာဏာသိမ်းစစ်တပ်ရဲ့ အာဏာဆုပ်ကိုင်မှုကို ပိုမိုအားနည်းစေခဲ့တာပါ။

ရိုဟင်ဂျာပြဿနာ

ဘင်္ဂလားဒေ့ရှ်မှာရှိနေတဲ့ ရိုဟင်ဂျာတစ်သန်းကျော် အိမ်ပြန်နိုင်ရေး နဲ့ AA အုပ်ချုပ်မှုအောက်မှာ နေထိုင်ရမယ့် သူတို့ရဲ့အနာဂတ်အခြေအနေဟာ ဒေသတွင်းအဓိကပြဿနာတစ်ရပ် ဖြစ်လာပါတယ်။
ULA/AA ရဲ့ ခေါင်းဆောင်ပိုင်းကတော့ ဗုဒ္ဓဘာသာကိုးကွယ်သူတွေသာမက ရိုဟင်ဂျာအပါအဝင် မွတ်ဆလင်ကိုးကွယ်သူလူထုရော ပါဝင်တဲ့ ရက္ခိတလမ်းစဉ်ကို ချမှတ်ထားတာကို တွေ့ရှိရပါတယ်။
ဒါဟာ သမိုင်းစဉ်တလျှောက် ခွဲခြားဆက်ဆံမှုတွေရှိခဲ့တဲ့ မြန်မာနိုင်ငံမှာ သိသိသာသာ ကွဲထွက်နေတာပါ။
ဒါပေမယ့် ဒီကိစ္စကို ရှုမြင်ရာမှာ အရင်က AA ရဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းနဲ့ ရန်လိုတင်းမာခဲ့တဲ့ အတိတ်ဖြစ်ရပ်တွေကိုလဲ ထည့်သွင်းရှုမြင် စဉ်းစားရမှာဖြစ်ပါတယ်။

AA ရော အာဏာသိမ်းစစ်တပ်ရောက ရိုဟင်ဂျာတွေကို အကြောင်းပြချက်ကိုယ်စီနဲ့ စစ်မှုထမ်းခိုင်းဖို့ လုပ်ဆောင်နေကြတယ်လို့လဲ သိရပါတယ်။
ဒီလို အားနည်းတဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းအပေါ် အမြတ်ထုတ်ခြင်းဟာ AA ရဲ့ ရိုဟင်ဂျာတွေရဲ့ ပါဝင်ပတ်သက်နိုင်ခွင့်နဲ့ အခွင့်အရေး တွေအပေါ် အာမခံမှုဟာ စစ်မှန်ရဲ့လားလို့ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။
အချို့သော လေ့လာသုံးသပ်သူတွေကတော့ AA ရဲ့ အာရက္ခအိမ်မက်မှာ ပါဝင်တဲ့ အချက်တွေဟာ ဗမာလူမျိုးကြီးဝါဒဆန်ဆန်ဖြစ်နေပြီး နောင်တချိန်မှာ AA ဟာ ရိုဟင်ဂျာတွေရဲ့ ဖြစ်တည်မှုကိုပါ ဖျောက်ဖျက်ပစ်နိုင်တယ်လို့ သုံးသပ်ကြပါတယ်။

ဒီ ဒုက္ခသည်အရေးဟာ ရိုဟင်ဂျာဒုက္ခသည်အများအပြားကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်အတွက်သာမက ဒေသတွင်းနိုင်ငံရေးပြဿနာတစ်ရပ်အဖြစ် ဆက်ရှိနေပါတယ်။
AA ရဲ့ နယ်စပ်ဒေသတလျှောက် ထိန်းချုပ်လိုက်နိုင်မှုဟာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် ဖြစ်နိုင်ခြေအသစ်တွေကို ဖန်တီးပေးခဲ့ပါတယ်။
AA ရဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့ စိတ်ဆန္ဒကို အပြုသဘောမျှော်လင့်လို့ရပေမယ့် ထိုဒုက္ခသည်တွေရဲ့ နိုင်ငံသားအခွင့်အရေး၊ လုံခြုံရေးနဲ့ စီးပွားရေးအခွင့်အလမ်း ပြန်လည်ပေါင်းစည်းမှု စတာတွေကို အာမခံချက် မရှိပဲနဲ့တော့ ဘယ်လိုနေရပ်ပြန်ရေးအစီအစဉ်မဆို အခက်အခဲတွေ ရင်ဆိုင်ရဖို့ရှိနေပါတယ်။

မဟာအာဏာပြိုင်ဆိုင်မှု

ရခိုင်ပြည်နယ်ကို ထိန်းချုပ်လိုက်နိုင်တဲ့အတွက် AA ဟာ အိန္ဒိယနဲ့ တရုတ်အကြား ဒေသတွင်း အာဏာပြိုင်ဆိုင်မှုထဲမှာ ပါဝင်ပတ်သက်လာရတော့မှာပါ။ ရခိုင်ပြည်နယ်ဟာ ကူမင်းကိုသွယ်ထားတဲ့ တရုတ်ရဲ့အလွန်အရေးကြီးတဲ့ ဒေါ်လာ ၂.၅ ဘီလီယံတန်ကြေးရှိ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းအပြင် ခေတ်သစ်ပိုးလမ်းမ စီမံကိန်းအတွက်လဲ အလွန်အရေးပါတဲ့ဒေသ ဖြစ်ပါတယ်။
တရုတ်ရဲ့ ၂.၅ ဘီလီယံဒေါ်လာတန်ကြေးရှိတဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းစီမံကိန်း၊ ၇.၃ ဘီလီယံဒေါ်လာတန်ကြေးရှိတဲ့ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်း အပြင် ၂.၇ ဘီလီယံဒေါ်လာ တန်ကြေးရှိတဲ့ အထူးစီးပွားရေးဇုန် စီမံကိန်းတွေဟာ တရုတ်အတွက် မလက္ကာရေလက်ကြား ကနေတဆင့်သာရရှိနေတဲ့ စွမ်းအင်သွင်းကုန်တွေအပေါ်မှီခိုမှုကို လျှော့ချနိုင်ဖို့ အလွန်အရေးကြီး နေတာပါ။

တရုတ်ဟာ ရှေ့ပိုင်းကာလတွေမှာ မြန်မာ့အာဏာသိမ်းစစ်တပ်နဲ့ နီးကပ်တဲ့ဆက်ဆံရေးရှိပြီး အာဏာသိမ်းစစ်တပ်ရဲ့
အကြီးဆုံး ကုန်သွယ်ဘက်သာမကပဲ အကြီးဆုံးလက်နက်ရောင်းချသူအဖြစ်ပါ ရှိနေတာပါ။
ဒါပေမယ့်လဲ မြေပြင်အခြေအနေတွေအရ တရုတ်ရဲ့သဘောထားဟာ အရင်လို မရိုးရှင်းတော့ပါဘူး။ မကြာမီသေးက ဖြစ်ရပ်တွေမှာ တရုတ်အရာရှိတွေဟာ AA ရဲ့မဟာမိတ်တွေနဲ့ အစည်းအဝေးတွေပြုလုပ်ခဲ့ပြီး အပစ်ရပ်ဖို့ ကြားဝင်ဆွေးနွေးခဲ့တာပါ။
ဒါဟာ အာဏာချိန်ခွင််လျှာပြောင်းလဲခြင်းရဲ့ အခြေအနေမှန်ကို ဖေါ်ပြနေတယ်လို့ ဆိုရမှာပါ။

အိန္ဒိယရဲ့ ရခိုင်ပြည်နယ်အပေါ်ထားတဲ့ မဟာဗျူဟာမြောက်အကျိုးစီးပွားဟာလဲ တရုတ်နဲ့ အတော်လေးဆင်တူပေမယ့် အာရုံစိုက်မှုခြင်းတော့ မတူညီပါဘူး။ အိန္ဒိယရဲ့ ကုလားတန်မြစ်ဘက်စုံ စီမံကိန်း (KMTTP) ဟာ ကလ္လာကတ္တား၊ စစ်တွေနဲ့ အိန္ဒိယအရှေ့မြောက်ပိုင်းပြည်နယ်တွေကို မီဇိုရမ်မှတဆင့် ချိတ်ဆက်နိုင်ဖို့ အိန္ဒိယရဲ့ မဟာဗျူဟာမြောက် စီမံကိန်းဖြစ်ပါတယ်။
အိန္ဒိယရဲ့ အရှေ့မျှော်မူဝါဒဟာ ပုံမှန်အားဖြင့် အာဏာသိမ်းစစ်တပ်နဲ့ ဆက်ဆံရေးကိုသာ အလေးထားပေမယ့် ယခုအခါမှာတော့ ပြောင်းလဲလာတဲ့ မြေပြင်အနေအထားတွေကြောင့် အိန္ဒိယရဲ့ မဟာဗျူဟာမြောက် အကျိုးစီးပွားကိုကာကွယ်နိုင်ဖို့ AA နဲ့ဆက်ဆံရန် စတင်စဉ်းစားလာရပြီဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်ရဲ့ မဟာဗျူဟာ ဝိရောဓိ

AA က ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်တစ်လျှောက်ကို သိမ်းပိုက်လိုက်တဲ့နောက် ဘင်္ဂလားဒေ့ရှ်ဟာ အရင်ကမကြုံခဲ့ဖူးတဲ့ သံတမန်ရေးနဲ့ လုံခြုံရေးဆိုင်ရာ စိန်ခေါ်ချက်တွေကို ရင်ဆိုင်လာရပါတယ်။
လွန်ခဲ့တဲ့လပိုင်းတွေမှာ ဘင်္ဂလားဒေ့ရှ် လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ သံအမတ်ဟောင်းတွေဟာ သူတို့အစိုးရကို AA နဲ့ ချိတ်ဆက်ဆက်ဆံဖို့တောင်းဆိုခဲ့ကြပါတယ်။
ဒါဟာ မြေပြင်ရဲ့ အခြေအနေအမှန်အသစ်ကို ထင်ဟပ်စေခဲ့တာပါ။ ဘင်္ဂလားဒေ့ရှ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ စစ်သံမှူးဟောင်း အငြိမ်းစားဗိုလ်ချုပ်ကြီး Md Shahidul Haque ကတော့ ဘင်္ဂလားဒေ့ရှ်အနေနဲ့ AA နဲ့ချိတ်ဆက်ဆက်ဆံခြင်းဟာ လုံခြုံရေးအရရော စီးပွားရေးအရပါ နှစ်ဖက်လုံးအတွက် အကျိုးရှိတဲ့ ဆက်ဆံရေးဖြစ်လိမ့်မယ်လို့ ပြောထားပါတယ်။
ဒီအမြင်ဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ လုံခြုံရေးဆိုင်ရာအစီအမံအတွက် ပုံမှန်သံတမန်ရေးဆက်ဆံမှုဟာ ပြန်လည်စဉ်းစားသင့်တဲ့ အချိန်ရောက်ပြီ ဆိုတာကို ဖေါ်ပြနေပါတယ်။

ဒါပေမယ့်လဲ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ Mohammed Rafiqul Alam နဲ့ အခြားသူတွေကတော့ ဘင်္ဂလားဒေ့ရှ်ဟာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ အလုပ်တွဲမလုပ်မယ့် မူဝါဒကို ဆက်လက်ကျင့်သုံးမယ်လို့ ပြောထားပြီး၊ ဝန်ကြီးဌာနရဲ့သက်ဆိုင်ရာ ဌာနတွေအနေနဲ့ သင့်လျော်တဲ့လုပ်ဆောင်ချက်တွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြောထားပါတယ်။
AA နဲ့ဆက်ဆံ လုပ်ကိုင်တာဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ နယ်စပ်လုံခြုံရေးနဲ့ ရိုဟင်ဂျာတွေနေရပ်ပြန်နိုင်ရေးပြဿနာတို့ကို ဖြေရှင်းနိုင်ဖို့ အခွင့်အလမ်းတွေ ပေးနိုင်ပေမယ့် မြန်မာ့အာဏာသိမ်းစစ်အစိုးရနဲ့ အခြားသော ဒေသတွင်းနိုင်ငံတွေနဲ့ ဆက်ဆံရေးတွေမှာတော့ ရှုပ်ထွေးမှုတွေရှိလာနိုင်ပါတယ်။

အခြေခံအဆောက်အုံတွေကို ထိန်းချုပ်နိုင်ရေး တိုက်ပွဲတွေအိန္ဒိယရဲ့ ကုလားတန်မြစ်ဘက်စုံစီမံကိန်းဟာ ပြောင်းလဲသွားတဲ့ လုံခြုံရေးအခြေအနေတွေကြောင့် လုပ်ငန်းလည်ပတ်မှုတွေ ရပ်တန့်ထားရတာပါ။
AA အနေနဲ့ ဒီစီမံကိန်းအပေါ် ဘယ်လိုသဘောထားလဲဆိုတာက အိန္ဒိယရဲ့ မဟာဗျူဟာကျမှုအတိုင်းအတာကို ဆုံးဖြတ်ရာမှာ အရေးပါလာပါလိမ့်မယ်။ AA ရဲ့ ပင်လယ်ရေကြောင်းသွားလာမှုတွေနဲ့ ဘင်္ဂလားပင်လယ်အော်ကမ်းခြေတစ်လျှောက် ပေါ်ပေါက်လာနိုင်ခြေရှိတဲ့ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေအပေါ် ထိန်းချုပ်ထားနိုင််မှုက ဘင်္ဂလားပင်လယ်အော်တစ်လျှောက်မှာ AAကို အရေးပါတဲ့ နေရာတစ်ခုကို ရရှိစေခဲ့ပါတယ်။

ကျောက်ဖြူကိစ္စဟာလဲ တရုတ်ရဲ့ မဟာဗျူဟာမြောက် ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းရဲ့ အစွန်းတစ်ဖက်အဖြစ် ရှိနေတာပါ။
USIP ရဲ့ လုံခြုံရေးဆိုင်ရာကျွမ်းကျင်သူ ကိုရဲမျိုးဟိန်းကလဲ AA ဟာ ကျောက်ဖြူကိုသိမ်းပိုက်ဖို့ စစ်ဆင်ရေးတွေ ဆင်နွဲလာနိုင်ခြေရှိနေပါတယ်၊ AA ဟာ သေချာတွက်ချက်ထားတဲ့ မဟာဗျူဟာတစ်ခုကို ချမှတ်နေတာလို့ယူဆရပြီး နယ်စပ်ဒေသနဲ့ပတ်သတ်တဲ့ ဆွေးနွေးညှိနှိုင်းမှုတွေမှာ အသာစီးရဖို့ ၎င်းရဲ့နယ်မြေထိန်းချုပ်နိုင်မှုကို အသုံးပြုနိုင်ပါတယ် လို့ ဆိုပါတယ်။

အာရက္ခတပ်တော် (AA) ရဲ့ ကြီးထွားလာမှုဟာ အစိုးရမဟုတ်တဲ့အစုအဖွဲ့တစ်ခုအနေနဲ့လဲ သမရိုးကျအာဏာကို စိန်ခေါ်နိုင်ပြီး ဒေသတွင်းအခြေအနေတွေကို ပြောင်းလဲနိုင်ကြောင်း ဖေါ်ပြနေပါတယ်။
ဒါကပဲ ဒေသတွင်းလုံခြုံရေးဆိုင်ရာ ကိစ္စတွေဟာ ပုံသေကိစ္စရပ်တွေမဟုတ်ပဲ အစဥ်အမြဲပြောင်းလဲနေပြီး အာဏာပုံစံအသစ်တရပ်ကို ပုံဖော်နေပါတယ် ။

တောင်အာရှနဲ့ အရှေ့တောင်အာရှရဲ့ လုံခြုံရေးဟာ ဒေသတွင်းမှာရှိတဲ့အဖွဲ့အစည်းတွေဟာ ဒေသတွင်းတည်ငြိမ်ရေးကိုထိန်းသိမ်းရင်း တချိန်တည်းမှာပဲ ဒီအပြောင်းအလဲတွေကို ဘယ်လိုကိုင်တွယ်ထိန်းကျောင်းမလဲ ဆိုတာအပေါ် မူတည်နေပါတော့တယ်။

Daily Starသတင်းဌာန ရဲ့ သတင်းထောက် kawsar Uddin Mahmud ရေးသားထားတဲ့ သုံးသပ်ချက်ဆောင်းပါးကို Zan က ဆီလျော်အောင်ဘာသာပြန်ထားပါတယ်။

Kay Zue

Related Posts

55 thoughts on “ပြောင်းလဲသွားသော ပထဝီနိုင်ငံရေး (သို့မဟုတ်) AA ရဲ့ အံ့ဖွယ်တိုးတက်မှု

  1. Interested in UFC? https://ufc-white-house.com unique mixed martial arts tournament will take place on June 14, 2026, in Washington, D.C., on the South Lawn of the White House. It will be the first professional sporting event in history to be held directly on the grounds of the U.S. presidential residence.

  2. Хочешь узнать про электронные чеки? https://financedirector.by/jelektronnye-cheki-i-ih-uchet/ важный этап цифровизации торговли и налогового контроля. Узнайте, как работают электронные чеки, какие преимущества они дают бизнесу и покупателям, а также какие изменения ждут предпринимателей.

  3. Быстрая профессиональная монтаж видеонаблюдения для квартир, домов, офисов и коммерческих объектов. Проектирование, монтаж и настройка систем безопасности, удалённый доступ, запись видео и контроль в реальном времени. Надёжные решения для защиты имущества и контроля территории.

  4. Онлайн-сервис оценки недвижимости https://shalmach.pro по фотографиям для покупки, аренды и планирования ремонта. Узнайте ориентировочную стоимость жилья, возможные вложения и рекомендации перед принятием решения.

  5. Steam Desktop Authenticator https://sdasteam.com (SDA). It allows you to generate account login codes and automatically confirm trades or item sales on the Community Market without using your smartphone.

  6. Do you love excitement? https://jerseysbeststore.com/glossary offers premium pre-match and live sports betting, as well as a legal online casino. Try your luck on modern slots, table games, or with live dealers. We guarantee complete data security, fair results, and 24/7 player support.

  7. Do you love excitement? https://jerseysbeststore.com/glossary offers premium pre-match and live sports betting, as well as a legal online casino. Try your luck on modern slots, table games, or with live dealers. We guarantee complete data security, fair results, and 24/7 player support.

Leave a Reply

Your email address will not be published. Required fields are marked *