Tag: AA

စစ်ကောင်စီအင်အား ၁၀၀၀ ကျော်နဲ့ စစ်မျက်နှာ ၃ ခု ဖွင့်ပြီး ကျောက်ဖြူမှာ ထိုးစစ်ဆင်နေ
ကျောက်ဖြူမြို့နယ် စစ်မျက်နှာမှာ စစ်ကောင်စီဘက်က အင်အား ၁၀၀၀ ကျော်အသုံးပြုကာ စစ်မျက်နှာ သုံးခုဖွင့်ပြီး အာရက္ခတပ်တော် ထိမ်းချုပ်ထားတဲ့ စခန်းတွေကို ထိုးစစ်ဆင်နေတယ်လို့ ဒီကနေ့ သတင်းရရှိပါတယ်။ ကျောက်ဖြူမြို့နယ် ကပ်သပြေကျေးရွာ ၊ ပြိုင်းစေ့ကေ နဲ့ မလကျွန်းဘက်ကို စစ်ကောင်စီ ဘက်က စစ်ကြောင်းတစ်ခုမှာ အင်အား ၄၀၀…

သံတွဲ-ဂွ လမ်းပိုင်းပေါ်ကို မိုးရာသီအမှီ မှိုင်းရှင်းလင်းနေ ၊ မြေမြုပ်မှိုင်း အလုံးရေ ၂၀၀၀ ကျော်ကို တစ်လအတွင်း တူးဖော်ရရှိ
ရခိုင်ပြည် ၊ သံတွဲ -ဂွ လမ်းပိုင်းပေါ်က စစ်ကောင်စီ အထိုင်ချခဲ့တဲ့ ဂိတ်စခန်းတွေ နဲ့ အနီးဝန်းကျင်တွေကို အခုမိုးရာသီ အမှီမြေမြုပ်မှိုင်းရှင်းလင်းရေးတွေ ဆောင်ရွက်နေတယ် လို့ သတင်းရရှိပါတယ်။ ဂွမြို့နယ်မှာ မကြာခဏ မြေမြုပ်မှိုင်းနင်းမိလို့ ကိုယ်လက် အဂ်ါတွေ ဆုံးရှုံးနေကြရပြီး အခုနှစ်မိုးရာသီမှာ လယ်ယာထွန်ယက်ဖို့ ခက်ခဲနေကြတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း…

အမ်းမြို့နယ် စစ်ရှောင်များ အိမ်တိုင်းနီးပါး တုတ်ကွေး နဲ့ ငှက်ဖျား ရောဂါဖြစ်နေ
ရခိုင်ရိုးမတောင်ခြေ မြို့ဖြစ်တဲ့ အမ်းမြို့နယ် က ကျေးရွာတွေမှာ တုတ်ကွေးနဲ့ ငှက်ဖျားရောဂါတွေ အိမ်တိုင်းနီးပါး ဖြစ်နေကြပြီး ဆေးဝါးရရှိဖို့ ခက်ခဲနေတယ် လို့ သိရပါတယ်။ စစ်ရှောင်စခန်းတွေမှာ မိုးရာသီအတွက် အမိုးအကာတွေ မလုံခြုံသလို ၊ ခြင်ထောင်နဲ့ စောင်တွေ အလုံအလောက်မရှိတဲ့ အတွက် နောက်ဆက်တွဲ ကျန်းမာရေးထိခိုက်တာတွေ ကြုံနေကြရတာဖြစ်တယ်လို့…

မင်းပြား အခြေစိုက် ခမရ ၃၈၀ တပ်ရင်းကို စစ်ကောင်စီ ဗုံးကြဲ
ပြီးခဲ့တဲ့ နှစ်က အာရက္ခတပ်တော်သိမ်းပိုက်ခဲ့တဲ့ မင်းပြား အခြေစိုက် ခမရ ၃၈၀ တပ်ရင်းထဲကို မနေ့ည သန်းခေါင်ယံမှာ စစ်ကောင်စီဘက်က လေကြောင်းကတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဇွန်လ ၁၉ ရက် ည ၁၂ နာရီဝန်းကျင်မှာ မင်းပြား ခမရ ၃၈၀ ဝန်းထဲကို ရုတ်တရက်တိုက်ခိုက်ခံရပြီး အဆောက်အအုံတချို့…

ကျောက်ဖြူတိုက်ပွဲများ ဟာ မြို့သိမ်းတိုက်ပွဲ အဖြစ် ဦးတည်လာ
ဒီကနေ့ ဇွန်လ ၁၆ ရက်မှာတော့ ကျောက်ဖြူမြို့ နဲ့ အနီးဆုံးက ရပ်ကွက်တွေအထိ တိုက်ပွဲရဲ့သက်ရောက်မှုတွေရှိလာပြီး မြို့သိမ်းတိုက်ပွဲတွေ ဆီ ကို ဦးတည်လာပြီးလို့ ဒေသခံတွေ က သုံးသပ်ကြပါတယ်။ မြို့ပေါ်မှာရှိတဲ့ ကျောက်ဖြူလေဆိပ်နဲ့ ခလရ ၃၄ တပ်ရင်းတွေ အနီးကို အာရက္ခတပ်တော် ဘက်က လက်နက်ကြီး…

ကျောက်ဖြူရှေ့တန်းက ဒုတပ်ရင်းမှူး တစ်ဦး ဒဏ်ရာနဲ့ ဆေးကုသခံယူရင်း ရန်ကုန်မှာသေဆုံး
ကျောက်ဖြူ OTG တရုတ်စီမံကိန်းကွင်းပတ်၀န်းကျင် မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ ဒရုန်းတပ်ဖွဲ့က ဒုတပ်ရင်းမှူး ဗိုလ်မှူးဝင်းသန့် ဟာ ရန်ကုန်ဆေးရုံ မှာ သေဆုံးပြီး ဒီကနေ့ ဇွန် ၁၅ ရက်မှာ သူ့မိသားစုက ရက်လည်ဆွမ်းသွတ်ခဲ့ပါတယ်။ မေလ ၃၀ ရက်က OTG စီမံကိန်းဝန်းကျင်မှာ တပ်စွဲထားတဲ့…

ULA/AA သိမ်းပိုက်ထားတဲ့ မောင်ရွှေလေးရေတပ် ကို စစ်ကောင်စီ အလစ်အငိုက် တိုက်ခိုက်လာ
ULA/AA ထိမ်းချုပ်ထားတဲ့ သံတွဲမြို့နယ် ၊ မောင်ရွှေလေးရေတပ် အနီးဝန်းကျင်မှာ စစ်ကောင်စီရဲ့ နေဗီ နှစ်စီးသုံးစီးခန့် ရောက်ရရှိလာပြီး ကမ်းခြေဘက်ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေ ဖြစ်ပေါ်နေတယ် လို့ သတင်းရရှိပါတယ်။ ဇွန်လ ၅ ရက်က မောင်ရွှေလေး ၊ ဂျိတ္တော ၊ ငပလီ ကမ်းခြေတစ်လျှောက်ကို…

အသက်မပြည့်သေးသည့် မိန်းကလေး ကို မုဒိမ်းမှုကျူးလွန်ပြီး သတ်ပစ်ခဲ့သည့် အမှု ၊ သံသယ တရားခံ (၈) ဦး ULA/AA ဖမ်းဆီး
ရခိုင်ပြည် မင်းပြားမြိုု့ ဖားပြိုကျေးရွာက အသက်(၉) နှစ်အရွယ် မိန်းကလေးကို အဓမ္မကျူးလွန်ပြီး သတ်ဖြတ်ခဲ့တဲ့ အမှုမှာ သံသယ ရှိသူတွေကို ULA/AA က ဖမ်းဆီးထားတယ်လို့ ဇွန်လ ၅ ရက်က အသိပေးထုတ်ပြန်လာပါတယ်။ အဲ့ဒီအမှုဟာ AA ထိမ်းချုပ်နယ်မြေမှာ ဖြစ်ပေါ်ခဲ့တဲ့ အတွက် ULA/AA လက်အောက်မှာ…

နတ်ရေကန် ဆက်သွယ်ရေးစခန်းကြီး ကို AA သိမ်းပိုက်
ရခိုင်ရိုးမတွင်းက နတ်ရေကန်ဗျူဟာကုန်း အနီးက နတ်ရေကန် MPT တာဝါလို့ လူသိများတဲ့ ဆက်သွယ်ရေးစခန်းကို အာရက္ခတပ်တော်က မနေ့ည ပိုင်းက သိမ်းပိုက်လိုက်တယ် လို့ သတင်းရရှိပါတယ်။ စစ်ကောင်စီရဲ့ MPT တာဝါကုန်းစခန်းကို AA ဘက်က မနေ့က ဇွန်လ ၃ရက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့ မြေပြင်စစ်ရေး သတင်းရင်းမြစ်တစ်ယောက်က…

နှင်းဖဲတောင်ကို တန်ပြန်ထိုးစစ်ဆင်လာတဲ့ ဒုဗိုလ်မှူးကြီး တစ်ဦး နဲ့ စစ်သုံ့ပန်း ၂၀ ကျော် AA လက်ရဖမ်းဆီး
ကျောက်ဖြူမြို့ နှင်းဖဲတောင် ဘက်ကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီ ရဲ့ စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီး အပါအဝင် ၊ စစ်သုံ့ပန်း ၂၀ ကျော်ကို အေအေ ဘက်က လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ မေလ ၃၀ ရက်ညပိုင်းက ကျောက်ဖြူမြို့ နှင်းဖဲတောင်စခန်းနဲ့ လိပ်ခမော် ကျေးရွာဘက်ကို ထိုးစစ်ဆင်လာတဲ့…