Laywaddy FM

ပလက်ဝခရိုင်မှာ လူသုံးရာကျော် ဝမ်းရောဂါဖြစ်ပွားနေ

ပလက်ဝခရိုင်မှာ လူသုံးရာကျော် ဝမ်းရောဂါဖြစ်ပွားနေ

ချင်းပြည် ၊ ပလက်ဝခရိုင်မှာ လူသုံးရာလောက် ဝမ်းရောဂါဖြစ်ပွားနေတယ်လို့ အဲ့ဒီဒေသကို ထိန်းချုပ်ထားတဲ့ အာရက္ခအစိုးရ ကျန်းမာရေးဌာန က ထုတ်ပြန်ပါတယ်။

အိန္ဒိယနိုင်ငံ လုံတလိုင်ခရိုင်ကို ကူးသန်းသွားလာနေတဲ့ ကုန်သည်တွေဟာ ပထမဆုံး ကူးစက်ခံလာရသူတွေဖြစ်ပြီး ၊ အဲ့ဒီကုန်သည်တွေကတဆင့် ရပ်ရွာလူထုကို ကူးစက်ခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

အဓိက ကူးစက်ခံရသူတွေဟာ ပလက်ဝခရိုင် ချင်းလက်ဝ ဒေသမှာ ဖြစ်နေပြီး လက်ရှိအခြေအနေထိ ရောဂါကူးစက်မှုတွေ ဆက်လက်ဖြစ်ပွားနေပါတယ်။

အာရက္ခပြည်သူ့ ကျန်းမာရေးဌာနက တော့ ဒီအခြေအနေကို ” ပြင်းထန် ဝမ်းပျက် ဝမ်းလား ကူးစက်ရောဂါ ” လို့ သတ်မှတ်ထုတ်ပြန်ထားပါတယ်။

ဒီကူးစက်မှုကို လတ်တလောမှာ ထိန်းချုပ်နေရဆဲဖြစ်ပြီး ကူးစက်မှုဟာ ၅ % အောက်လျော့ကျသွားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ဝမ်းရောဂါ ကူးစက်ခံနေရသူတွေကို ကျန်းမာရေးဌာနနဲ့ အရပ်ဘက်အဖွဲ့တွေက အရေးပေါ်ဆေးကုသပေးနေရပြီး ၊ ပြင်းထန်လူ နာ သုံးဆယ်အထိရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

လေးဝတီFM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *