Tag: laywaddy Fm
ပဲခူးတိုင်းအနောက်ဘက်အခြမ်း ကပစ (၆) အနီးက ပုဂံကွဲကျေးရွာခံစစ်ကို AA နဲ့ ပူးပေါင်းအဖွဲ့တွေ သိမ်းပိုက်
ပဲခူးတိုင်းအနောက်ဘက်အခြမ်း ပန်းတောင်းမြို့နယ်ထဲက စစ်ကောင်စီရဲ့ တပ်စခန်းအချို့ကို အာရက္ခတပ်တော်တဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ထိုးစစ်ဆင်နေပြီး တပ်စခန်းတွေကို သိမ်းပိုက်ရရှိနေတယ်လို့ သတင်းရရှိပါတယ်။ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်အတွင်းက ညောင်ကျိုးစခန်း ၊ ပုဂံကွဲစခန်းတွေကို ထိုးစစ်ဆင်နေပြီး ဖေဖော်ဝါရီ ၁၅ ရက်က အင်အား ၂၀၀ ကျော်ရှိတဲ့ ပုဂံကွဲစခန်းကို သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။…
စစ်တွေမြို့ မင်းလှကျေးရွာကို လက်နက်ကြီး အလုံး နှစ်ဆယ်ကျော်ကျ( နေအိမ်အများအပြားမီးလောင်)
ရခိုင်ပြည် စစ်တွေမြို့ ဇော်မဒက်ကျေးရွာမှာ တပ်စွဲထားတဲ့ လက်နက်ကြီး အထိုင်စခန်းရဲ့ ပစ်ခတ်မှုကြောင့် မင်းလှကျေးရွာဟာ ဖေဖော်ဝါရီ ၁၅ ရက်ည ကတည်းက မီးလောင်ကျွမ်းနေတယ်လို့ မြေပြင် သတင်းရ ရှိပါတယ်။ ဇော်မဒက်ကျေးရွာ အခြေစိုက် အမြှောက်တပ်စခန်းဟာ လက်နက်ကြီးနဲ့ အကြိမ် ၂၀ ကျော် ပစ်ခတ်ခဲ့ပြီး ကျေးရွာအတွင်းက…
ရေကြည်မြို့နယ်မှာ AA ထိုးစစ်ပြင်းထန်(ခလရ (၃၆) နဲ့ ခလရ (၃၈) က တပ်သားတွေ ကစဉ့်ကလျားတပ်ဆုတ်နေ)
ဧရာဝတီတိုင်း ရေကြည်မြို့အနယ် ထဲ က ရခိုင်ရိုးမတောင်ခြေ မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခလရ (၃၆) နဲ့ ခလရ (၃၈) က တပ်သားတွေဟာ တောစပ်တောင်စပ်တွေကနေ ကစဉ့်အလျားနဲ့ တပ်ဆုတ်လာတယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ ဖေဖော်ဝါရီ…
ကျိန္တလီ ကို ဂျက်ဖိုက်တာနဲ့ လာပစ် သားအမိနှစ်ဦိးသေဆုံး ၊ သုံးဦးဒဏ်ရာပြင်းထန်
ဒီကနေ့ ဖေဖော်ဝါရီ ၁၃ ရက် နေ့လည် ၁၂ နာရီ ဝန်းကျင်မှာ ရခိုင်ပြည်နယ် ဂွမြို့နယ် ကျိန္တလီကျေးရွာကို စစ်ကောင်စီ ဂျက်ဖိုက်တာနဲ့ လာရောက်ပစ်ခတ်ခဲ့ပြီး ဒေသခံ သားအမိနှစ်ဦး သေဆုံးခဲ့ပါတယ်။ ကျိန္တလီမြို့ နယ် အမှတ် (၁) ရပ်ကွက်နဲ့ အမှတ် (၃) ရပ်ကွက်ကို…
ဧရာဝတီ နဲ့ ရခိုင်ကြားမှာ စစ်ကောင်စီပြန်လည် စစ်ရေးလှုပ်ရှား လာ ၊ ဂွမြို့နယ်ကို လေကြောင်းတိုက်ခိုက်
ရခိုင်နဲ့ ဧရာဝတီ တိုင်းအကြားမှာ ရှိတဲ့ ကျေးရွာတွေကို စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေပြီး နယ်နိမိတ်ထိစစ်နေတဲ့ ဂွမြို့နယ် ထဲ က ကျေးရွာတွေကိုလည်းလေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်လာပါတယ်။ ဖေဖော်ဝါရီ ၁၂ ရက်က ဂွမြို့နယ် ကျိန္တလီမြို့နယ် ခွဲကို လေကြောင်းက တိုက်ခိုက်ခဲ့ပြီး အရပ်သားတစ်ဦးသေဆုံးခဲ့ပါတယ်။ ဒါအပြင် ဧရာဝတီတိုင်း ရေကြည်မြို့…
အာရက္ခ ပြည်သစ်တည်ဆောက်ခြင်း နှင့် စီးပွားရေးအခြေခံများ
အာရက္ခပြည်၏ စီးပွားရေးကို ပြန်လည်တည်ဆောက်ရာတွင် ပြည်တွင်းစားသုံးမှု ခိုင်လုံပြီး တိုင်းပြည် ၏ စီးပွားရေးကို တစ်ဆင့်ပြီးတစ်ဆင့် တိုးတက်အောင် လုပ်ဆောင်ရန်အတွက် ပထမမျိုးဆက်များသည် အခြေခံကျသော မူဝါဒများကို ချမှတ်ဆောင်ရွက်ရမည် ဖြစ်သည်။ အာရက္ခပြည်သည် အဓိကစီးပွားရေးအဖြစ် မည်သည်ကို အခြေပြုမည်နည်း။ တိုင်းပြည်၏ အဓိကဝင်ငွေကို မည်သည့်စီးပွားရေးမှ ရရှိမည်နည်း။ ဗမာအစိုးရအဆက်ဆက်သုံးနှုန်းခဲ့သော…
စစ်တွေ က စစ်ကောင်စီ စခန်းတွေ ဆက်လက် ထိုးစစ်ဆင်ခံနေရ တိုက်ပွဲအတွင်း ဒဏ်ရာ ရသူတွေကို စစ်တွေမြို့ စစ်ဆေးရုံ ကိုယူဆောင်
ရခိုင်ပြည် စစ်တွေမြို့ မှာ အာရက္ခတပ်တော်က စစ်ကောင်စီ ရဲ့ တပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင်နေပြီး ၊ ဒဏ်ရာရ စစ်ကောင်စီ တပ်သားတွေကို စစ်တွေ တပ်ဆေးရုံကို ပို့နေ ရတယ် လို့ မြေပြင် သတင်းရရှိပါတယ်။ စစ်တွေ မြို့ အမြင့်ကျွန်း ၊ ကျားမသောက်၊ ပါဒလိတ်…
ခြေလျင်တပ်မ ၉၉ တပ်မမှူး ကျော်ကျော်သက် နဲ့ အင်အား ၂၀ ကျော်ကို AA လက်ရဖမ်းဆီး
ရခိုင်ရိုးမတိုက်ပွဲ အတွင်းက ထွက်ပြေးနေတဲ့ တပ်မ ၉၉ တပ်မမှူး ကျော်ကျော်သက် နဲ့ အတူ အင်အား ၂၀ ကျော်ကို အာရက္ခတပ်တော် AA က လက်ရဖမ်းဆီးမိခဲ့တယ်လို့ သတင်းရရှိပါတယ်။ ရခိုင်ပြည် အမ်းမြို့နယ် အပိုင် ဂုတ်စီးရွာ မှာ ရှိတဲ့ စစ်ကောင်စီ စခန်းကို…
မောင်တောမြို့နယ်က နေရပ်ပြန် စစ်ရှောင်တစ်ဦး စစ်ကျန်လက်နက်ကြောင့်သေဆုံး
သိပ်မကြာသေးခင်ကမှ စစ်ရှောင်တွေကို ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုထားတဲ့ မောင်တောဒေသမှာ စစ်ကျန်လက်နက် တစ်ခုပေါက်ကွဲရာက အရပ်သားတစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ် လို့ သိရပါတယ်။ ရခိုင်ပြည် မောင်တောမြို့ ရွှေဇားဂုံးနားရွာသားတစ်ဉီး ဖြစ်တဲ့ ဖေရုစ်လ်ခါ ဟာ စစ်ကျန်ဗုံးသီး ကို ထိတွေ့ ကိုင်တွယ်ရာကနေ ပေါက်ကွဲသွားပြီးဖေဖော်ဝါရီ ၉ ရက်နေ့က ပွဲချင်းပြီးသေဆုံးခဲ့တယ်…
ရခိုင်ပြည်သိမ်း တိုက်ပွဲကြီး နဲ့ အကယ်ဒမီနေတိုး
နေတိုးနဲ့ ခြူးလေးတို့ဟာ အကယ်ဒမီရ ကြတယ် လို့ ဆိုနေကြပေမယ့် " အကယ်ဒမီ ပေးခြင်းခံရ" တယ် လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ရခိုင်တပြည်လုံးနီးပါး အသိမ်းခံနေရချိန် ၊ ရခိုင်ဆိုရင် ကန့်သတ်ဖမ်းဆီးရုံမက ၊ ရခိုင်တက်တူးကိုတောင် အရေပြားက လှီးထုတ်ခိုင်းပြီး ထောင်ချနေတဲ့ အချိန်မှာ ရခိုင်အမျိုးသား…