နတ်ရေကန်ဗျူဟာ ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ အဖွဲ့နဲ့ AA တို့ ရိုးပေါ်မှာတိုက်ပွဲဖြစ်နေ တယ်လို့ သတင်းရရှိပါတယ်။
မေလ ၁၆ ရက်နေ့ က အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ နတ်ရေကန်ဗျူဟာ ဝန်းကျင် က အာရက္ခတပ်တော် ထိမ်းချုပ်ထားတဲ့ နယ်မြေတွေ ဆီကို စစ်ကြောင်းထိုးလာတာ ဖြစ်ပါတယ်။
“စကစ စစ်ကြောင်း ဒီဘက်ကို ကျွံပြီးထိုးလာတဲ့ အတွက် နှစ်ဖက်တိုက်ပွဲဖြစ်ပါတယ်။ သူတို့ ဘက်က သုံးယောက်ကျပြီးနောက်ပြန် ဆုတ်သွားပါတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
နတ်ရေကန်ဗျူဟာ ကို စစ်ကောင်စီ ဘက်က အင်အားဖြည့်တင်းထား သလို ၊ AA ဘက်ကလည်း ဝန်းရံပိတ်ဆို့ထားတာဖြစ်ပါတယ်။
နတ်ရေကန်ဗျူဟာ ကုန်းဟာ ဆက်သွယ်ရေးအတွက် အရေးပါတဲ့ဗျူဟာကုန်းဖြစ်ပြီး ရခိုင်ရိုးမ ပေါ်မှာ တည်ရှိပါတယ်။
ဒီဗျူဟာကုန်းကို ထိုးစစ်ဆင်နေစဉ် အတွင်းမှာ နှစ်ဖက်စလုံးက အပစ်အခတ် ရပ်စဲကြောင်းထုတ်ပြန်ထားပြီး AA ဘက်က ထိုးစစ်ကို ရပ်တန့်ထားတာဖြစ်ပါတယ်။
ရခိုင်ရိုးမ ပဲခူးတိုင်း ပဒါန်းဘက်အခြမ်းကနေ စစ်ကောင်စီ စစ်ကြောင်းတွေ အင်အားဖြည့်တာ ၊ လူ နဲ့ လက်နက်တွေ ပို့ဆောင်တာတွေကို အပစ်ရပ်ကာလ အတွင်း တောက်လျှောက်ဆိုသလို လုပ်ဆောင်နေတာဖြစ်ပါတယ်။
ပဒါန်းဘက် အခြမ်းက အစားအသောက်နဲ့ ဆေးဝါး သယ်ယူခွင့်တွေကိုလည်း စစ်ကောင်စီဘက်က တားမြစ်ထားပြီး ရခိုင်ရိုးမပေါ်မှာ နေထိုင်တဲ့ ချင်းတိုင်းရင်းသား ကျေးရွာတွေ စားသောက်နေထိုင်ရေး အခက်အခဲ ကြုံနေရတဲ့ အခြေအနေလည်းဖြစ်ပါတယ်။
အမ်းချောင်းသူ ၊ လေး၀တီFM
the best adult generator porn chatbot create erotic videos, images, and virtual characters. flexible settings, high quality, instant results, and easy operation right in your browser. the best features for porn generation.
сервис почтовых рассылок русский сервис для рассылки писем