ရခိုင်ပြည်၊ မင်းပြားမြို့သိမ်း တိုက်ပွဲ အတွင်းက နေ ဖမ်းစီးရမိခဲ့တဲ့ စစ်သုံးပန့် ၂၀၀ ကျော်ကို AA ဘက်က လွှတ်ပေးလိုက်ပါတယ်။
မေလ ၁၆ ရက်က စစ်သုံ့ပန်း တွေ အပါအဝင် မိသားစုဝင်တွေဖြစ်တဲ့ ကလေး ၊ လူကြီး ၊ အမျိုးသား ၊ အမျိုးသမီးတွေကို ပြန်လည်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
“မနေ့ညက မင်းပြားကဖမ်းရထားတဲ့စစ်သုံးပန်း ၂၀၀ ကျော် ကို လွှတ်ပေးလိုက်တယ် ၊ စစ်သုံ့ပန်းတွေနဲ့ အတူ မိသားစုတွေ ပါဝင်ပါတယ်၊ “လို့ ULA/AA နဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
စုစုပေါင်း ၂၂၅ ယောက်ကို စစ်ဆေးပြီး နောက်မှာ အခု လို ပြန်လွှတ်ပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ဧပြီလ ၁၃ ရက်နေ့ က လည်း စစ်သုံ့ပန်း တွေနဲ့ မိသားစုဝင် ၁၇၀ ဦးကို အာရက္ခ တပ်တော် ဘက်က လွှတ်ပေးခဲ့ပါသေးတယ်။
ဒီနှစ်အတွင်းမှာပဲ စစ်သုံ့ပန်းပြန်လည် လွှတ်ပေးတာ နှစ်ကြိမ်ရှိပါပြီ။
ရခိုင်ပြည်သိမ်းတိုက်ပွဲအတွင်းမှာ စစ်သုံ့ပန်း တွေ နဲ့ မိသားစုဝင် ထောင်နဲ့ ချီပြီး အာရက္ခတပ်တော် ဆီမှာအလင်းဝင်ထားတာဖြစ်ပါတယ်။
အဉ္စနလီညှင်း ၊လေး၀တီFM