အမ်းမြို့ ကို ဉီးတည်ပြီး စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအဖွဲ့ဟာ အမ်း-ပဒါန်းလမ်းပိုင်း ရိုးမပေါ်က ချင်းတိုင်းရင်းသားကျေးရွာ သုံးရွာကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သတင်းရရှိပါတယ်။
တပ်မ (၈၈) က တပ်သား၁၀၀ ဝန်းကျင်ပါတဲ့ စစ်ကြောင်းဟာ ဒီကနေ့မနက် အစောပိုင်းက အမ်း-ပဒါန်းလမ်းပိုင်းပေါ်က ဘုံးဘောကျေးရွာ၊ ဂုတ်ကြီးကျေးရွာ နဲ့ သဘောက်ကျေးရွာ တို့ကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခဲ့ တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
“ရွာတွေက လမ်းပန်းဆက်သွယ်ရေးခက်တဲ့ ရိုးမထဲက ရွာတွေ ပါ၊ အများအားဖြင့် တောင်ယာလုပ်တဲ့ ချင်းလူမျိုးတွေ နေကြပါတယ်၊ ဘုံးဘောရွာကိုဆို နှစ်ခါပြန်ရှို့ပါတယ်” လို့ လေးဝတီFM ကို ပြောပါတယ်။
မီးရှို့ဖျက်ဆီးခံရတဲ့ ကျေးရွာတွေဖြစ်တဲ့ ဘုံးဘောကျေးရွာ အိမ်ခြေ ၁၀၀ ၊ သဘောက်ကျေးရွာ အိမ်ခြေ ၂၀ နဲ့ ဂုတ်ကြီးကျေးရွာ အိမ်ခြေ ၈၀ ဝန်းကျင်ရှိပြီး အဲ့ဒီရွာက ရွာသူ ရွာသားတွေ ဟာ တောတောင်တွေထဲကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ပြောပါတယ်။
“အခုအထိ အဲ့ဒီရွာတွေ အနီး အနားမှာ စခန်းချလို့ ရှိပါသေးတယ်။ လေယာဉ်လဲ ဂုတ်ကြီးရွာနား ကို တနေကုန်ဝဲပါတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အမ်း-ပဒါန်းလမ်းပိုင်းပေါ် ရိုးမတောထဲမှာ တောတွင်းတိုက်ပွဲ သုံးနေရာလောက် ဖြစ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ငဖဲမြို့နယ်ဘက်အခြမ်းမှာ PRA(မကွေး) နဲ့ AA ပူးပေါင်းအဖွဲ့တို့နဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေဖြစ်နေပြီး ၊ အမ်းရိုးမ ပေါ်မှာတော့ AA နဲ့ စစ်ကောင်စီတို ထိတွေ့တိုက်ပွဲတွေ နှစ်နေရာလောက် ဖြစ်နေတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဘက်ဟာ ရခိုင်ပြည် အမ်းမြို့က (နပခ) မကျရေးအတွက် စစ်ကူစစ်ကြောင်းတွေကို ပို့လွှတ်နေပြီး အဲ့ဒီတပ်ဖွဲ့တွေဟာ လမ်းပိုင်းပေါ်မှာ အခုလို တိုက်ပွဲတွေ ဖြစ်နေကြတာဖြစ်ပါတယ်။
အမ်းချောင်းသူ (လေးဝတီ FM)ရေးသည်။
A convenient car catalog http://www.auto.ae/catalog/ brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.
Discover the thrill of real-money live casino action at European vs American roulette odds Maxispin, where you can enjoy live dealers, top software providers, and exclusive promotions.
Community engagement drives many of the platform’s new features and optimizations.
Вы можете выбрать игры различных жанров и форматов.
Casino Pinco
Регистрация занимает всего несколько минут.