Laywaddy FM

အမ်းကို စစ်ကူတက်သွားတဲ့ အဖွဲ့က တပ်သား ၁၆၀ ကျော် အလံဖြူထောင်(အဓမ္မစစ်သားစုဆောင်းခံထားရသူများဖြစ်နေ)

အမ်းကို စစ်ကူတက်သွားတဲ့ အဖွဲ့က တပ်သား ၁၆၀ ကျော် အလံဖြူထောင်(အဓမ္မစစ်သားစုဆောင်းခံထားရသူများဖြစ်နေ)

စစ်ကောင်စီဟာ အတင်းအဓမ္မစစ်သားစုဆောင်းခံထားရသူတွေကို ရခိုင်စစ်မျက်နှာပြင်ကို ပို့လွှတ်နေပြီး အဲ့ဒီအထဲက အချို့ဟာ အာရက္ခတပ်တော် AA ဆီကို

နိုဝင်ဘာ ၂၃ ရက်က အလံဖြူထောင်ပြီး လက်နက်ချအလင်းဝင် ခဲ့တယ်လို့ လေးဝတီ FM က သတင်းရရှိပါတယ်။

အမ်း-နပခ ဌာနချုပ်ကို စစ်ကူလာတဲ့ စစ်ကြောင်းဟာ အမ်းမြို့အနီးက လပေါ် ရိုး ဆိုတဲ့နေရာမှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီး နောက် အဲ့ဒီနေ့မှာပဲ တပ်သား ၁၆၀ ကျော် အလံဖြူထောင်လက်နက်ချခဲ့တယ် လို့ ပြောပါတယ်။

“သူတို့ က စစ်မတိုက်ချင်ဘဲ လိုက်လာရတဲ့ လူငယ်လေးတွေ ၊အဓမ္မစစ်သားစုဆောင်းခံရတဲ့ သူ‌တွေလို့ပြောတယ်။ သူတို့ကို ဉီးဆောင်အဖွဲ့နဲ့ ကစဉ့်ကလျားဖြစ်ပြီးတဲ့နောက်မှာ အလံဖြူထောင်ပြီးလက်နက်ချလိုက်တယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းမှာ ပါတဲ့ စစ်ကောင်စီပို့လိုက်တဲ့ တပ်သားတွေဟာ စစ်မှုထမ်း ဉပဒေနဲ့ အဓမ္မစစ်သားစုဆောင်းခံရပြီး ၄၅ ရက် စစ်သင်တန်း တက်ခဲ့ရသူတွေ ဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

နိုဝင်ဘာ ၂၃ ရက်မနက်ပိုင်းမှာ အမ်းရိုးပေါ်က ဆင်းလာတဲ့ စစ်ကား ၂၂ စီးပါတဲ့ စစ်ကြောင်းကို အမ်းမြို့ အနီး မှာ အာရက္ခတပ်တော်က မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကားနှစ်စီးမီးလောင်ပျက်စီး ကာ အဲ့ဒီအနီးမှာတိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

“အခုထိ အမ်းရိုးမ အဆင်းဘက်မှာ လက်ကျန်အဖွဲ့တွေကို AA ပိတ်ဆို့ပြီး တိုက်ပွဲတွေ ဖြစ်နေတုန်း ၊ ” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

အဲ့ဒီစစ်ကြောင်းတွေ ကို အမ်း-ပဒါန်းလမ်းပိုင်းပေါ်မှာ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု (PRA – Magway) တပ်ဖွဲ့က နိုဝင်ဘာ ၂၀ ရက်က တစ်ကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ ၉ ဉီးသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါအပြင် နိုဝင်ဘာ ၂၂ ရက် က အမ်း-ပဒါန်းလမ်းပိုင်းပေါ်မှာ အင်အား ၅၀၀ ကျော်ပါတဲ့ ခြေလျင်စစ်ကြောင်းကို AA ကြားဖြတ်ဟန့်တား တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ အင်အား ၆၀ ကျော်သေဆုံးခဲ့တယ်လို့ လေးဝတီ FM က သတင်းရရှိထားပါတယ်။

လူအင်အားအပြည့်နဲ့ အမ်းရိုးမပေါ်ကို ဆက်တက်သွားတဲ့ အမြန်စစ်ကြောင်းဟာ အမ်းမြို့ အနီးလပေါ်ရိုး တောင်တန်းပေါ်မှာ အခု လို ထပ်မံ ကြားဖြတ်တိုက်ခိုက်ခံရပြီး အလံဖြူထောင် လက်နက်ချခဲ့ကြတာဖြစ်ပါတယ်။

အမ်းမြို့ နပခဌာနချုပ်က တပ်ရင်းတပ်မ ၁၁ ခုကို AA သိမ်းပိုက်ထားပြီးဖြစ်ပါတယ်။

အဉ္စနလီညှင်း (လေးဝတီ FM)ရေးသည်။

Kay Zue

Related Posts

58 thoughts on “အမ်းကို စစ်ကူတက်သွားတဲ့ အဖွဲ့က တပ်သား ၁၆၀ ကျော် အလံဖြူထောင်(အဓမ္မစစ်သားစုဆောင်းခံထားရသူများဖြစ်နေ)

  1. I always look forward to finding content this good because it genuinely makes a difference to how I think about and approach the subject, a truly valuable addition to the topic.

Leave a Reply

Your email address will not be published. Required fields are marked *