လူဇော်
အာရက္ခတပ်တော် AA တိုက်ခိုက်လာမှာကို စိုးရိမ်တဲ့အတွက် စစ်တွေမြို့မှာ စစ်ကောင်စီ ရေတပ်စခန်းအနီး တဝိုက်မှာ သံဆူးကြိုးခေါ်ချိန်းဘလိတ်တွေ ကာရံနေတယ်လို့ မြို့ခံတွေကပြောပါတယ်။
စစ်တွေမြို့ ပင်လယ်ဘက် အခြမ်းမှာရှိတဲ့ ရေတပ်စခန်း ကနေ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေပြီး အဲ့ဒီရေတပ်မကျ ဆုံးရေးအတွက် ပွိုင့်ကမ်းခြေ နဲ့ စစ်တွေမြို့ ပင်လယ်ထွက်ပေါက်တွေကို သံဆူးကြိုးတွေနဲ့ ကာရံနေတယ်လို့ပြောပါတယ်။
အာရက္ခတပ်တော် AA ဟာ ရခိုင်ပြည်မှာ ထိုးစစ်အရှိန်မြှင့်နေပြီးတော့ မောင်တောမြို့ကို အပြီးသတ်သိမ်းပိုက်ဖို့ပြင်ဆင်နေပါတယ်။ မောင်တောကျသွားရင် ရခိုင်မြောက်ပိုင်းမှာ စစ်တွေတစ်မြို့သာ ကျန်တော့တဲ့အတွက် စစ်ကောင်စီက အခုလို လုပ်ဆောင်တာဖြစ်နိုင်တယ်လို့မြို့ခံတစ်ဦးကပြောပါတယ်။
“ကြောက်လို့ပေါ့၊ AA ကပင်လယ်ဘက်က ဝင်လာရင် အလွယ် တကူမဝင်နိုင်အောင် ကာတဲ့သဘောပဲ“လို့ပြောပါတယ်။
အခုကာရံနေတဲ့ ချိန်းဘလိတ်တွေကို စစ်တွေမြို့၊ ပွိုင့်ကမ်းခြေ ရှုခင်းသာလမ်း၊ အာရီယံစားသောက်ဆိုက်နဲ့ကပ်လျက် သက်ကြီးနားနေဆောင် အနီးကစတင်ကာ တိုင်တွေစိုက်ပြီး ကာရံနေတာဖြစ်ပါတယ်။
ဒါ့အပြင် စစ်တွေမြို့နယ်က ကျေးရွာတွေဖြစ်တဲ့ ရေချမ်းပြင်၊ အောင်ဒိုင် စတဲ့ကျေးရွာတွေ မှာလည်း အခုလိုအကာအရံတွေကို လုပ်ဆောင်နေပြီးတော့ စစ်တွေမြို့ပေါ် AA ထိုးစစ်ဆင်လာရင် အလွယ်တကူမဝင်နိုင်အောင် ခံတပ်ကို အခိုင်အမာတည်ဆောက်နေတာ ဖြစ်တယ်လို့လည်း မြို့ခံတွေပြောဆိုကြပါတယ်။
“စစ်တွေကို တပ်တော်က ထိုးစစ်ဆင်ရင် မြစ်ပြင်ကိုဖြတ်လာရမယ်၊ ဆိုတော့ သူတို့တပ်စခန်းတွေရှိတဲ့ နေရာအနီးအနားတွေကို အကာအရံလုပ်မယ်၊ မိုင်းတွေထောင်ထားမယ်၊ ဒါက သူတို့ရဲ့လုပ်နည်းပါပဲ“လိုလည်း မြို့ခံတစ်ဦးကပြောပါတယ်။
အာရက္ခတပ်တော် AA ကတော့ မြို့နယ် ၁၀ ကျော်သိမ်းပိုက်ထားပြီး လက်ကျန်မြို့တွေကိုလည်း ဆက်လက်ထိုးစစ် ဆင်သိမ်းပိုက်သွားမယ်လို့ အတိအလင်းပြောဆိုထားပါတယ်။
စစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ ဒေသခံတွေကို နည်းမျိုးစုံနဲ့ ဖမ်းဆီးနှိပ်စက်နေပြီးတော့ စစ်တွေမြို့ပေါ်မှာလည်း လူတွေကို လိုက်လံဖမ်းဆီးတာတွေ မကြာခဏလုပ်ဆောင်နေပါတယ်။
စစ်တွေမြို့ဟာ ပြည်နယ်အစိုးရ အဖွဲ့ရုံးစိုက်ရာမြို့ဖြစ်ပြီး ဌာနဆိုင်ရာတွေ ကတော့ လွန်ခဲ့တဲ့ နှစ်လလောက်ကပဲ မြို့တွင်းက ထွက်ခွာသွားကြပြီလည်းဖြစ်ပါတယ်။
လတ်တလောမှာ စစ်တွေမြို့မှာ စစ်ကောင်စီမြို့စောင့်တပ်တွေ နဲ့ မြို့တွင်းမှာ နေထိုင်သူ အချို့သာ စစ်တွေမှာ ကျန်ခဲ့တယ်လို့ သိရပါတယ်။
Услуги по настройке https://sysadmin.guru и администрированию серверов и компьютеров. Установка систем, настройка сетей, обслуживание серверной инфраструктуры, защита данных и техническая поддержка. Помогаем обеспечить стабильную работу IT-систем.
A website with unblocked games for free online play. Popular browser games, arcades, platformers, racing games, and puzzles are available with no downloads or restrictions on any device.
Любишь азарт? https://school57.ru предлагает разнообразные игровые автоматы, настольные игры и интересные бонусные программы. Платформа создана для комфортной игры и предлагает широкий выбор развлечений.