လေးဝတီFM (၂၈ ၊ ဩဂုတ် ၊ ၂၀၂၄ )
ရခိုင်ပြည်နယ် သံတွဲမြို့ ကွင်းဝိုင်းကျေးရွာမှာ အခြေစိုက်ထားတဲ့ ရေတပ် စခန်း ကို အာရက္ခတပ်တော် က ပြင်းပြင်းထန်ထန်ထိုးစစ်ဆင်နေပြီး အဲ့ဒီရေတပ်က အရာရှိတွေ စခန်းကို စွန့်ခွာသွားကြပြီလို့ ဒေသ ခံ သတင်းရင်းမြစ်ကပြောပါတယ်။
စစ်ကောင်စီ ရေတပ်ကို အာရက္ခတပ်တော် AA က ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ရေတပ်ဌာနချုပ် အနီး ပေါက်ကွဲခဲ့လို့ အရာရှိအပါအဝင် ၅ ဉီးထက်မနည်းသေဆုံးခဲ့ပြီးတဲ့နောက်မှာ အဲ့ဒီတပ်က စစ်ကောင်စီတပ်သားတွေ ဟာ ကစဉ့်ကလျားထွက်ပြေးနေကြတယ်လို့လည်း ဆိုပါတယ်။
“အလံဖြူထောင်ခဲ့ပြီးထွက်ပြေးတယ်တဲ့ ၊ တော်တော်များများ က တောင်ပေါ်တက်ပြေးသွားကြတယ်၊ အဲ့ ကောင်တွေကို နောက်က လိုက်ဖမ်းနေကြတယ် တောထဲမှာ ပစ်သံခတ်သံတွေ ကြားရတယ် ၊ ရွာသူရွာသားတွေက လယ်တွေ ကိုင်းတွေထဲ မသွားရဲကြ” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
အတည်မပြုနိုင်တဲ့ သတင်းရင်းမြစ်တွေ အရ မော်ရုံကျေးရွာကို စစ်ကောင်စီလေကြောင်းက တိုက်ခိုက်မှုကြောင့် အရပ်သား ၃၀ ထက်မနည်းသေဆုံးခဲ့တယ်လို့ လေးဝတီFM က စုံစမ်းသိရှိရပါတယ်။
“တအားပြင်းပြင်းထန်ထန်ဖြစ်တာ တစ်ပတ်လောက်ရှိပြီး နေ့ရောညရော ဖြစ်နေတာ လေယာဉ်လည်း ခဏခဏ လာတယ်၊ ချသွားတယ်၊ ဒီဘက်ကမ်းက အတိုင်းသားမြင်ရတယ်၊ လူ တွေ ကောင်းသေတယ် ” လို့ ဒေသခံတစ်ဉီး ပြောပါတယ်။
စစ်ကောင်စီဟာ ရေတပ်စခန်းမကျရေးအတွက် လေကြောင်းက ပစ်ကူပေးတဲ့နေရာမှာ အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာတွေကို ပစ်မှတ်ထားတိုက်ခိုက် နေတာလည်းဖြစ်ပါတယ်။
ငပလီကမ်းခြေ က နောက်ဆုံးခုခံနေတဲ့ ဂျိတ္တောကျေးရွာက စစ်ကောင်စီတပ်တွေလည်း အဲ့ဒီနေရာကို စွန့်ခွာထွက်ပြေးသွားပြီဖြစ်တဲ့အတွက် ငပလီကမ်းခြေ တကြောမှာ ရှိတဲ့ မြပြင် ၊ လင်းသာ ၊ ဂျိတ္တော ၊ ဇီးဖြူကုန်း ၊ မဇင် ၊ ဂေါ့ စတဲ့ ကမ်းမြှောင်တစ်ခုလုံး နဲ့ ဟိုတယ် ဇုံတစ်ခု လုံးကို AA က ထိမ်းချုပ်နိုင်ထားပြီ ဖြစ်ပါတယ်။
ဓာတ်ပုံ – ပုံဟောင်း (မောရဝတီ စခန်းကို AA သိမ်းပိုက်ခဲ့စဉ်)
A convenient car catalog auto ae catalog brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.
yacht rental Montenegro rent a yacht in Montenegro
вічність фільм проект аве марія” дивитись онлайн
сколько стоит стоматология сайт стоматологии батуми
References:
Paddy power slots https://sahilodxf904431.thechapblog.com/40371437/casino-of-gold-dein-ultimativer-guide