Laywaddy FM

မောင်တောမြို့က ‌‌ဈေးသွား ဈေးလာ အရပ်သားတွေကို ARSA အဖွဲ့ တိုက်ခိုက်ခဲ့ကြောင်း AA ထုတ်ပြန်

မောင်တောမြို့က ‌‌ဈေးသွား ဈေးလာ အရပ်သားတွေကို ARSA အဖွဲ့ တိုက်ခိုက်ခဲ့ကြောင်း AA ထုတ်ပြန်

ရခိုင်ပြည်မောင်တောမြို့နယ်မှာ စားသောက်ကုန်တွေ ဝယ်ပြီး ပြန်လာတဲ့ အရပ်သားတွေကို ARSA အဖွဲ့က တိုက်ခိုက်ခဲ့ပြီး ဒေသခံ တစ်ဉီးသေဆုံးခဲ့တယ် လို့ အာရက္ခတပ်တော်် AA ဘက်က ဒီကနေ့ ထုတ်ပြန်ပါတယ်။

မောင်တောမြို့ တောင်ပြိုမြို့နယ်က အခြေခံစားသောက်ကုန် ပစ္စည်းတွေ ဝယ် ပြီးပြန်လာတဲ့ လူ (၆) ဉီးပါ တေဘာကားတစ်စီးကို ARSA အဖွဲ့က တိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသမီးတစ်ဦးသေဆုံးခဲ့သလို ကားတစ်စီးလုံးမှာပါတဲ့ လူတွေ ထိခိုက်ဒဏ်ရာ ရ ခဲ့တယ် လို့ ထုတ်ပြန်ထားပါတယ်။

အဲ့ဒီတိုက်ခိုက်မှုမှာ မောင်တောမြို့ အောင်မဂ်လာ ကျေးရွာက အသက် (၃၈) နှစ်အရွယ် ဒေါ်ဆန်းဆန်းဦး ‌အမည်ရှိ အမျိုးသမီးတစ်ဉီးသေဆုံးခဲ့ပြီး

ကားပေါ်မှာ ပါတဲ့ တခြားသူတွေကတော့ ထိခိုက်ဒဏ်ရာ ရှိခဲ့ကြတယ် လို့ ဆိုပါတယ်။

အာရကန် ရိုဟင်ဂျာ သွေးစည်းညီညွတ်ရေး အဖွဲ့ ARSA ဟာ ဘူးသီးတောင် မြို့ တွင်းက နေအိမ်အချို့ ကို မီးရှို့ ဖျက်ဆီုး ခဲ့တယ် လို့ ဒေသခံတွေ ရဲ့ ပြောကြားချက်တွေ ရှိ နေပါတယ်။

ဒါအပြင် ရိုဟင်ဂျာအရေးတက်ကြွ လှုပ်ရှားသူတွေကလည်း စစ်ကောင်စီကို ကူညီနေတဲ့ ဒီအဖွဲ့ကို အကြမ်းဖက် သမားတွေ အဖြစ် ထုတ်ပြန်ပြောဆိုထားပါတယ်။

Kay Zue

Related Posts

5 thoughts on “မောင်တောမြို့က ‌‌ဈေးသွား ဈေးလာ အရပ်သားတွေကို ARSA အဖွဲ့ တိုက်ခိုက်ခဲ့ကြောင်း AA ထုတ်ပြန်

Leave a Reply

Your email address will not be published. Required fields are marked *