Laywaddy FM

ဂျိုင်ကောက်ရွာကို စစ်ကောင်စီဗုံးကြဲ အသက်မပြည့်သေးတဲ့မိန်းကလေး ၂ ဦးအပါ ၇ ဦးသေဆုံး(ဆပ်သွားတံတား မှိုင်းခွဲဖျက်ဆီးခံရ )

ဂျိုင်ကောက်ရွာကို စစ်ကောင်စီဗုံးကြဲ အသက်မပြည့်သေးတဲ့မိန်းကလေး ၂ ဦးအပါ  ၇ ဦးသေဆုံး(ဆပ်သွားတံတား မှိုင်းခွဲဖျက်ဆီးခံရ )

ရခိုင်ပြည် ဂွမြို့နယ် ဆပ်သွားတိုက်နယ် အတွင်းက ဂျိုင်ကောက်ကျေးရွာကို စစ်ကောင်စီ လေကြောင်းက ဗုံးကြဲခဲ့လို့ အသက် မပြည့်သေးတဲ့ မိန်းကလေး နှစ်ဦးအပါအဝင် အရပ်သား ၇ ဦးသေဆုံးခဲ့တယ်လို့ ကနဦး သတင်းရရှိပါတယ်။

လေကြောင်းဗုံးကြဲမှုကြောင့် သေဆုံး သွားတဲ့ သူတွေကတော့ ဂျိုင်ကောက်ကျေးရွာက ဉီးမိုးညို (၅၀)နှစ်၊ဉီးဘန်ဒို (၅၂) ၊မသဲသဲ (၉)နှစ်၊မယွန်းနဒီ (၁၄)နှစ်၊ ဒေါ်ခင်သက်မူ(၆၂)နှစ်၊မောင်ရေချမ်း(၂၇)နှစ်နှင့်ဉီးဆန်းလိူင် (၆၅)နှစ်တို့ဖြစ်ကြပြီး နောက်ထပ် ဒေသခံ ၈ ဉီးဟာလည်း အပြင်းအထန် ဒဏ်ရာ ရရှိခဲ့တယ် လို့ လေးဝတီ FM ကို အတည်ပြုထားပါတယ်။

“အဲဒီနေ့က နိုဝင်ဘာ ၁၃ ရက်နေ့မနက်ထမင်းစားချိန် ၁၀ နာရီကျော်မှာ စစ်ကောင်စီဂျက်ဖိုက်တာနဲ့ လာကြဲသွားတာပါ ၊ ” လို့ ဒေသခံက ပြောပါတယ်။

အဲ့ဒီလို လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ဒဏ်ရာ ရရှိသူတွေကို ဆေးဝါးကုသဖို့အရေးပေါ်လိုအပ်နေပြီး ဆေးကုသရင်း သေဆုံးသူတွေလည်းရှိတယ် လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

ဒါအပြင် ဒီကနေ့ နိုဝင်ဘာ ၁၅ ရက် မနက်ပိုင်းမှာ ဂျိုင်ကောက် နဲ့ ဆပ်သွား ကိုဆက်သွယ်ထားတဲ့ တံတားကို မှိုင်းခွဲဖျက်ဆီးခဲ့ပြီး ‌စစ်ကောင်စီတပ်ဖွဲ့တွေဟာ ‌တပ်ဆုတ်သွားခဲ့တယ်လို့ သတင်းရရှိပါတယ် ။

ဂျိုင်ကောက်ကျေးရွာ ရှိ စစ်ကောင်စီစခန်းတွေကို အာရက္ခတပ်တော်က နိုဝင်ဘာ ၁၄ ရက် ညပိုင်းမှာ သိမ်းပိုက်ခဲ့တဲ့ အတွက် စစ်ကောင်တပ်တွေ ဟာ တပ်ဆုတ်သွားချိန်မှာ အသင့်ထောင်ထားတဲ့မှိုင်းတွေ နဲ့ ဖျက်ဆီးခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီတံတားထိပ်မှာတိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်တယ်။ ပြီးတော့စကစဖက်မှအကျအရှုံးများတယ်။စစ်ကြောင်းမှူးအလောင်းတောင်တံတားထိပ်မှာကျန်နေခဲ့တယ်။ ဒဏ်ရာ ရတဲ့ ကောင်တွေ နဲ့ဆပ်သွားကို အပြင်းရောက်အောင်သွားကြတယ် ဆပ်သွားဖက်ကမ်းလည်းတိုက်ပွဲကဖြစ်နေတယ်။အဲဒီကြားကပြေးယင်းဖောက်ခွဲခဲ့တာ “လို့ မြေပြင် စစ်ရေး သတင်းရင်းမြစ်က လေးဝတီ FM ကို ပြောပါတယ်။

စစ်ကောင်စီ ဟာ ရခိုင်ပြည် တိုက်ပွဲတိုင်းမှာ အရှုံးနဲ့ ထွက်ပြေးနောက်ဆုတ်နေရပြီး တံတား၊ အဆောက်အဉီး၊ ဘုရားပုထိုး၊ စေတီ၊ စာသင်ကျောင်း၊ဘုန်းကြီးကျောင်းတို့ကို လေကြောင်း က ပစ်ခတ်တာတွေ ၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ပြီးတော့ အသင့်ထောင်ထားတဲ့ မှိုင်းတွေ နဲ့ ဖောက်ခွဲဖျက်ဆီးတာတွေကို ဆက်တိုက် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီဟာ ရခိုင်ပြည်တိုက်ပွဲတွေ အတွင်းမှာ အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး ဒေသတွင်းက အရပ်သားစစ်ရှောင်တွေ နေထိုင်နိုင်တဲ့ ဘုန်းကြီးကျောင်း ၊စာသင်ကျောင်းတွေကိုလည်း ပစ်မှတ်ထားတိုက်ခိုက်နေတာဖြစ်ပါတယ်။

စစ်ကောင်စီ ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်ပြည်မှာ တစ်နှစ်အတွင်း အရပ်သား ရာနဲ့ချီပြီး သေဆုံးခဲ့ရ ပြီး ဒေသတွင်း ဆက်သွယ် သွားလာရတဲ့ တံတားအစင်းပေါင်း ၃၀ နီးပါး ပျက်စီးခဲ့ပါတယ်။

အဉ္စနလီညှင်း(လေးဝတီ FM)ရေးသည်။

Kay Zue

Related Posts

14 thoughts on “ဂျိုင်ကောက်ရွာကို စစ်ကောင်စီဗုံးကြဲ အသက်မပြည့်သေးတဲ့မိန်းကလေး ၂ ဦးအပါ ၇ ဦးသေဆုံး(ဆပ်သွားတံတား မှိုင်းခွဲဖျက်ဆီးခံရ )

  1. Здесь доступны как классические игровые автоматы, так и современные видеослоты.
    Пинко Казино
    Выбирая 7v4.casino, вы получаете надежный доступ к миру онлайн-казино.

  2. Je compare souvent brutal casino en regardant surtout la structure generale du site et la simplicite de navigation. J’aime quand les sections principales sont faciles a comprendre des la premiere lecture. Je fais aussi attention a la fluidite sur mobile. Une presentation claire rend l’ensemble beaucoup plus agreable.

Leave a Reply

Your email address will not be published. Required fields are marked *