ရခိုင်ပြည် ၊ ကျောက်ဖြူမြို့နဲ့ တစ်ဖက်ကမ်းက ကျွန်းရွာတွေမှာ နေထိုင်တဲ့ ဒေသခံတွေဟာ စစ်ပွဲ မဖြစ်ပေမယ့် အစားအသောက်နဲ့ ဆေးဝါး ၊ ရိက္ခာတွေ ဖြတ်တောက်ခံထားရလို့ဒေသတွင်းမှာ အခက်အခဲမျိုးစုံကြုံတွေ့နေရပြီး အငတ်ဘေးဆိုက်တဲ့ အထိဖြစ်လာတယ်လို့ ဒေသခံ တွေဆီက သတင်းရရှိပါတယ်။
ဒါအပြင် ကျောက်ဖြူမြို့ နဲ့ တစ်ဖက်ကမ်း က ကျွန်းရွာ ၅၀ ကျော်က ကလေးတွေဟာကျောင်းသုံးစာအုပ်နဲ့ စာရေးကိရိယာတွေ ဝယ်ယူ သယ်ဆောင်ခွင့်မရှိတာကြောင့် ကျောင်းစာမသင်ကြားနိုင်ဖြစ်နေတယ်လို့ ဆိုပါတယ်။
“မြို့ပေါ်ကိုတက်ဖို့ ရေတပ်ဂိတ်တွေကိုဖြတ်ရတဲ့အခါအစားအသောက် ၊ ဆေး နဲ့ ကျောင်းသုံးစာအုပ်တွေ အကုန်သိမ်းတယ်၊ သယ်လို့မရဘူး။ ဒီရွာစဉ်တစ်လျှောက်က ရွာ ၅၀ လောက်က ကျောက်ဖြူဈေးက ပဲ လိုတာဝယ်နေရတာ အခုဘာမှ သယ်ခွင့်မပေးတော့ ဒုက္ခအကြီးအကျယ်ရောက်နေတယ်” လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။
တရုတ်ရင်းနှီးမြုပ်နံမှုတွေနဲ့ နာမည်ကြီးတဲ့ ကျောက်ဖြူမြို့နယ်က ကျေးရွာအုပ်စုတွေဟာ ကျွန်းရွာတွေ ဖြစ်ပြီး ရေလမ်းကြောင်းကို အဓိက အသုံးပြုတဲ့ ကျေးရွာတွေလည်းဖြစ်ပါတယ်။
ကျောက်ဖြူမြို့နယ် ဇင်ကျွန်း ၊ မဇင်ရိုင်းကျွန်း ၊ မြို့ချောင်းကျွန်း စတဲ့ ကျွန်တွေပေါ်မှာ ကျေးရွာပေါင်း ၅၀ ကျော်ရှိပြီးတယ် လို့ ဆိုပါတယ်။
အဲ့ဒီကျေးရွာတွေ အနက်က ရွှေညို ၊ လင်းပင် ခေါ် လှံပျောက် ၊ ကပိုင်ချောင်း ၊ မျှင်ချောင်း ၊ ဇင်ကျွန်း၊ သဲချောင်း ၊ ပြင်ဝင်း၊ လောင်းခုတ်တောင် စတဲ့ ကျေးရွာတွေ လောက်ပဲ မြို့ကိုသွားခွင့်ရှိပြီး ကျန်ကျေးရွာတွေဟာ ဒေသတွင်းမှာ ပိတ်မိနေကြတယ်လို့ပြောပါတယ်။
“မြို့တက်လို့ရတဲ့ လှေတွေလည်း ဘာမှ သယ်လို့မရဘူး ဂိတ်နှစ်ဂိတ်က အကုန်သိမ်းတယ်” လို့ ဒေသခံက ပြောပါတယ်။
မဇင်ရိုင်းကျွန်း ၊ မြို့ချောင်းကျွန်း တို့က လာရင် မြို့မရောက်ခင် ရေမိုင် (မိုင်) အကွာမှာရှိတဲ့ ဓညဝတီ ရေတပ်ဌာနချုပ်လက်အောက်က ပေါက်နက်ကြီးပေါက် (သစ်ပုတ်တောင် ရေတပ်စခန်း ) နဲ့ အုန်းကျိန် (ရေတပ်စခန်း ) ကို ဖြတ်ရပြီး အဲ့ဒီရေတပ် စခန်းတွေမှာ အင်အားအများအပြားချထားတယ်လို့ ဆိုပါတယ်။
ကျောက်ဖြူ မြို့နယ် ၊ ရမ်းဗြဲ ၊ မာန်အောင် မြို့နယ်တွေဟာ ကျွန်းမြို့တွေ ဖြစ်ပြီး မြို့နယ် အတွင်းကို ရေကြောင်း အဓိက ကုန်သွယ်သွားလာတဲ့နေရာတွေဖြစ်ပါတယ်။
အမ်းချောင်းသူ (လေးဝတီ FM)ရေးသည်။
Find out the exact https://www.the-weather-in-budva.com today. Detailed 7- and 10-day forecasts, including temperature, wind, precipitation, humidity, and pressure. Up-to-date weather information for Budva on the Adriatic coast for tourists and residents.
купить золотое кольцо 585 https://kolca-pomolvka-msk.ru
Если интересует новый Ментал слот – мы вынесли всё в отдельный пост: что изменилось/что добавили, первые впечатления, детали по бонускам и на что обратить внимание перед стартом. Удобно открыть, быстро разобраться и уже дальше обсуждать в группе.
каталог ювелирных колец цены https://kolca-pomolvka-msk.ru
Когда важна простота – без конвертаций, лишних комиссий и путаницы с валютой – логично искать лучшие казино на рубли. Тут решает не “громкая реклама”, а практичные вещи: чтобы пополнение и вывод были удобными, лимиты понятными, а правила не менялись внезапно. В нашем Telegram мы как раз собираем рублёвые варианты в формате “быстро посмотреть и понять”: где комфортнее стартовать, какие платежные методы обычно проходят, на что обратить внимание в условиях бонусов и какие нюансы лучше знать заранее, чтобы не было неприятных сюрпризов.
Качественное SEO https://outreachseo.ru продвижение сайта для бизнеса. Наши специалисты предлагают эффективные решения для роста позиций в поисковых системах. Подробнее об услугах и стратегиях можно узнать на сайте