Laywaddy FM

၁၀၂၇ ကို စတင်ခဲ့တဲ့ညီနောင်မဟာမိတ်အဖွဲ့ထဲက နှစ်ဖွဲ့ဟာ စစ်ကောင်စီ ကို အပစ်ရပ်ဖို့ ကမ်းလှမ်း လာ

၁၀၂၇ ကို စတင်ခဲ့တဲ့ညီနောင်မဟာမိတ်အဖွဲ့ထဲက နှစ်ဖွဲ့ဟာ စစ်ကောင်စီ ကို အပစ်ရပ်ဖို့ ကမ်းလှမ်း လာ

၁၀၂၇ တော်လှန်ရေးကို စတင်ခဲ့တဲ့ ညီနောင်မဟာမိတ်အဖွဲ့သုံးဖွဲ့အနက်က မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA ) နဲ့ တအောင်းအမျိုးသားလွှတ်မြောက်ရေးတပ်မတော် (TNLA) တို့ ဟာ ရှေ့ဆင့်နောက်ဆင့် ဆိုသလို စစ်ကောင်စီနဲ့ အပစ်ရပ်ဖို့ ဆွေးနွေးလိုကြောင်း စတင်ကမ်းလှမ်းလာတဲ့ သဘော ထုတ်ပြန်ချက်တွေ ထုတ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်က TNLA ဘက်က စစ်ကောင်စီနဲ့ဆွေးနွေးဖို့ အဆင်သင့်ရှိတယ်လို့ ထုတ်ပြန်ခဲ့သလို ၊ မရှေးမနှောင်းဆိုသလိုပဲ ဒီဇင်ဘာ (၃) ရက်မှာ MNDAA က ထပ်မံထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

တိုက်ဆိုင်စွာပဲ ညီနောင်မဟာမိတ်အဖွဲ့တွေထဲ က တစ်ဖွဲ့ဖြစ်တဲ့ အာရက္ခတပ်တော် AA ဟာ ရခိုင်ပြည်မှာ ထိုးစစ်အမြင့်ဆုံးအချိန်ကို ရောက်ရှိနေချိန်မှာ

အခုလို ထုတ်ပြန်ချက်တွေ ထွက်လာတာပဲ ဖြစ်ပါတယ်။

အကြောင်း စစ်ကောင်စီက ဟာ တရုတ်ကို အကြိမ်များစွာသွားပြီး အောက်ကျို့သနားခံ ၊ ပြည်တွင်းထဲက သယံဇာတတွေ စိတ်ကြိုက်အသုံးပြုခွင့်ပေး ၊ ဒါတင်မက သေး တရုတ် ရဲ့ လက်နက်ကိုင်တပ်တွေကို ပြည်တွင်းထဲမှာ နေရာချဖို့ အထိအစီအစဉ်တွေ ဆွဲလာပြီးနောက်မှာ ဖြစ်လာတာတွေ ဖြစ်ပါတယ်။

အဲ့ဒီ ညီနောင်မဟာမိတ်သုံးဖွဲ့ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာ ၁၀၂၇ တော်လှန်ရေးကို ဟန်ချက်ညီညီ ဖော်ဆောင်ခဲ့တဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။

အဲ့ဒီ စစ်ဆင်ရေးကြီး အတွင်းမှာ စစ်ကောင်စီ ရဲ့ နယ်မြေတွေ ၊ တပ်းရင်း တပ်မ‌ တွေကိုလည်း သိမ်းပိုက်နိုင်ခဲ့ကြပါတယ်။

ခုနားက ပြောခဲ့သလိုပဲ မင်းအောင်လှိုင်ဟာ တရုတ်နဲ့ အကြိမ်ကြိမ်တွေ့ ပြီး ချိန်မှာတော့ တော်လှန်ရေး ရေချိန်ဟာ တမျိုးတစ်ဖုံပြောင်းလဲ လာတာ ဖြစ်ပါတယ်။

တရုတ်ရဲ့ဖိအားကို မလွန်ဆန်နိုင်တဲ့ ညီနောင်မဟာမိတ်တွေရဲ့ ထုတ်ပြန်ချက်တွေ မှာ ပါတွင်တဲ့ ထူးခြားချက်တွေကို တင်ပြပေးပါမယ်။

MMDAA ရဲ့ ထုတ်ပြန်ချက်မှာ ပါဝင်တဲ့ အချက်တွေကတော့ နံပတ် (၁) MNDAA သည် နိုင်ငံတော်မှ ခွဲထွက်ပြီး နိုင်ငံထူထောင်ခြင်းကို ပြုလုပ်မည် မဟုတ်ပေ။ စစ်မှန်သော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို တောင်းဆိုခြင်းသာဖြစ်သည်။

MNDAA အနေဖြင့် နိုင်ငံတော် အချုပ်အခြာအာဏာနှင့် နိုင်ငံပိုင်နယ်မြေတည်တံ့ခိုင်မြဲရေးကို တစိုက်မက်မက် ထိန်းသိမ်းကာကွယ်သွားပါမည်။

နံပတ်(၂) ယနေ့မှ စ၍ ရောက်ရာနေရာမှ မိမိတို့တပ်များသည် ချက်ချင်း အပစ်အခတ်ရပ်စဲပြီး စစ်ကောင်စီတပ်များကို အစပြုထိုးစစ်ဆင်တိုက်ခိုက်မည်မဟုတ်ပေ။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ်ကြိုးပမ်းဆောင်ရွက်မှုအောက်တွင် လားရှိုးအပါအတွင် သက်ဆိုင်ရာ ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးသော နည်းလမ်းဖြင့် ဖြေရှင်းနိုင်မည် ဟု မျှော်လင့်ပါသည်။

မိမိတို့အနေဖြင့် လည်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်ပေးမှုအတိုင်း တက်တက်ကြွကြွပူးပေါင်း ဆောင်ရွက်သွားပါမည်။

နံပတ်(၃) စစ်ကောင်စီမှ မြန်မာနိုင်ငံနေရာ အနှံ့တွင်ဖော်ဖောင်နေသော ဝေဟင် နှင့် မြေပြင် ထိုးစစ်ဆင်တိုက်ခိုက်နေမှုများကို ရပ်ဆိုင်းပေးရပါမည်။

နံပတ် (၄) တွေ့ဆုံဆွေးနွေးရာတွင် MNDAA မှ အဆင့်မြင့် ကိုယ်စားလှယ် အဖွဲ့ကို စေလွှတ်မည်ဖြစ်ပြီး နှစ်ဦးနှစ်ဖက်ကြားရှိ ပဋိပက္ခများနှင့် အမြင်သဘောထားကွဲလွဲမှုများ ၊ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းသွားနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။

နံပတ်(၅) MNDAA အနေဖြင့် နိုင်ငံရေး နည်းလမ်းကို အားပေးထောက်ခံပါသော်လည်း မိမိကိုယ်ကို ခုခံကာကွယ်ခွင့်အား ယခင်နည်းတူ ဆက်လက်စွဲကိုင်သွားပါမည်။

အလားတူပဲ TNLA က လည်း စစ်ရေးတင်းမာမှုတွေကို တွေ့ဆုံဆွေးနွေးပြီး ‌ဖြေရှင်းဖို့ အမြဲအဆင်သင့်ရှိတဲ့အကြောင်းထုတ်ပြန်ခဲ့ပါတယ်။

ငြိမ်းချမ်းစေ (လေးဝတီFM)

Kay Zue

Related Posts

5 thoughts on “၁၀၂၇ ကို စတင်ခဲ့တဲ့ညီနောင်မဟာမိတ်အဖွဲ့ထဲက နှစ်ဖွဲ့ဟာ စစ်ကောင်စီ ကို အပစ်ရပ်ဖို့ ကမ်းလှမ်း လာ

  1. the best adult generator pornjourney chat create erotic videos, images, and virtual characters. flexible settings, high quality, instant results, and easy operation right in your browser. the best features for porn generation.

Leave a Reply

Your email address will not be published. Required fields are marked *