ဒီဇင်ဘာ ၂၉ ရက် ညပိုင်းမှာ ရခိုင်ပြည်ဂွမြို့ အပြီးသတ်သိမ်းပိုက်နိုင်ပြီး လို့ အာရက္ခတပ်တော် က ကြေညာခဲ့ပါတယ်။
ဂွမြို့သိမ်းတိုက်ပွဲမှာ ပဲခူးတိုင်း အခြေစိုက် တပ်မ(၆၆) ၊ ရန်ကုန်တိုင်းအခြေစိုက် တပ်မ (၁၁) နဲ့ ဧရာဝတီတိုင်း အခြေစိုက် အနောက်တောင်တိုင်းစစ်ဌာနချုပ် နတခ တို့မှ စုစုပေါင်းတပ်ရင်း (၉)ရင်း ၊ ခြေလျှင်တပ်အင်အား ၁၂၀၀ တို့ကို တိုက်ခိုက်ခဲ့ရတယ် လို့ အာရက္ခတပ်တော်က အသိပေးထုတ်ပြန်ခဲ့ပါတယ်။

(၁) ပဲခူးတိုင်း အခြေစိုက် ၊ တပ်မ (၆၆) လက်အောက်ခံ၊ ခမရ (၄) တပ်ရင်း ၊
(၂) ရန်ကုန် တပ်မ (၁၁) လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ခမရ (၂၁၄) တပ်ရင်း၊ ခမရ (၂၁၅) တပ်ရင်း နှင့် ခမရ (၂၁၇) တပ်ရင်း

(၃) အနောက်တောင်တိုင်းစစ်ဌာနချုပ်-နတခ လက်အောက်ခံ ခလရ (၃၆) တပ်ရင်း၊ ခလရ (၃၈) တပ်ရင်း၊ ခလရ (၉၃) တပ်ရင်း၊ ခလရ (၂၇၁) တပ်ရင်းနှင့် ခမရ (၃၀၈) တပ်ရင်းတို့ကို တစ်ခုပြီးတစ်ခု မရပ်မနား ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတယ် လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က တင့်ကား ၁၀ စီးကျော်ကိုလည်း အသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။
ဂွမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီ ရဲ့ တပ်မ (၁၁) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးအပါအဝင် ၊ တပ်ရင်းမှူးအချို့ နဲ့တပ်သား (၇၀၀)ကျော် သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

လေးဝတီ FM
проектор цена магазин проекторов
квартира в сочи жк светский лес сочи