ရခိုင်ရိုးမပေါ်က ရခိုင်-မကွေး နယ်ခြားမှတ်တိုင်အလွန် ဧရိယာမှာ ဗျူဟာ စခန်းကြီးတစ်ခုအဖြစ်အထိုင်ချထားတဲ့ ကန်မြင့်ကန်(ကမြင်းကံ) ဗျူဟာ ကို အာရက္ခ တပ်တော်က သိမ်းပိုက်လိုက်တယ် လို့ သတင်းရရှိပါတယ်။
စစ်ကောင်စီအင်အား ၂၀၀ ကျော်နဲ့ အထိုင်ချထားတဲ့ ကမြင်းကံဗျုဟာစခန်းကုန်း ကို ဇန်နဝါရီ ၂၁ ရက်နေ့ က သိမ်းပိုက်လိုက်တာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“အမ်း-ရိုးမထဲက ပိန်းရေစမ်းဂိတ်နဲ့ ကမြင်းကံ ဂိတ် က သိပ်မဝေးဘူး ကျည်တမှီအဆင့်ပါနှစ်ခုလုံးကို သိမ်းလိုက်ပါပြီ ကမြင်းကံဂိတ်ကတော့ ရိုးထက်မှာ အထိုင်ချတဲ့ ဗျူဟာ စခန်းကြီးဖြစ်ပါတယ်၊ အမ်းနယ်ဘက်မှာတော့ စစ်ကောင်စီ စခန်းမရှိတော့ဘူး ” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
အမ်းမြို့နယ်အတွင်း ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း ကျေးရွာ အနီးဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ အာရက္ခတပ်တော်က ကြေညာထားပြီး နှစ်ရက် အကြာမှာ ပိန်းရေစမ်းနဲ့ ၊ ကမြင်းကန် ဂိတ်တွေကို သိမ်းပိုက်လိုက်နိုင်တာဖြစ်ပါတယ်။
စစ်ကောင်စီဘက်က အမ်းမြို့နယ်ထဲမှာရှိတဲ့ အဲ့ဒီဂိတ်တွေကို ခြေလျှင်စစ်ကြောင်းတွေနဲ့ အင်အားထပ်ပို့နေချိန်အခုလို သိမ်းပိုက်လိုက်တာလို့လည်း ငဖဲမြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။
အမ်းဘက်ကို တန်ပြန်ထိုးစစ်ဆင်ဖို့ အရင်က စစ်ဆေးရေးဂိတ်တွေ အဖြစ်ရှိခဲ့တဲ့ စခန်းတွေမှာ အင်အားဖြည့်တင်းနေတာဖြစ်ပါတယ်။
ပုံစာ – ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်မှ (၁၉) ရက်နေ့များတွင် အမ်းမြို့နယ်အတွင်း ကမြင်းကန် (ကံမြင်ကန်)၊ ပိန်းရေစမ်း၊ ကြက်ရေစမ်း ကျေးရွာအနီးပတ်ဝန်းကျင်တိုက်ပွဲများ၌ သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများ၊
အဉ္စနလီညှင်း
လေး၀တီ(FM)