စစ်ပွဲရဲ့ နောက်ဆက်တွဲရိုက်ခတ်မှုဟာ ကလေးတွေဆီကို ပြင်းပြင်းထန်ထန် ကျရောက်လာခဲ့ပါတယ်။
ရခိုင်ပြည်မှာ ၂၀၂၄ ခုနှစ် တစ်နှစ်လုံး တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး ရခိုင်ပြည်သူလူထုဟာလည်း ကျောကော့နေအောင် စစ်ဘေး စစ်ဒဏ်ကို ခံစား ခဲ့ရပါတယ်။
စားစရာ ဆန်မရှိလို့ မိုင်ဆယ်ချီခရီးထွက်ပြီး အလှူခံစားရတာတွေ၊ လေကြောင်းတိုက်ခိုက်မှုနဲ့ မြေမြုပ်မှိုင်းတွေကြောင့် ခြေပြတ်လက်ပြတ်ဖြစ်သွားတဲ့ ဘဝတွေ ၊ နှစ်ပေါင်း ၂၀၀ အတွင်းမှာ ပထမဆုံး ကြုံရတဲ့ သွေးချောင်းစီးမှုတွေကို ရခိုင်ပြည်သူတစ်ရပ်လုံးဟာခါးစီးပြီးခံစားနေကြရတာ ဖြစ်ပါတယ်။
မြို့သိမ်းတိုက်ပွဲတွေကို ဖော်ဆောင်ခဲ့ပြီး ရလဒ်ကောင်းတွေကို ယူဆောင်လာခဲ့တဲ့ အာရက္ခတပ်တော် AA ကိုယ်တိုင်ကလည်း ထုတ်ပြန်ချက်တိုင်းမှာ ရခိုင်ပြည်သူ ကို တလေးတစား ကျေးဇူးတင်ထားတာတွေကို တွေ့ရပါတယ်။ ဒါကလည်း တပိုင်းပါ။
ပြည်သူရဲ့ ညီညွတ်မှုနဲ့ အာရက္ခတပ်တော်AA ရဲ့ စွမ်းဆောင်ရည်ကြောင့် ရလဒ်တွေဟာ ခတ်မြန်မြန်ပေါ်ထွက်ခဲ့ပေမယ့် စစ်ဘေး စစ်ဒဏ်ကို ရွေးချယ်ခွင့်မရှိဘဲ တန်းတူခံစားနေရတာက အာရက္ခရင်သွေး ကလေးငယ်တွေ ဖြစ်ပါတယ်။
၂၀၂၅ ရဲ့ အခုလို အစောပိုင်းကာလဟာ စစ်အေးကာလ လို့ ပြောရမလား ၊ ဆွေးနွေးမလိုလို ၊ ဆွေးနွေးစရာမလိုဘဲ တိုက်ပွဲတွေ ရပ်သွားသလိုလို ဖြစ်နေတဲ့ကာလဖြစ်ပါတယ်။
ဒီလိုအချိန်မှာပဲ ဗုံးခိုကျင်းထဲမှာ လနဲ့ ချီပြီး ကြိတ်မှိတ်နေထိုင်ခဲ့ တဲ့ ပြည်သူလူထုရဲ့ ဆိုးရွားခက်ခဲမှုတွေ ဟာ တနေရာပြီး တနေရာမှာ ဘွားခနဲ ဘွားခနဲ ပေါ်ပေါက်လာပါတော့တယ်။
ဒီအထဲမှာ ဆိုးဆိုးရွားရွားကြုံတွေ့နေရတဲ့ အကြောင်းအရင်းတစ်ခုကတော့ ကလေးတွေဟာ စစ်ဘေးစစ်ဒဏ်ရဲ့ ဆိုးကျိုးတွေကို ပြင်းပြင်းထန်ထန် ထိခိုက်ခံစားနေရပြီ ဆိုတာပဲဖြစ်ပါတယ်။
ကလေးငယ်တွေဟာ အရေပြားရောဂါတွေမြင်မကောင်းအောင်ခံစားနေရတဲ့ အကြောင်းကို ဒေသတွင်းအကူအညီပေးတဲ့ အဖွဲ့တွေ ဆီက နေ တဆင့်ကြားသိရပါတယ်။
သတင်းဌာနတွေမှာလည်း ဆက်တိုက်ဖော်ပြလာကြပြီး ဒီပြသနာဟာ ကလေးတွေအတွက် အရေးပေါ်ပြသနာ တစ်ခုလိုဖြစ်လာပါတယ်။
လူမမယ် လေးတွေရဲ့ လက်သေးသေးလေးတွေမှာ ၊ ခြေသလုံးတုတ်တုတ်လေးတွေမှာ ၊ ကျောပြင်မှာ မြင်တွေ့ရတဲ့ အမျိုးအမည် မသိတဲ့ ယားနာတွေဟာ ရင်နင့်စေပါတယ်။
ဓာတ်ပုံတွေထဲမှာ တွေ့ရတဲ့ ကလေးငယ်တွေရဲ့ အခြေအနေဟာ ဆိုးဆိုးရွားရွားအဆင့်လို့ ပြောနိုင်ပါတယ်။
ဆေးဝါးအတွက် ဝိုင်းဝန်းအလှူခံကြ မြေပြင်ရောက်အောင်လှူဒါန်းကြတာကိုလည်းတွေ့ရပေမယ့် ဒါဟာ လတ်တလော ဖြေရှင်းမှုပဲ ဖြစ်တယ် လို့ ကာယကံရှင်တွေက ဆိုကြပါတယ်။
ဒီရောဂါတွေ သက်သာသွားစေ လောက်တဲ့ ပမာဏ ကို မရကြဘူးလို့ အကူအညီပေးရေးအဖွဲ့တွေက ဆိုကြပါတယ်။
“ကျွန်တော်တို့ အဖွဲ့က ရတဲ့ငွေနဲ့ ဆေးဘူးတွေလှူနေတာ ၅ ကြိမ်လောက်ရှိပါပြီ ၊ လုံးဝမလုံလောက်ပါဘူး “ လို့ ငပလီစုပေါင်းပရဟိတ အဖွဲ့က မြေပြင်တာဝန်ခံတစ်ဦးက ပြောပါတယ်။
ဂွ၊ သံတွဲ ၊ တောင်ကုတ်၊ အမ်း ပူပူနွေးနွေး စစ်ဒဏ်ခံရတဲ့ မြို့တွေမှာ အခုလို ကလေးတွေ မှာ ဖြစ်နေတဲ့ အရေပြားရောဂါတွေ ပြင်းပြင်းထန်ထန်ခံစားနေရတာဖြစ်ပါတယ်။
“မြေပေါ်မှာ အိပ်မြေပေါ်မှာ စားနေရတော့ ဘယ်လိုလုပ်သန့်ရှင်းနိုင်မလဲ ၊ ယားလို့ကုတ်တဲ့ အရည်တွေက တဆင့် တစ်ကိုယ်လုံးကို ပျံ့သွားကြတာ ၊ တစ်ယောက်နဲ့ တစ်ယောက်ကူးကြတာ “ လို့ အမ်းမြို့နယ် စစ်ရှောင်ဒေသ က မိခင်တစ်ဦးက ပြောပါတယ်။
တခါထပ်ပြီး ကလေးတွေကို သက်ရောက်နေတဲ့ နောက်ထပ်အခြေအနေ တစ်ခုကတော့ ကိုယ်ဝန်ဆောင်မိခင်တွေ ဆေးဝါးနဲ့ အဟာရပြတ်
လတ်မှုပါ။
အိမ်တိုင်းစေ့ ထမင်းတောင် နပ်မှန်အောင် မစားရတဲ့ အချိန်မှာ ကိုယ်ဝန်ဆောင်တွေအတွက်လည်း ဆေးဝါးနဲ့ အားဖြည့်အဟာရ ပြတ်လတ်လာပါတယ်။
“အရေးပေါ် စားနပ်ရိက္ခာ အတွက်တောင် ခက်ခဲ လာပြီ။ ကိုယ်ဝန်ဆောင်တွေ အတွက် သီးသန့်ရယ်လို့ အဟာရမဖြည့်တင်းနိုင်သေးဘူး ” လို့ ဂွမြို့နယ် စစ်ဘေးရှောင်ကူညီရေး အဖွဲ့တစ်ခုရဲ့ တာဝန်ရှိသူက စိတ်ကောင်းစွာပြောကြားလာပါတယ်။
ကိုယ်ဝန်ဆောင်မိခင် နဲ့ မွေးဖွားလာမယ့် ကလေးငယ်တွေဟာ အသက်ရှင်ရေးအတွက် စိန်ခေါ်ချက်တွေ ရင်ဆိုင်နေကြရပြီဖြစ်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ မွေးကင်းစ ကလေးငယ်တွေ ဟာ လုံလောက်တဲ့ အဟာရကို မရကြတဲ့အပြင် အရေးပေါ် ကျန်းမာရေးအခြေအနေတွေကြုံတွေ့လို့ အသက်ဆုံးရှုံးရတာတွေလည်းကြုံနေရတယ်လို့ပြောပါတယ်။
“ကလေးမွေးကတည်း ကျန်းကျန်းမာမာ မမွေးလာတဲ့ ကလေးတွေအတွက် တခြားမျှော်လင့်ချက်မရှိဘူး၊” လို့ သံတွဲမြို့ခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
နောက်ထပ်ကလေးတွေအပေါ် သက်ရောက်လာတာကတော့ ပညာသင်ကြားရေးဖြစ်ပါတယ်။
ဒါဟာ ရေရှည်ဖြေရှင်းရမယ့် နည်းလမ်းဆိုပေမယ့် စာမသင်ကြားရပဲ ရွေ့လျားကုန်ဆုံးနေတဲ့ အချိန်တိုင်းဟာ ကလေးတွေ အတွက် အနှုတ်လက္ခာဖြစ်နေတယ် ဆိုတာကိုလည်း သတိမူကြဖို့ လိုပါတယ်။
မူလတန်း ၊ အလယ်တန်း ၊ အထက်တန်း စတဲ့ အရွယ်အသီးသီးမှာရှိတဲ့ ကလေးတွေဟာ ပညာရေးနဲ့ အလှမ်းဝေးခဲ့တာ တစ်နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းရန်ကြောင့် စာသင်ကျောင်းတွေဟာ အသုံးပြုလို့မရတဲ့ အနေအထားဖြစ်နေသလို ၊ သင်ကြားပေးမယ့် ဆရာ၊ ဆရာမ လူသားအရင်းအမြစ်တွေဟာလည်း တစစီ လွင့်ပါးလို့နေပါတယ်။
တစ်နှစ်အတွင်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲအတွင်းမှာ ကလေးငယ်တွေရဲ့ အရေအတွက် အတိအကျ ကောက်ခံထားတာမရှိသေးပါဘူး။
ဒါပေမယ့် စစ်ရှောင်ဉီးရေဟာ ခြောက်သိန်းကျော်ရှိပြီး ဒီလူဉီးရေရဲ့ လေးပုံတစ်ပုံဟာ ကလေးငယ်တွေဖြစ်တယ်လို့ စစ်ဘေးကူညီရေးအဖွဲ့တွေက သုံးသပ်ကြပါတယ်။
ဒီခန့်မှန်းချက်ကြောင့် ကလေးငယ် တစ်သိန်း ကျော်ဟာ စစ်ဘေး စစ်ဒဏ်သင့်နေပြီ အကူအညီမဲ့နေတယ် လို့ ဆိုနိုင်ပါတယ်။
ကလေးတစ်ယောက်ချင်းစီမှာ အနာဂတ်ကိုယ်စီရှိကြပြီး အဲ့ဒီအနာဂတ်ကလေးတွေ ကို ကောင်းမွန်စွာရှင်သန်ကြီးပြင်းစေဖို့
စစ်ဘေး စစ်ဒဏ်က အချိန်မှီ ကင်းလွတ်ကြဖို့ အရေးပေါ်လိုအပ်နေပါကြောင်း ………….
ဓာတ်ပုံ- ဂွမြို့ နယ် စစ်ဘေးရှောင် ပူးပေါင်းကူညီရေး အဖွဲ့
ငြိမ်းချမ်းစေ (လေးဝတီ FM )
the best adult generator pornjourney.app create erotic videos, images, and virtual characters. flexible settings, high quality, instant results, and easy operation right in your browser. the best features for porn generation.
топ сервисов рассылок email сервис рассылки
application melbet melbet apk
connexion en ligne 1win 1win apk
жк цены на квартиры сочи жк светский лес сочи цены