Laywaddy FM

မလေးရှားနိုင်ငံမှာ ရခိုင်အမျိုးသမီး (၂) ဦးအပါအဝင် စုစုပေါင်း ၈ ဦး ပြန်ပေးဆွဲခံရ

မလေးရှားနိုင်ငံမှာ ရခိုင်အမျိုးသမီး (၂) ဦးအပါအဝင် စုစုပေါင်း ၈ ဦး ပြန်ပေးဆွဲခံရ

မလေးရှားနိုင်ငံမှာ ရခိုင်လူမျိုး အမျိုးသမီး(၂) ဦးအပါအဝင် စုစုပေါင်း (၈) ဦးကို ပြန်ပေးဆွဲ ဖမ်းဆီးထားပြီး မိသားစုကို မြန်မာငွေသိန်း ရာချီတောင်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

မလေးရှားနိုင်ငံ ချားလ်လမ်း မြို့အနီးဝန်းကျင်မှာနေထိုင်တဲ့ ရခိုင်လူမျိုး (၇) ဦးနဲ့ ချင်းလူမျိုး (၁) ဦးတို့ကို အဲ့ဒီမြို့က ပွဲစားက အလုပ်ရှာပေးမယ်ဆိုပြီး ဂိုထောင်ထဲမှာ လက်ပြန်ကြိုးတုတ်ပိတ်လှောင်ထားပြီး ငွေညှစ်ခဲ့တာဖြစ်ပါတယ်။

“ဇန်နဝါရီ ၃၁ ရက်ကအလုပ်ရမယ် ဆိုပြီးခေါ်တယ် ၊ ညနေရောက်သွားတော့ပွဲစားအိမ်ခန်း မှာ အိပ်ပြီး ၊ မနက်မိုးလင်းတော့စက်ရုံကိုခေါ်သွားတယ် စက်ရုံအဟောင်းထဲမှာ သူတို့ရဲ့ Facebook Messangerက နေ အသိမိတ်ဆွေတွေ မိသားစုတွေ ဆီကို မက်ဆေ့ ပို့ပြီး ငွေလာပေးဖို့ တောင်းခိုင်းတယ်” လို့ ရခိုင် ဒုက္ခသည် များဆိုင်ရာဗဟိုရုံး(CARC)မှ ဒုဉက္ကဌကို ရာဇာ က လေးဝတီ FM ကို ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်ကို အသိမိတ်ဆွေတွေက တဆင့် ရခိုင် ဒုက္ခသည် များဆိုင်ရာဗဟိုရုံး(CARC) ကို တိုင်ကြားခဲ့ပြီး နယ်မြေရဲစခန်းကို တိုင်းကြားက အဆင့်ဆင့်ဖော်ထုတ် ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။

ပြန်ပေးဆွဲခံရမှုမှာ ရခိုင်လူမျိုး အမျိုးသား (၅) ဦး ၊ အမျိုးသမီး (၂) ဦး ၊ ချင်းလူမျိုးတစ်ဦးပါဝင်ပြီး ၊ ပိတ်လှောင်နှိပ်စက်ခံထားရတဲ့ ဂိုထောင်ကနေ
မိတ်ဆွေတွေ ဆီကို ဆက်သွယ်ရာက နေ အဆင့်ဆင့် ကယ်တင်ပြီး အခုလို ပြန်လည်လွတ်မြောက်လာတာ ဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့ကို လက်ပြန်ကြိုးတုတ်ပြီး အခန်းထဲမှာ နှိပ်စက်နေတာ ၊ နားတွေ ဘာတွေ လည်းမကြားတော့ဘူး ၊ ပြန်လွတ်တဲ့ အချိန်မှာ တော်တော်များများကို ဆေးရုံတင်လိုက်ရတယ်” လို့ ကူညီကယ်ဆယ်ရေးလုပ်ငန်းမှာ ပါဝင်သူ တစ်ဦးက ပြောပါတယ်။

ပြန်ပေးဆွဲခံရတဲ့ သူတွေဟာ အမ်းမြို့နယ်၊ တပ်တောင်ကျေးရွာနေ ကိုဝင်းဇော် ၊ မင်းပြားမြို့နယ်၊ မင်းဖူးကျေးရွာနေ ကိုကျော်ထင် ၊မင်းပြား ကိုဇော်ဝင်း ၊ မင်းပြားမြို့နယ်၊ င/တက်ကျေးရွာနေ ခင်မောင်ဦး ၊ မင်းပြားမြို့နယ်၊ တံခွန်တိုင်ကျေးရွာနေ မောင်မောင်ချေအပါအဝင် (၈) ဦးဖြစ်ပါတယ်။
သူတို့ အထဲကခြောက်ဦးဟာ ဖမ်းဆီးထားချိန်မှာ နှိပ်စက်ခံရတဲ့ အတွက် မလေးရှား ရောက် ရခိုင် ဒုက္ခသည် များဆိုင်ရာဗဟိုရုံး(CARC) က ဆေးရုံမှာ ဆေးကုသ ပေးလျှက်ရှိတယ် လို့ သိရပါတယ်။

အဉ္စနလီညှင်း
လေး၀တီFM

Kay Zue

Related Posts

One thought on “မလေးရှားနိုင်ငံမှာ ရခိုင်အမျိုးသမီး (၂) ဦးအပါအဝင် စုစုပေါင်း ၈ ဦး ပြန်ပေးဆွဲခံရ

Leave a Reply

Your email address will not be published. Required fields are marked *