သိပ်မကြာသေးခင်ကမှ စစ်ရှောင်တွေကို ပြန်လည်ဝင်ရောက်နေထိုင်ခွင့်ပြုထားတဲ့ မောင်တောဒေသမှာ စစ်ကျန်လက်နက် တစ်ခုပေါက်ကွဲရာက အရပ်သားတစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ် လို့ သိရပါတယ်။
ရခိုင်ပြည် မောင်တောမြို့ ရွှေဇားဂုံးနားရွာသားတစ်ဉီး ဖြစ်တဲ့ ဖေရုစ်လ်ခါ ဟာ စစ်ကျန်ဗုံးသီး ကို ထိတွေ့ ကိုင်တွယ်ရာကနေ ပေါက်ကွဲသွားပြီး
ဖေဖော်ဝါရီ ၉ ရက်နေ့က ပွဲချင်းပြီးသေဆုံးခဲ့တယ် လို့ သတင်းရရှိပါတယ်။
“သူတို့က လက်နက်ကြီးကျည်တစ်လုံးရခဲ့တယ် ။ဘယ်ကရလာလည်းမသိဘူး လက်ဖက်ရည်ဆိုင်နားမှာ ပစ်ပေါက်ကြည့်ရင်း ပေါက်ကွဲသွားတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
သေဆုံးသူဟာ ရွှေဇားကပ္ပကောင်းကျေးရွာအုပ်စု ရွှေဇားဂုံးနားရွာနေသူ အဖအာဘုလ်ဟူလ်ဆောင်း ၏ သားဖြစ်သူ ဖေရုစ်လ်ခါ (၂၂) ဖြစ်ပြီး
သူဟာ အဲ့ဒီနေရာမှာပဲ လက်နက်ဒဏ်ကြောင့် ခြေလက်တွေ ပြတ်ထွက်ပြီးသေဆုံးခဲ့တယ် လို့ သိရပါတယ်။
သေဆုံး ဒဏ်ရာရရှိသူတွေ ဟာ ပြီးခဲ့တဲ့လက ပဲ ကျေးရွာတွေ ထဲကို ပြန်လည်ဝင်ရောက်အခြေချ နေထိုင်သူတွေဖြစ်ပါတယ်။
မောင်တောမြို့ ပေါ်နဲ့ ကျေးရွာတွေမှာ စစ်ကောင်စီ ထောင်ထားခဲ့တဲ့ မြေမြုပ်မှိုင်းတွေ၊ စစ်ကျန်ဗုံးသီးတွေဟာ ရှိနေဆဲဖြစ်ပြီး တူးဖော်ရှင်းလင်းဖို့ လိုအပ်နေတာဖြစ်ပါတယ်။
မကြာသေးမည်ရက်ပိုင်းတွင်းက လည်းမောင်တောမြို့အနီးရွှေဇားမူဆလင်ကျေးရွာသားများတွေ က ရွာထဲနင့်အနီးအနား ဝန်းကျင်ကို ကိုမှိုင်းရှင်းလင်းပေးရေး အာရက္ခပြည်သူ့ အစိုးရ ထံတောင်းဆိုခဲ့ကြပါတယ်။
အမ်းချောင်းသူ( Laywaddy FM)