Laywaddy FM

ခြေလျင်တပ်မ ၉၉ တပ်မမှူး ကျော်ကျော်သက် နဲ့ အင်အား ၂၀ ကျော်ကို AA လက်ရဖမ်းဆီး

ခြေလျင်တပ်မ ၉၉ တပ်မမှူး ကျော်ကျော်သက် နဲ့ အင်အား ၂၀ ကျော်ကို AA လက်ရဖမ်းဆီး

ရခိုင်ရိုးမတိုက်ပွဲ အတွင်းက ထွက်ပြေးနေတဲ့ တပ်မ ၉၉ တပ်မမှူး ကျော်ကျော်သက် နဲ့ အတူ အင်အား ၂၀ ကျော်ကို အာရက္ခတပ်တော် AA က လက်ရဖမ်းဆီးမိခဲ့တယ်လို့ သတင်းရရှိပါတယ်။

ရခိုင်ပြည် အမ်းမြို့နယ် အပိုင် ဂုတ်စီးရွာ မှာ ရှိတဲ့ စစ်ကောင်စီ စခန်းကို AA က သိမ်းပိုက်ပြီးနောက်မှာ အဲ့ဒီစခန်းက ထွက်ပြေးသွားတဲ့ တပ်မ ၉၉ ဗျူဟာမှူး ဗိုလ်မှူးချုပ် ကျော်ကျော်သက်နဲ့ အဖွဲ့ဟာ တောထဲမှာ ထွက်ပြေးနေပြီး အာရက္ခတပ်တော် က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

“သူကခြေထောက်တော်တော်ထိသွားတယ် ကစဉ်းကလျားပြေးတဲ့ခါလူစုကွဲကျန်ခဲ့ပုံရတယ် သူနဲ့ အတူ ဗိုလ်အဆင့်နှစ်ယောက် လည်းပါတယ်။ တပ်သားကတော့ ၂၀ ပါတယ် “ လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လတ်တလောမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တချို့နဲ့ အာရက္ခတပ်တော်တို့ဟာ ရခိုင်ရိုးမထဲ မှာ တိုက်ပွဲတချို့ ဖြစ်ပွားနေဆဲ ဖြစ်ပြီး စစ်ကောင်စီ အကြွင်းအကျန်တွေကိုလည်း လိုက်လံဖမ်းဆီးနေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“သူတို့ကနတ်ရေကန်ဖက်ကိုပြေးကြတာပါ ၊ အဲ့ဒီအဘက်အထိ ရောက်တဲ့လူကနည်းပါတယ် အသေများတယ်” လို့ ရှေ့တန်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်ကောင်စီ တပ်ဖွဲ့တွေဟာ အမ်း-ပဒန်းလမ်းပိုင်းပေါ်က တိုက်ပွဲတွေမှာ တပ်သား ရာနဲ့ချီ အထိနာခဲ့ပြီး အခုလို ကစဉ့်ကလျားထွက်ပြေးနေအဉ္စနလီညှင်း လေး၀တီFMရတာ ဖြစ်ပါတယ်။

အဉ္စနလီညှင်း( လေးဝတီFM)

Kay Zue

Related Posts

21 thoughts on “ခြေလျင်တပ်မ ၉၉ တပ်မမှူး ကျော်ကျော်သက် နဲ့ အင်အား ၂၀ ကျော်ကို AA လက်ရဖမ်းဆီး

  1. Need a multimedia system? itec We integrate multimedia systems for home and business. We install and configure audio and video systems, manage content, and integrate equipment into a single system. Modern solutions for comfortable and efficient use of technology.

Leave a Reply

Your email address will not be published. Required fields are marked *