ရခိုင်ပြည် စစ်တွေ မြို့နယ် ဝါဘိုကျေးရွာကို ဒီနေ့ ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းမှာ စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနေအိမ် ၁၀ လုံးခန့်ပျက်စီးခဲ့တယ်လို့ သတင်းရရှိပါတယ်။
စစ်ကောင်စီဟာ စစ်တွေမြို့ နဲ့ ချောင်းတစ်ဖက်ကမ်းခြားတဲ့ ဝါဘိုကျေးရွာကို ပေါင် ၅၀၀ ဗုံးတွေနဲ့ လာရောက်ကြဲချခဲ့ပြီး ကျေးရွာထဲမှာ နေအိမ်တန်းလိုက်မီးလောင်ပျက်စီးခဲ့တာဖြစ်ပါတယ်။
“ဝါဘိုရွာကို ဗုံးကြဲပြီး ၊ နှစ်ဖက် အပြန်အလှန် ပစ်ခတ်တာတွေရှိတယ်၊ ရေတပ်ကလည်း ပစ်နေတယ်” လို့ သတင်းရင်းမြစ်က ပြောပါတယ်။
ဒီကနေ့ ဖေဖော်ဝါရီ ၂၆ ရက် ညနေပိုင်းမှာ စစ်တွေမြို့ အနီးဝန်းကျင်မှာ နှစ်ဖက်ပစ်ခတ်မှုတွေ ရှိနေတာဖြစ်ပါတယ်။
ဝါဘိုကျေးရွာ ဇန်နဝါရီလ က တစ်ကြိမ် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။
အမ်းချောင်းသူ
လေးဝတီ FM