ာရက္ခပြည် မြောက်ဦးမြို့မှာ အစ္စလာမ်ကျမ်းမြတ်ကုရ်အာန် အာဂုံဆောင် ဘွဲ့လက်မှတ် အပ်နှံပွဲ (ဂျလ်ဆာ) ပွဲ အခမ်းအနားကို ဖောဖော်ဝါရီ ၂၈ မနက်ပိုင်းက ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

ရခိုင်ရှေးဟောင်းယဉ်ကျေးမှုတွေ စုဝေးနေတဲ့ မြောက်ဦးမြို့မှာ ရခိုင်လူမျိုး ၊ ကမန်လူမျိုး ၊ ဒိုင်းနက်လူမျိုး (သက္ကမလူမျိုး) ၊ ဟိန္ဒူအနွယ်ဝင်များ၊ ရှမ်းနီးလူမျိုး၊ ရခိုင်လူမျိုး ၊ မရမာကြီး လူမျိုး ၊ ၊ ထနော့လူမျိုး ၊ လာချိဒ်လူမျိုး ၊ မတူကွဲပြားတဲ့ လူမျိုးစုတွေ စုဝေးနေထိုင်ကြတဲ့နေရာလည်းဖြစ်ပါတယ်။

တော်လှန်ရေးကာလ နဲ့ ပြန်လည်ထူထောင်ရေးကာလ ကို တပြိုင်နက်ထဲ လုပ်ကိုင်နေကြချိန်မှာ အရောင်အသွေး စုံတဲ့ ဘာသာတရားတွေလည်း ရခိုင်ပြည်မှာ သီးခြားလွတ်လပ်စွာ ပြန်လည်ထူထောင်လာတာကြတယ် လို့ မြောက်ဦးဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

မြောက်ဦးမြို့ဟာ အာရက္ခတပ်တော် AA ရဲ့ ထိမ်းချုပ်မှုအောက်မှာရှိပြီး ULA ရဲ့ အုပ်ချုပ်မှုနဲ့ စီးပွားရေး ၊ လူမှုရေး ၊ ကျန်းမာရေး လုပ်ငန်းတွေကို လည်ပတ်နေတာဖြစ်ပါတယ်။







ဓာတ်ပုံ- Golden Era Media
လေးဝတီ FM