Laywaddy FM

ကျောက်ဖြူ မြို့နယ် နေရာနှစ်ခုမှာ တိုက်ပွဲဖြစ်ပွားနေ၃၂ ရဲတပ်ရင်း အထိ AA ထိုးစစ်ရောက်ရှိလာ

ကျောက်ဖြူ မြို့နယ် နေရာနှစ်ခုမှာ တိုက်ပွဲဖြစ်ပွားနေ၃၂ ရဲတပ်ရင်း အထိ AA ထိုးစစ်ရောက်ရှိလာ

ရခိုင်ပြည် ကျောက်ဖြူမြို့နယ်ထဲက ၃၂ ရဲ တပ်ရင်း အထိ AA ဘက်က ထိုးစစ်ရောက်ရှိလာပြီး မတ်လ ၁၈ ရက်က အဲ့ဒီ အနားမှာ နှစ်ဖက်တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။

ကျောက်ဖြူမြို့ ဂုံးချွိန်တိုက်နယ်မှာ အခြေစိုက်တဲ့ ၃၂ ရဲတပ်ရင်းနဲ့ ရှောက်ချောင်းကျေးရွာတို့မှာ တိုက်ပွဲတွေ ရက်ဆက် ဖြစ်ပွားနေပြီး စစ်ကောင်စီ တပ်သားတွေ ရာနဲ့ချီ အထိနာနေတယ်လို့ လည်း သတင်းရင်းမြစ်က ပြောပါတယ်။

” အေအေ ဘက်က ထိုးစစ်ကတော့ ရှေ့တိုးလာတယ် ၊ စစ်ကောင်စီဘက်က ပစ်တယ် နောက်ဆုတ်တယ်၊ ပစ်တယ် နောက်ဆုတ်တယ်၊ သူတို့ဘက်က ဒရုန်းကို အများသုံးလို့ ဘေးပတ်ဝန်းကျင် နေရာတွေ တော့ အထိနာတယ်” လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

AA ဟာ ကျောက်ဖြူမြို့ နယ်ထဲက ဓညဝတီရေတပ်စခန်းကို ဦးတည်တိုက်ခိုက်နေပြီး မတ်လ ၁၅ ၊ ၁၆ ၊ ၁၇ ရက်တွေမှာ ပိုမိုပြင်းထန်လာတာဖြစ်ပါတယ်။

အာရက္ခတပ်တော်ဟာ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်းနဲ့ ရေတပ်ဌာနချုပ်တို့ အခြေစိုက်ထားရာနေရာတွေကို ထိုးစစ်ဆင်နေပြီး
၃၂ ရပ်တပ်ရင်းဟာ ရှေ့တန်းခံစစ်မျက်နှာလည်းဖြစ်ပါတယ်။

“ရှောက်ချောင်းရွာကို စစ်‌ကောင်စီဘက်က အင်အား ၂၀၀ ကျော်လောက်ဝင်လာတာပါ ၊ AA ဘက်က ကြားဖြတ်တိုက်လို့ အကျအရှုံးများပါတယ်။တိုက်ပွဲက‌တော့ တော်တော်ပြင်းပါတယ် ” လို့ သတင်းရင်းမြစ်ကပြောပါတယ်။

ရဲတပ်ရင်း ၃၂မှာ ခမရ (၅၄၂ ) ၊ ခမရ (၅၄၃) တပ်ရင်း က တပ်သားတွေ နဲ့ အင်အားဖြည့်ထားထားခြင်းဖြစ်ပါတယ်။
အခုလက်ရှိတိုက်ပွဲဖြစ်ပွားနေတဲ့ ရှောက်ချောင်းကျေးရွာ အပါအဝင် ၊ ဦီးကင်းကျေးရွာ ၊ ကပ်သပြေကျေးရွာနဲ့ ကြတ္တိန်ကျေးရွာတွေဟာ စစ်ကောင်စီ ရဲ့ ဒရုန်း နဲ့ တိုက်ခိုက်မှုကြောင့် ဒီရက်ပိုင်းမှာပဲ အိမ်ခြေရာနဲ့ ချီ ပျက်စီးထားပါတယ်။

အမ်းချောင်းသူ ၊ လေး၀တီFM

Kay Zue

Related Posts

61 thoughts on “ကျောက်ဖြူ မြို့နယ် နေရာနှစ်ခုမှာ တိုက်ပွဲဖြစ်ပွားနေ၃၂ ရဲတပ်ရင်း အထိ AA ထိုးစစ်ရောက်ရှိလာ

Leave a Reply

Your email address will not be published. Required fields are marked *