Laywaddy FM

ကျောက်ဖြူ တိုက်ပွဲမှာ တရုတ်လက်နက်ကိုင် တပ်သားတွေက နည်းပညာအကူအညီပေးနေတယ်လို့ ရှေ့တန်း စစ်မျက်နှာက အတည်ပြုလာ

ကျောက်ဖြူ တိုက်ပွဲမှာ တရုတ်လက်နက်ကိုင် တပ်သားတွေက နည်းပညာအကူအညီပေးနေတယ်လို့ ရှေ့တန်း စစ်မျက်နှာက အတည်ပြုလာ

တရုတ်ရင်းနှီးမြုပ်နံမှုတွေ များစွာရှိနေတဲ့ ကျောက်ဖြူမြို့နယ် တစ်ခုလုံးကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်နေပြီး ၊ အဲ့ဒီတိုက်ပွဲမှာ တရုတ်စစ်သားတွေက နည်းပညာ ပိုင်းဆိုင်ရာ အကူအညီတွေပေးနေတယ်လို့ စစ်ပွဲတွင်း သတင်းအချက်အလက်တွေ အရ သိရပါတယ်။

တရုတ်စစ်သား နည်းပညာရှင်တွေဟာ လက်ရှိ ထိုးစစ်ဆင်နေတဲ့ ကျောက်ဖြူမြို့က ဓညဝတီ ရေတပ်ဌာနချုပ် နဲ့ ရေတပ်(Navy)သဘေ်ာ တွေ ပေါ်မှာရှိနေပြီး ဒရုန်း နဲ့ နည်းပညာတိုက်ခိုက်ရေး ပိုင်း ကို အဓိက အားဖြည့်ပေးနေတယ်လို့ ဆိုပါတယ်။

“အထူးသဖြင့် ကျောက်ဖြူတိုက်ပွဲမှာ AA ဘက်က ဒရုန်းတွေလွှတ်တဲ့ အချိန်မှာ တစ်ဖက်ကို လုံးဝချလို့မရဘူး ၊ သူတို့ရဲ့ ဂျန်မာ တွေက အဆင့်မြင့်တယ်။ နည်းပညာ နဲ့ ပတ်သက်ပြီး တရုတ်ကူညီနေလို့ စကစ ဘက်က အားသာချက်ရှိနေတယ် ၊ လုံခြုံရေးယူထားတဲ့ နေဗီပေါ်မှာ လည်း သူတို့ကို တွေ့နေရတယ် ဆိုတဲ့ သတင်းတွေ ရထားတယ် “ လို့ လေးဝတီ FM ရဲ့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ကျောက်ဖြူမြို့ မဒေးကျွန်းမှာ အခြေစိုက်ထားတဲ့ အဆောက်အုံစီမံကိန်းကြီးတွေ ကို ကာကွယ်ဖို့ တရုတ်လုံခြုံရေးတပ်တွေ ပို့လွှတ်ထားသလို ၊
ဓညဝတီရေတပ် ဌာနချုပ်မှာလည်း တရုတ် ဒရုန်းနည်းပညာရှင်တွေ ကို အခုလို့ အသုံးပြုနေတာဖြစ်ပါတယ်။

“သစ်ပုတ်တောင် ရေတပ်ဌာနချုပ်ရဲ့ ကွန်ပြူတာခန်းနဲ့ ရေတပ်သဘေ်ာတွေ ပေါ်မှာ တရုတ်ဘက်က နည်းပညာခေါင်းဆောင်တွေ ပါတယ်” လို့ စစ်ကောင်စီ နဲ့ နီးစပ်သူ က ပြောပါတယ်။

နိုဝင်ဘာလ အတွင်းမှာ အတည်ပြုလိုက်တဲ့ ပုဂ္ဂလိက လုံခြုံရေးဆိုင်ရာဝန်ဆောင်မှု ဆိုင်ရာ ဉပဒေ ကို ပြဌာန်းလိုက်ပြီး နောက်မှာ ပြီး လေ့ကျင့်ထားတဲ့ တရုတ်စစ်သား ဟောင်းတွေကို “လုံခြုံရေးဝန်ထမ်း ” အမည်ခံပြီး ခေါ်သွင်းခဲ့တာဖြစ်ပါတယ်။

ဒါအပြင် နိုဝင်ဘာ ၂၅ ရက်က တရုတ်ရေတပ်သဘေ်ာသုံးစင်းဟာ ရန်ကုန်မြို့ မှာ ဆိုက်ကပ်ခဲ့ပြီး စစ်ကောင်စီ ရဲ့ ရေတပ် နဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပူးတွဲလုပ်ဆောင်ခဲ့ပါသေးတယ်။

ဖေဖော်ဝါရီ ၂၇ ရက် က မှာ တရုတ် ကြေးစားစစ်သား ၂၅ ဦး ဟာလေကြောင်းက တဆင့်ကျောက်ဖြူမြို့ကို ရောက်ရှိခဲ့ကြတယ်လို့ လည်း ဒေသခံတွေက အတည်ပြုထားပါတယ်။

အဉ္စနလီညှင်း ၊ လေးဝတီ FM

Kay Zue

Related Posts

One thought on “ကျောက်ဖြူ တိုက်ပွဲမှာ တရုတ်လက်နက်ကိုင် တပ်သားတွေက နည်းပညာအကူအညီပေးနေတယ်လို့ ရှေ့တန်း စစ်မျက်နှာက အတည်ပြုလာ

  1. Играешь в казино? up x официальный сайт Слоты, рулетка, покер и live-дилеры, простой интерфейс, стабильная работа сайта и возможность играть онлайн без сложных настроек.

Leave a Reply

Your email address will not be published. Required fields are marked *