ရခိုင်ပြည်မှာ အာရက္ခတပ်တော် ULA/AA ထိမ်းချုပ်ပြီး ပြန်လည်ထူထောင်ဖို့ ကြိုးစားနေတဲ့ မြို့တွေ မှာ စစ်ကောင်စီ ဟာ ဝေဟင်က နေ ဗုံးမိုးရွာသလို အန္တရာယ်များတဲ့ “Cluster Bombs” အမျိုးအစားတွေ ကို အသုံးပြုလာနေပါတယ်။
ULA/AA အနေနဲ့ ရခိုင်ပြည်ရဲ့ သုံးပုံ နှစ်ပုံကျော်ကို ထိမ်းချုပ်ထားပြီး ပြန်လည် ထူထောင်ရေးကိုလည်း တပြိုင်နက်ထဲ ဖော်ဆောင်နေချိန်မှာမြို့ခံတချို့ ဟာ လည်း ကိုယ့်နေရပ်ကို ပြန်လည်ဝင်ရောက်နေထိုင်လျှက်ရှိပါတယ်။
ကျောက်တော်မြို့ဟာ ကနဦးလွတ်မြောက်ခဲ့တဲ့ မြို့တွေထဲမှာ ပါဝင်ခဲ့ပြီး ပြန်လည် အခြေချဖို့ ပြင်ဆင်နေတာ တစ်နှစ်ကျော်ကြာပြီလည်းဖြစ်ပါတယ်။
လတ်တလော တိုက်ပွဲ ဧရိယာ ဟာ စစ်တွေ နဲ့ ကျောက်ဖြူ မြို့ နယ်တွေ ဆိုပေမယ့် စစ်ကောင်စီကတော့ စွန့်လွှတ်ခဲ့ရတဲ့ တခြားမြို့တွေကို လေကြောင်းက ဦးတည်နေတာကို တွေ့ရပါတယ်။
တစ်ဖက်က တိုက်ပြီး ၊ တစ်ဖက်က တည်ဆောက်နေတဲ့ အခြေအနေ မှာ စစ်ကောင်စီဟာ တည်ဆောက်ရေးလုပ်ငန်းတွေ လုပ်နေတဲ့ ဒေသတွေကို ပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။
ပြန်လည်တည်ဆောက်ရေးနဲ့ ထူထောင်ရေး အတွက် မြေမြုပ်မှိုင်းတွေကို တစ်မြို့ပြီးတစ်မြို့ ရှင်းနေတုန်းမှာပဲ ဝေဟင်က နေ ချက်ချင်းမပေါက်ကွဲပဲ ကျန်နိုင်တဲ့ ဗုံးသီးတွေကို ကြဲချနေတာဖြစ်ပါတယ်။
ဒီကနေ့ ဧပြီ ၁၉ ရက်နေ့က ကျောက်တော်မြို့ကို Cluster Bombs အမျိုးအစားတွေ အသုံးပြုပြီး တိုက်ခိုက်ခဲ့တဲ့ အတွက် HDCO က လူသားချင်းစာနာမှုဆိုင်ရာ သတိပေးချက်အနေနဲ့ ထုတ်ပြန်လာပါတယ်။
Cluster ဗုံးတွေက ထွက်ကျလာသော မပေါက်ကွဲသေးတဲ့ ဗုံးအသေးတွေဟာ ကျောက်တော်မြို့ ပေါ်မှာ ကျန်ရှိနေသေးတယ် လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းထားပါတယ် ။
“Cluster Bombs” (ကလပ်စတာ) ဆိုတာ ဗုံးတစ်လုံးထဲမှာ ဗုံးသီးအသေးစား(submunitions) တွေ ထည့်ထားတဲ့ ဗုံးတစ်မျိုးဖြစ်ပါတယ်။
တစ်နည်းအားဖြင့်တော့ ဗုံးတစ်လုံးပစ်လိုက်တာနဲ့ အထဲမှာ ပါတဲ့ ဗုံးအသေးတွေပါ ပြန့်ကြဲ ပေါက်ထွက်သွားတာမျိုးဖြစ်ပါတယ်။
တိကျတဲ့ ပစ်မှတ်တစ်ခုစီကို ချိန်ရွယ်ပစ်တာမျိုးမဟုတ်ဘဲ ဧရိယာ တစ်ခုလုံး ကို ပျံ့နှံ့ပေါက်ကွဲစေတာမျိုးဖြစ်ပါတယ်။ ဒါအပြင် မပေါက်ကွဲသေးတဲ့ ဗုံးသီးတွေဟာ နေရာအနှံ့မှာ စစ်ကျန်လက်နက် အဖြစ် ကျန်ရှိနိုင်တဲ့ ဗုံးအမျိုးအစား ဖြစ်ပါတယ်။
ဒီဗုံးသီးတွေ ရဲ့ အန္တာရာယ်ဟာ ရပ်ရွာတွေ အတွင်းမှာ ပြန်လည်ဝင်ရောက်နေထိုင် နေတဲ့ အရပ်သားတွေကို ၊ ရေတို ရေရှည် ထိခိုက်နိုင်တဲ့လက်နက်ဖြစ်ပါတယ်။
မဖောက်ကွဲနိုင်တဲ့ submunitions – တချို့သော ဗုံးအသေးတွေ ဟာ မဖောက်ကွဲဘဲ မြေအောက်မှာ စစ်ကျန် ပစ္စည်း အဖြစ်ကျန်ရစ်တတ်ပါတယ်။
ဒီလိုဗုံးတွေကြောင့် ရပ်ရွာအတွင်း ကလေးတွေ နဲ့ စိုက်ပျိုးထွန်ယက်သူတွေ ကို ရေရှည်မှာ ထိခိုက်စေနိုင်ပြီး စစ်ဘေးစစ်ဒဏ်တွေကို သားစဉ်မြေးဆက်ခံရစေနိုင်တဲ့ အခြေအနေမျိုးလည်းဖြစ်ပါတယ်။
စစ်ပွဲပြီးနောက် မှာ လူထုဘဝထဲမှာ ထပ်ဆင့်ထိခိုက်မှု ဖြစ်စေနိုင်တဲ့ အမျိုးအစားတွေ ဖြစ်လို့ ပြန်လည်ထူထောင်ရေး မလုပ်နိုင်အောင် အဖျက်အမှောက် လုပ်နေတာမျိုးလည်းဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံ တွေမှာ Cluster Bombs သုံးတာကိုတားမြစ်ဖို့ ၂၀၀၈ ခုနှစ်မှာ Convention on Cluster Munitions ဆိုတဲ့ စာချုပ်တစ်ခုကို နိုင်ငံတော်အများအပြား လက်မှတ်ရေးထိုးခဲ့ပါတယ်။ တချို့နိုင်ငံတွေက တော့ ဒီစာချုပ်ကို လက်မမှတ်ရေးထိုးဘဲ သုံးဆက်နေဆဲ ဖြစ်တတ်ပါတယ်။
Cluster Bombs ဟာ တစ်နေရာတည်းကို မထိခိုက်ဘဲ ပျံ့နှံ့ ပြီး ကျသွားတတ်ပါတယ်။ ဒါကြောင့် ကျေးရွာတွေ၊ ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ လူနေအိမ်ရာတွေ အထိပါ ထိခိုက်လာတတ်တယ်။
စစ်ကျန်လက်နက်ပစ္စည်းတွေရဲ့ အကျိုးဆက်တွေဟာ တိုက်ပွဲဖြစ်ပွားစဉ် က ထက်ပိုမို ထူထောင်ရခက်ခဲတဲ့ ကိစ္စလည်းဖြစ်ပါတယ်။
Cluster Bombs အသုံးပြုခြင်းဟာ လူသားမှုဆိုင်ရာဥပဒေ (International Humanitarian Law) ကို ချိုးဖောက်တာ ဖြစ်ပါတယ်။
ငြိမ်းချမ်းစေ ၊ လေးဝတီFM
A convenient car catalog auto ae catalog brands, models, specifications, and current prices. Compare engines, fuel consumption, trim levels, and equipment to find the car that meets your needs.