Laywaddy FM

ကျောက်တော်မြို့ ပေါ် ကို လေကြောင်းက ဗုံးကြဲ ၊ အမျိုးသမီး နဲ့ ကလေးငယ်တွေ အပါအဝင် လူ (၂၀) ကျော် ထိခိုက် ဒဏ်ရာရ

ကျောက်တော်မြို့ ပေါ် ကို လေကြောင်းက ဗုံးကြဲ ၊ အမျိုးသမီး နဲ့ ကလေးငယ်တွေ အပါအဝင် လူ (၂၀) ကျော် ထိခိုက် ဒဏ်ရာရ

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကျောက်တော်မြို့ပေါ်မှာ ပြန်လည်နေထိုင်တဲ့ အရပ်သား ၂၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အမျိုးသမီး တွေ နဲ့ ကလေးငယ်တွေ အများအပြားထိခိုက်ခဲ့ပါတယ်။

ဒီကနေ့ ဧပြီလ ၁၉ ရက် မနက် နှစ်နာရီ အများသူငါ အိပ်ပျော်နေချိန်မှာ အခုလိုလာရောက် ဗုံးကြဲခဲ့တာဖြစ်ပါတယ်။

ဒီဖြစ်စဉ်ကို လူသားချင်းစာနာမှု ဆိုင်ရာ အရေးပေါ်သတိပေးချက်အဖြစ် HDCO က ထုတ်ပြန်ထားပါတယ်။

“ကျောက်တော် လေကြောင်းတိုက်ခိုက်ခံရမှုမှာ တစ်ဦးသေဆုံးပြီး လူနှစ်ဆယ်ကျော် ဒဏ်ရာ ရသွားတယ်၊ သမာဝါယမ ရုံးနဲ့ ဌာနဆိုင်ရာ ရုံးတွေ ကို ထိတာများတယ်” လို့ ကျောက်တော် ဒေသခံတစ်ဦးက ပြောပါတယ်။

ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်က ဦးကျော်စိုး(ခ)မောင်ငယ် (၄၀ နှစ်) ဟာ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရပါတယ်။

ကျောက်တော်မြို့ က (၁) မချစ်မြတ်ဝေ (၁၉ နှစ်)၊ (၂) ဒေါ်အေးရီ(၄၈ နှစ်)၊ (၃) ဒေါ်ရွှီဇင်(၃၈ နှစ်)၊ (၄) ဒေါ်အေးမြရီ (၄၄ နှစ်)၊ (၅) ဒေါ်လှသန္တာ(၃၂ နှစ်) ၊ (၆) ဒေါ် စုစုမြတ်ဇော်(၃၂ နှစ်)၊ (၇) ဒေါ် ဦးခင်နု(၆၇ နှစ်)၊ (၈) ဒေါ်အေးကျော့ညွှန့် (၆၄ နှစ်)၊ (၉) မခိုင်မြတ်နွယ်(၁၄ နှစ်) နဲ့ အမျိုးသား များဖြစ်တဲ့ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်က မောင်အောင်မြတ်ဟိန်း(၄ နှစ်)၊ မောင်ဇော်မျိုးနိုင်(၈ နှစ်)၊ မောင်ဖြိုးမင်းသိန်း(၉ နှစ်)၊ဦးမောင်လှဝင်း(၄၆ နှစ်)၊ ဦးဇော်ချေ (၃၉ နှစ်)၊ ၊

မြို့သစ် ရပ်ကွက်ကမောင် ဆန်းကျော်ဝင်း(၉ နှစ်)၊မောင် ခိုင်မြတ်လင်း (၁၂ နှစ်)၊ ဦးကျော်မိုး(၄၃ နှစ်)၊ ဦးမောင်သန်းဝင်း(၅၀ နှစ်)၊ ဦးအောင်ထွန်းမြတ်(၄၄ နှစ်)နန့် ဦးကျော်မင်းထွန်း(၃၈ နှစ်) တို့ ဟာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီတိုက်ခိုက်မှုမှာ တမ်းရှည်စွာဖြင့် မပေါက်ကွဲပဲ (bomblets) များအဖြစ် ကျန်ရှိနေတတ်တဲ့ ကလပ်စတာ ဗုံးအမျိုးအစားကို အသုံးပြုထားတဲ့ အတွက် ပြည်သူအတွက် ရေတိုရေရှည် အန္တာရယ်ဖြစ်နိုင်တယ်လို့လည်း HDCO က ထုတ်ပြန်ထားပါတယ်။

အမ်းချောင်းသူ ၊ လေးဝတီ FM

Kay Zue

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *