Laywaddy FM

နမ်းဖဲတောင်ကျေးရွာကို AAသိမ်းပိုက်လိုက်ပြီး ပြိုင်းစေ့ကေရွာ အနီး တိုက်ပွဲပြင်းထန်

နမ်းဖဲတောင်ကျေးရွာကို AAသိမ်းပိုက်လိုက်ပြီး ပြိုင်းစေ့ကေရွာ အနီး တိုက်ပွဲပြင်းထန်

ရခိုင်ပြည် ကျောက်ဖြူမြို့နယ်မှာ အခြေစိုက်ထားတဲ့ စစ်ကောင်စီ ရဲတပ်ရင်း ၃၂ အရှေ့ ဘက်မှာရှိတဲ့ နမ်းဖဲတောင်ကျေးရွာ ကာကင်းစခန်းကို AAဘက်က သိမ်းပိုက်လိုက်ပြီး ပြိုင်းစေ့ကေ ရွာမှာ စစ်ကောင်စီနဲ့ နှစ်ဖက် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ သတင်းရရှိပါတယ်။

စက်မူလက်မူသင်တန်းကျောင်းက ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ နဲ့ နမ်းဖဲတောင်ကျေးရွာမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တွေ ပူးပေါင်း တပ်စွဲထားတဲ့အရေးပေါ်ကာကင်း စခန်းကို AA က ဒီရက်ပိုင်းထဲမှာ သိမ်းပိုက်ထိန်းချုပ်လိုက်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က လေး၀တီFM ကို ပြောပါတယ်။

“နမ်းဖဲတောင်ကို တိုက်နေတာ ၂ ရက်လောက်ရှိပြီ၊ အခုတော့သိမ်းလိုက်ပြီလို့သိရတယ်။စစ်ကောင်စီတပ်ဖွဲ့၀င်တွေက ၃၂ ကို၀င်ပြေးသွားကြပါတယ်”လို့ သူကဆိုပါတယ်။

ရဲတပ်ရင်းကို နောက်ဆုပ်သွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဟာ AA ကိုပြန်လည်ခုခံဖို့ အတွက် အနီးပတ်လည်မှာ ကာကင်းမိုင်းအဖြစ် မိုင်းတွေကို အထပ်ထပ် အဆင်သင့်ထောင်ထားတယ်လို့ ဒေသခံက ပြောပါတယ်။

အလားတူပဲ ၃၂ ရဲတပ်ရင်း ၀င်ပေါက်ဂိတ်တစ်ခုဖြစ်တဲ့ ပြိုင်းစေ့ကေ ကျေးရွာမှာ တပ်စွဲထားတဲ့ နေရာတွေ ကိုAAဘက်က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန် နေတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

“စာသင်ကျောင်း၊ဘုန်းကြီးကျောင်း၊ဘုရားကုန်း နေရာတွေကို စစ်ကောင်စီကနေရာယူစခန်းချထားတယ် အခုကအနီးအနားတွေတိုက်ပွဲပြင်းနေတယ်”လို့ သူကပြောပါတယ်။

စစ်ကောင်စီရဲတပ်ရင်း ၃၂ ကို ကာကင်းစခန်းတွေနဲ့ ၀ိုင်းရံထားပေမယ့် AAသိမ်းပိုက်မူအောက်ကို တစ်ခုပြီးတစ်ခု ရောက်ရှိနေပြီး တပ်ရင်း နဲ့ အနီးဆုံး နမ်းဖဲတောင်ကျေးရွာကာကင်းထိကို သိမ်းပိုက်ထားနိုင်တာဖြစ်ပါတယ်။

မကြာမီ ထိုးစစ်ရောက်နိုင်ဖွယ် များပြားနေတဲ့ ရဲတပ်ရင်း ၃၂ ရဲ အဓိကထွက်လမ်းဖြစ်တဲ့ ကျောက်ဖြူမြို့ကို ဦးတည်ပြီး နေရာအချို့ကို ကင်းအုပ်စုတွေ လျှို့၀ှက်ချကာ ထွက်ပေါက်ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

အဉ္စနလီညှင်း (လေး၀တီFM)

Kay Zue

Related Posts

15 thoughts on “နမ်းဖဲတောင်ကျေးရွာကို AAသိမ်းပိုက်လိုက်ပြီး ပြိုင်းစေ့ကေရွာ အနီး တိုက်ပွဲပြင်းထန်

  1. Do you love excitement? https://jerseysbeststore.com/tips offers premium pre-match and live sports betting, as well as a legal online casino. Try your luck on modern slots, table games, or with live dealers. We guarantee complete data security, fair results, and 24/7 player support.

Leave a Reply

Your email address will not be published. Required fields are marked *