Laywaddy FM

ပြည်တွင်းအနုပညာရှင်တွေ ရွေးကောက်ပွဲလှုံ့ဆော်ရေးမှာ တစ်သုတ်ပြီး တစ်သုတ်ပါဝင်လာ

ပြည်တွင်းအနုပညာရှင်တွေ ရွေးကောက်ပွဲလှုံ့ဆော်ရေးမှာ တစ်သုတ်ပြီး တစ်သုတ်ပါဝင်လာ

ပြည်တွင်းက အနုပညာရှင်တွေပါဝင်ပြီး စစ်ကော်မရှင်ရွေးကောက်ပွဲမှာ မဲထည့်ဖို့ စည်းရုံးလှုံ့ဆော်ရေးတွေ ဆက်တိုက်လုပ်ကိုင်လာပါတယ်။

အဆိုတော်တွေ ဖြစ်တဲ့ အောင်လ၊ ဝေလ၊ ဖိုးကာ၊ ရဲရင့်အောင်၊ အောင်ထက်၊ ဖြိုးပြည့်စုံ၊ ဟန်နေတာ၊ နီနီခင်ဇော်၊ မိစန္ဒီ၊ ချမ်းမြေ့မောင်ချို၊ မေလသံစဥ်၊ အိမ့်ချစ်၊ အေးမြဖြူနဲ့ လိမ္မော်သီးတို့ က ရွေးကောက်ပွဲမှာ မဲထည့်ဖို့ လက်အောက်ခံ မြန်မာ့အသံနဲ့ မြဝတီ ချန်နယ်တွေက တဆင့် စည်းရုံးလှုံ့ဆော်နေကြရတာဖြစ်ပါတယ်။

မကြာသေးခင်ကမှ သရုပ်ဆောင်ဖွေးဖွေး နဲ့ သရုပ်ဆောင် အလင်းရောင် အပါအဝင် အနုပညာရှင်တွေကို ခေါ်ယူဖိအားပေးခဲ့ပြီး အခုလို တစ်သုတ်ပြီး တစ်သုတ်ကို အသုံးချလာတာဖြစ်ပါတယ်။

အာဏာသိမ်းစစ်တပ်က နိုင်ငံရေးထွက်ပေါက်အဖြစ် ရွေးကောက်ပွဲအတု ကို ဒီဇင်ဘာလထဲမှာ ကျင်းပဖို့ စီစဥ်ထားပြီး ဒီရွေးကောက်ပွဲအပေါ် ပြည်သူ ၉၈ ရာခိုင်နှုန်းက အယုံအကြည်မရှိကြောင်း ပြည်သူ့လှုပ်ရှားမှု ပလက်ဖောင်း (Platform for People Movement) ကောက်ယူထားတဲ့ စစ်တမ်းမှာ ဖော်ပြထားသလို နိုင်ငံတကာကလည်း လက်မခံကြောင်း ပြသထားတာ ဖြစ်ပါတယ်။

LaywaddyFM

Kay Zue

Related Posts

123 thoughts on “ပြည်တွင်းအနုပညာရှင်တွေ ရွေးကောက်ပွဲလှုံ့ဆော်ရေးမှာ တစ်သုတ်ပြီး တစ်သုတ်ပါဝင်လာ

Leave a Reply

Your email address will not be published. Required fields are marked *