ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ထဲမှာရှိတဲ့ ပွိုင့် ၆၆၆ စခန်း ကို ပြန်လည်ထိုးစစ်ဆင်တဲ့ တိုက်ပွဲမှာ စစ်ကော်မရှင်ဘက်က ဒုဗိုလ်မှူးကြီး အဆင့် တစ်ဦးနဲ့ အတူ တပ်သား ၅၀ ကျော် သေဆုံးခဲ့တယ် လို့ AAနဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က အတည်ပြုပါတယ်။
ဒီတိုက်ပွဲမှာ စစ်ကော်မရှင် တပ်သား ၁၀ ဦးထက်မနည်း ဖမ်းဆီးမိခဲ့တယ်လို့ ကနဦးသတင်းတွေရရှိခဲ့ပြီး ၊ တိုက်ပွဲအတွင်း သေဆုံးမှုအခြေအနေတွေကို ဒီဇင်ဘာ ၂၃ ရက်မှာ ထပ်မံစုံစမ်း သိရှိထားတာဖြစ်ပါတယ်။
ပွိုင့် ၆၆၆ စခန်းကို စစ်ကော်မရှင်ဘက် ဒီဇင်ဘာ ၂၀ ရက်နေ့ ညနေပိုင်းမှာ ထိုးစစ်ဆင်ခဲ့တာပါ။
အဲ့ဒီတိုက်ပွဲမှာပဲ စစ်ကြောင်းမှူး ဒုဗိုလ်မှူးကြီး ကို AA ရဲ့ စနိုက်ဘာ ထိမှန်သေဆုံးခဲ့တာဖြစ်တယ်လို့ စစ်ရေးသတင်းရင်းမြစ်က အတည်ပြုပါတယ်။
” သူတို့ဘက်က ပြန်ပြီးထိုးစစ်ဆင်လာတာပါ ။ ဆင်လန် ၊ ညောင်ကျိုး ၊ ပွိုင့် ၆၆၆ စခန်းတွေကို စစ်ကြောင်းတွေ စစ်ကြောင်းတွေ ပြန်ထိုးနေတာပါ၊ စစ်ကြောင်းမှူး ဒုဗိုလ်မှူး ကို ထိပါတယ်။ နာမည်မသိသေးပါ ။ ဒါပေမယ့် သူတို့ ဘက်က အကျအဆုံးတွေနဲ့ ပြန်ဆုတ်နေကြပါပြီ” လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဒါအပြင်အဲ့ဒီစစ်ကြောင်းမှာပါဝင်တဲ့ တပ်သား ၅၀ ကျော်ကျဆုံးပြီး ၊ ဆယ်ဦးကို ဖမ်းဆီးမိခဲ့တယ်လို့ AA နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
ပွိုင့် ၆၆၆ ကာကင်းစခန်းဟာ ပန်းတောင်မြို့နယ်ထဲက ကပစ ၁၆ ရဲ့ ကို ခြိမ်းခြောက်နိုင်တဲ့ စခန်းတစ်ခုဖြစ်ပြီး ၊ ကော်မရှင်ဘက်က ပြန်လည်ရယူဖို့ ဆက်တိုက် ကြိုးပန်းလာတာဖြစ်ပါတယ်။
၂၀၂၅ မတ်လအတွင်းကလည်း စစ်ကောင်စီရဲ့ ဒုတပ်ရင်းမှူး ဗိုလ်မှူးသန့်ဇော်ဟိန်း ဟာ AA နဲ့ ပူးပေါင်းတပ်တွေ ရဲ့ လက်ချက်နဲ့ ပန်းတောင်းမြို့နယ် ညောင်ကျိုးစခန်းသိမ်းတိုက်ပွဲတွင်းမှာ သေဆုံးခဲ့ပါတယ်။
လေးဝတီ FM