Laywaddy FM

စစ်တွေနဲ့ ကျောက်ဖြူ စစ်မျက်နှာမှာ AA ဘက်က ပျောက်ကြားစနစ် နဲ့ အားသာမှုရနေ

စစ်တွေနဲ့ ကျောက်ဖြူ စစ်မျက်နှာမှာ AA ဘက်က ပျောက်ကြားစနစ် နဲ့ အားသာမှုရနေ

စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေ က တိုက်ပွဲတွေမှာ အာရက္ခတပ်တော် AA ဘက်က ပျောက်ကြားစနစ်နဲ့ တိုက်ခိုက်နေပြီး မြို့နယ် နှစ်ခုလုံးမှာ အားသာမှုရနေတယ်လို့ ဒေသ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကျောက်ဖြူမြို့နယ်ထဲက ၃၂ ရဲတပ်ရင်း ၊ ဓညဝတီရေတပ်ဌာနချုပ် တို့ကို ပျောက်ကြားစနစ်နဲ့ ဒီတစ်ပတ်အတွင်းမှာ သုံးကြိမ်ထက်မနည်း ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် စစ်ကော်မရှင်ဘက်က အထိနာခဲ့ပါတယ်။

အလားတူပဲ စစ်တွေ အမြင့်ကျွန်း ၊ ဝါဘို နဲ့ ဒကစ ကာကင်းစခန်းတွေကို ပျောက်ကြားစနစ်နဲ့ ဝင်တိုက်ခဲ့ပြီး စစ်ကော်မရှင်ဘက်က သေဆုံးဒဏ်ရာ ရသူတွေမြင့်တက်ခဲ့တယ်လို့ သိရပါတယ်။

“စကစ ဘက်က ပျော်ပွဲရွှင်ပွဲတွေ လုပ်နေတော့ အဲ့ဒီဘက်တွေကိုလည်း လုံခြုံရေးတွေယူပေးရတယ် ၊ ကာကင်းတွေမှာလည်း သောက်လိုက်စားလိုက်နဲ့ ဖြစ်နေကြချိန် ဝင်ဝင်ဆော်သွားတာ ၊ အင်အားထပ်ဖြည့်လိုက်ရင် မလာတော့ဘူး ၊ တခြားတစ်ဖက်က စခန်းကို သွားချတယ် “ လို့ စစ်တွေ မြို့ စစ်ရေးစောင့်ကြည့်လေ့လာသူက ပြောပါတယ်။

စစ်ကော်မရှင်ဘက်ကလည်း အဓိက စခန်းတွေတိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကော်မရှင်ဘက်က လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန် ပြုလုပ်နေတယ်လို့သတင်းရရှိပါတယ်။

“စကစ ဘက်က ဒရုန်းတွေ နဲ့ လေကြောင်း အရမ်းသုံးတယ်၊ သူတို့ ခြေရာခံလို့မရအောင် လှုပ်ရှားနေပုံရတယ် ၊ ပစ်ခတ်သံတွေက စခန်းတစ်ခုတည်းမှာ ဖြစ်နေတာမျိုးမဟုတ်ဘူး ၊ တစ်ရက်နဲ့ တစ်ရက် ထိတွေ့ တိုက်ပွဲဖြစ်တဲ့နေရာချင်းမတူဘူး၊ “ လို့ ကျောက်ဖြူ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

ULA/AA ထိန်းချုပ်ထားတဲ့ပုဏ္ဏားကျွန်း ၊ ပေါက်တော မြို့တွေကို စစ်ကော်မရှင်က လက်လှမ်းမှီသလောက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ ဆိုပါတယ်။

ဒါအပြင် ကျောက်ဖြူမြို့နဲ့ အနီးပတ်ဝန်းကျင်မှာ ရှိတဲ့ကျေးရွာတွေကို လေကြောင်းက တိုက်ခိုက်နေတယ်လို့ သတင်းရရှိပါတယ်။

စစ်တွေနဲ့ ကျောက်ဖြူ တိုက်ပွဲတွေမှာ အသုံးပြုဖို့ အင်အားထောင်ချီ တဲ့ ပြည်သူ့စစ်တပ်သားတွေကို ရေတပ်သဘေ်ာတွေနဲ့ ၂၀၂၅ နှစ်လယ်ပိုင်းကတည်းက သယ်ဆောင်ထားတာဖြစ်ပါတယ်။

ကျောက်ဖြူ နဲ့ စစ်တွေ မြို့နယ်တွေဟာ ၂၀၂၅ နှစ်ဆန်းပိုင်းကတည်းက စစ်ဆိုင်ထားပေမယ့် ၊ မြို့သိမ်းတိုက်ပွဲအသွင် ထိုးစစ်အနေနဲ့ မဖော်ဆောင်သေးဘူးလို့ ပြောနိုင်ပါတယ်။

လေးဝတီ FM

Kay Zue

Related Posts

132 thoughts on “စစ်တွေနဲ့ ကျောက်ဖြူ စစ်မျက်နှာမှာ AA ဘက်က ပျောက်ကြားစနစ် နဲ့ အားသာမှုရနေ

  1. Hello! I know this is kinda off topic but I’d figured I’d ask. Would you be interested in trading links or maybe guest writing a blog post or vice-versa? My site covers a lot of the same subjects as yours and I feel we could greatly benefit from each other. If you are interested feel free to shoot me an e-mail. I look forward to hearing from you! Excellent blog by the way!

  2. I was recommended this website by my cousin. I’m not sure whether this post is written by him as no one else know such detailed about my difficulty. You’re incredible! Thanks!

  3. Good website! I really love how it is easy on my eyes and the data are well written. I’m wondering how I might be notified when a new post has been made. I have subscribed to your feed which must do the trick! Have a nice day!

  4. Woah! I’m rezlly digging thhe template/theme off
    thuis website. It’s simple, yett effective. A lott off imes it’s very had to geet that
    “perfect balance” between usability aand viosual appearance.

    I muzt saay you’ve doine a exceloent job
    with this. Also, tthe blog loads ssuper quick forr me on Firefox.

    Exeptional Blog!

    Here iss myy web ste xxx

Leave a Reply

Your email address will not be published. Required fields are marked *