ပြီးခဲ့သောရက်ပိုင်းတွင် ရခိုင်ပြည်မြောက်ဦးမြို့ တစ်နေရာမှာ ငွေဒဂ်ါးတချို့ တူးဖော်ရရှိသည့် သတင်းကို အကျွန်ဖတ်မိခဲ့သည်။
အကျွန်လေ့လာမိသလောက် ငွေ ဒဂ်ါများအကြောင်းကို ပေါ့ပေါ့ပါးပါးပုံစံဖြင့် ဆွေးနွေးတင်ပြချင်ပါသည်။
ရခိုင်ပြည်တွင် ငွေဒင်္ဂါးများကို စတင်သုံးစွဲခဲ့သည့် ကာလမှာ အေဒီ ၄ ရာစုဝန်းကျင် ဝေသာလီ ခေတ်ကတည်းကပင် ဖြစ်သည်ဟု သမိုင်းမှတ်တမ်းများတွင် တွေ့ရသည်။
၎င်းသည် ပုဂံမင်းဆက်ထက် ရာစုနှစ်ပေါင်းများစွာ စောသလို ၊ ခေတ်ပြိုင်ဖြစ်သော ပျူမြို့ပြနိုင်ငံများ၏ ဒင်္ဂါးစနစ်ထက်လည်း ပိုမိုစနစ်ကျသည်ဟု တွေ့ရသည်။
ဒါကြောင့် ရခိုင်ပြည်၏ ငွေဒင်္ဂါးသမိုင်းသည် မြန်မာ့မြေပေါ်ရှိ မြို့ပြ နိုင်ငံများအနက် “အစောဆုံးနှင့်အဆင့်အတန်းအမြင့်မားဆုံးသော ငွေကြေးယဉ်ကျေးမှု “ကို ဖော်ပြနေသည့်သမိုင်းမှတ်တမ်းကြီးတစ်ခု ဟု ကောက်ချက် ချနိုင်ပါသည်။
ဒဂ်ါးများသုံးစွဲခဲ့သည့် လူမျိုး၊ နိုင်ငံများအနက် ပျူဒင်္ဂါးများတွင် သင်္ကေတများသာ ပါရှိသော်လည်း ရခိုင်ဒင်္ဂါးများတွင်မူ မင်းအမည်နှင့် နန်းတက်နှစ်များကို တိကျစွာ ရိုက်နှိပ်ခဲ့ခြင်းမှာ အလွန်ထူးခြားသည့် ဝိသေသတစ်ခု ဖြစ်ပါသည်။
ဝေသာလီခေတ်ဦးကာလ အေဒီ ၄၅၄ ခန့်တွင် စိုးစံခဲ့သော ဒေဝစန္ဒြမင်းလက်ထက်မှစ၍ မင်းအမည် ပါသော ငွေဒင်္ဂါးများကို စတင်သွန်းလုပ်ခဲ့ကြပါသည်။
ထိုခေတ်က ရခိုင်ပြည်သည် အိန္ဒိယမြောက်ပိုင်းရှိ ဂုတ္တမင်းဆက်များနှင့် အကြီးအကျယ် ကုန်သွယ် မှုပြုခဲ့သဖြင့် ဒင်္ဂါးများပေါ်တွင် ဗြာဟ္မီစာ မှဆင်းသက်လာသော နာဂရီအက္ခရာများကိုအသုံးပြုခဲ့ ကြပါသည်။
ဒင်္ဂါးတစ်ဖက်တွင် မင်းအမည်ကို ရေးထိုးပြီး အခြားတစ်ဖက်တွင် သီဝနတ်ဘုရား၏ စီးတော် ယာဉ်ဖြစ်သော နွားလားဥဿဘနှင့် ကျက်သရေမင်္ဂလာဆိုင်ရာ သီရိဝစ္ဆအမှတ်အသားများကိုရိုက်နှိပ် ခဲ့ကြပါသည်။
ရခိုင်မင်းဆက်များသည် ၎င်းတို့၏ နိုင်ငံရေးအာဏာနှင့် တရားဝင်မှုကို ဘာသာရေးဆိုင်ရာ အမှတ်အသား များဖြင့် ပေါင်းစပ်ခဲ့ကြသည်။
ကာလရွေ့လျားလာသည်နှင့်အမျှ ရခိုင်ဒင်္ဂါးများ၏ ပုံစံသည် နိုင်ငံရေးနှင့် စီးပွားရေးအခြေအနေအပေါ် မူတည်၍ ပြောင်းလဲလာခဲ့ပါသည်။
မြောက်ဦးခေတ် (၁၅ ရာစု) သို့ ရောက်သောအခါ ရခိုင်ပြည်သည် ဘင်္ဂလားပင်လယ်အော်အတွင်း ရေကြောင်းကုန်သွယ်ရေး
အင်အားအကြီးဆုံး နိုင်ငံတစ်ခု ဖြစ်လာ ခဲ့သည်။
ထိုအခါတွင်တော့ ဘုရင်များသည် ဒင်္ဂါးပေါ်တွင် ရုပ်ပုံများအစား စာသားများကိုသာ အဓိကထား ရိုက်နှိပ် လာကြပါသည်။ မြောက်ဦးမင်းဆက်ရခိုင်မင်းဆက် ၄၉ ဆက် ရှိရာ မင်းဆက် ၄၀ ၏ ဒင်္ဂါးများကို တွေ့ရှိရသည်။
မြောက်ဦး ခေတ် ဒင်္ဂါးပြားများကို ရွှေ ငွေ ကြေးတို့ဖြင့်ပြုလုပ်ပြီး အလေးချိန်မှာ အကြီးဆုံးဒင်္ဂါး နှစ်ကျပ်ခွဲ ၊ အလတ် ဒင်္ဂါးတစ်ကျပ် ၊ သုံးမတ်၊ ဆယ်ပဲ ၊ရှစ်ပဲ ၊လေးပဲ အစရှိသည်ဖြင့်တွေ့ရတတ်သည်။
မြောက်ဦးခေတ်၏ ထူးခြားသော ဒင်္ဂါးယဉ်ကျေးမှုတစ်ခုမှာ ဘုရင်တစ်ပါးတည်းကပင် ဒင်္ဂါးအမျိုးအစား လေးမျိုးအထိ သီးခြားစီ သွန်းလုပ်ခဲ့ခြင်း ဖြစ်ပါသည်။ ဤသို့ သွန်းလုပ်ရခြင်းမှာ နိုင်ငံတော်၏ အရေးကြီး သော မှတ်တိုင်များကို ဒင်္ဂါးဖြင့်သမိုင်းတင်လိုသောကြောင့် ဖြစ်ပါသည်။
ပထမအမျိုးအစားမှာ နန်းတက်ဘိသိက်ခံသည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေသော ဒင်္ဂါးဖြစ်ပြီး ဘုရင်၏ ဘွဲ့အမည်နှင့် ခုနှစ်ကို အတည်ပြုရန် ဖြစ်သည်။
ဒုတိယအမျိုးအစားမှာ ဘုန်းလက်ရုံးနှင့် ပြည့်စုံသော မင်းတို့သာ ရရှိနိုင်သည့် ဆင်ဖြူတော် ရရှိသောအခါ “ဆင်ဖြူသခင်” ဟူသော ဘွဲ့အမည်သစ်ဖြင့် ထပ်မံသွန်းလုပ်ခြင်း ဖြစ်သည်။
တတိယအမျိုးအစားမှာ ဆင်နီတော် ထပ်မံရရှိသောအခါ “ဆင်ဖြူသခင်၊ ဆင်နီသခင်” ဟု ဘွဲ့နှစ်မျိုးတွဲ၍ ဂုဏ်ပြုသွန်းလုပ်ခြင်းဖြစ်သည်။
စတုတ္ထအမျိုးအစားမှာမူ အပြည်ပြည်ကို စစ်အောင်နိုင်ခြင်း သို့မဟုတ် နယ်မြေချဲ့ထွင်နိုင်ခြင်း အထိမ်းအမှတ်အဖြစ် “မဟာ”ဟူသော
ဘွဲ့ထူးခံ၍ သွန်းလုပ်သော ဒင်္ဂါးများ ဖြစ်သည်။
စီးပွားရေးအရ ကြည့်လျှင် ရခိုင်ဒင်္ဂါးများသည် အလွန်သန့်စင်သော ငွေစင်များဖြင့် ပြုလုပ်ထားသဖြင့် ဒေသတွင်း ကုန်သွယ်ရေးတွင် “စံ” ငွေကြေးအဖြစ်အသိအမှတ်ပြုခံခဲ့ရပါသည်။
နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအခြေအနေကို ဒင်္ဂါးအတွင်းရှိ ငွေပါဝင်မှုနှုန်းဖြင့် တိုင်းတာနိုင်ပြီး ရခိုင်မင်းဆက်များ အားကောင်းစဉ်က ငွေစင်ပါဝင်မှုနှုန်း မြင့်မားခဲ့သည်ဟု သိရသည်။
ရခိုင်ငွေဒင်္ဂါးများသည် ငွေလဲလှယ်ရေး ကိရိယာသက်သက်မဟုတ်ဘဲ နိုင်ငံတော်၏ အချုပ်အခြာအာဏာ တည်တံ့မှု၊ စီးပွားရေး ကြွယ်ဝမှုနှင့် ယဉ်ကျေးမှုပေါင်းစပ်နိုင်မှုတို့ကို ရာစုနှစ်ပေါင်းများစွာ တိုင်အောင် သက်သေထူနေသည့် သမိုင်းဝင် အမွေအနှစ်များအဖြစ် တည်ရှိနေခြင်း ဖြစ်ပါသည်။
ဒဂ်ါးများကိုတွေ့ရှိခဲ့ခြင်းသတင်း သည် သမိုင်းစာမျက်နှာ တစ်ခုကို မျှဝေနိုင်ခြင်း ၊ ရခိုင်တို့၏ ရှေးအမွေအနှစ်တစ်ခု အကြောင်းကို ဖော်ထုတ်နိုင်ခြင်းလည်းဖြစ်သည်။
အထွီးဘုံ ၊ လေးဝတီFM
You actually make it appear so easy with your presentation but I find this topic to be really something that I believe I would by no means understand. It sort of feels too complex and very extensive for me. I am looking forward on your next publish, I will try to get the cling of it!
ремонт квартири частина 1 ремонт квартир Львів
ароматы в парфюмерии https://elicebeauty.com/parfyumeriya/filter/_m174_a838/