Author: Kay Zue

အမ်းမြို့ အောက်ရွာ ရပ်ကွက်က ဒေသခံ (၁၀၀) ကျော် စစ်တပ်က နပခ ဌာနချုပ်ထဲ ကို ခေါ်သွား
ရခိုင်ပြည် အမ်းမြို့ နပခ ဌာနချုပ်အနီးက ရပ်ကွက်သူရပ်ကွက်သား ၁၀၀ ကျော်ကို စစ်ကောင်စီတပ်သားတွေ က လူသားဒိုင်းအဖြစ်ခေါ်ဆောင်သွားပြီး နပခ ဌာချုပ်ထဲမှာ ဖမ်းဆီးထားတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ် က ပေးပို့ပါတယ်။ အမ်းမြို့ တစ်ခုလုံးမှာ နေ့ရောညပါ တိုက်ပွဲဖြစ်ပွားနေတာ တစ်ပတ်လောက်ကြာမြင့်ပြီ ဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၇…

ရခိုင်ရိုးမ ကို ခြေလျင်ဖြတ်ကျော် စစ်ရှောင်လာသူ ၄၀၀ ကျော် ရိုးအဆင်းစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရ
အမ်းရိုးမပေါ်ကိုခြေလျှင်ဖြတ်ကျော် စစ်ရှောင်လာသူ စစ်ရှောင် ၄၀၀ ကျော်ဟာ အမ်းရိုးမ က စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရထားရတယ်လို့ သတင်းရ ရှိပါတယ်။ ခြေလျှင်ဖြတ်ကျော်စစ်ရှောင်လာသူ ၄၀၀ ကျော်ဟာ အမ်းရိုးမ တောင်ကြားလမ်းတစ်ခု ဖြစ်တဲ့ အမ်းမြို့နယ်နဲ့ မင်းဘူးမြို့နယ် ကြားက ကမြင်းကံ စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံထားရတာ တစ်ပတ်နီးပါးကြာမြင့်ပြီဖြစ်တယ်…

ရခိုင်မှာ တိုက်ပွဲအတွင်း အရပ်သား ၇၀၀ ကျော်သေဆုံးပြီး ၊ ငါးသိန်း ကျော်ဟာ အိုးမဲ့ အိမ်မဲ့ ဖြစ်ရ
ရခိုင်ပြည်သိမ်းတိုက်ပွဲ တစ်နှစ်တာ ကာလ အတွင်းမှာ အရပ်သားပြည်သူ ၇၀၀ ကျော်သေဆုံးခဲ့ရပြီး ငါးသိန်းကျော်ဟာ အိုးအိမ်စွန့်ခွာ စစ်ရှောင်နေရတယ်လို့ အာရက္ခအစိုးရ လူ့အခွင့်ရေးဌာန HODC က နိုဝင်ဘာ ၁၉ ရက်က ထုတ်ပြန်ပါတယ်။ အဲ့ဒီအထဲမှာ အသက်မပြည့်သေးတဲ့ ကလေးငယ် ၁၃၂ ဦးသေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါအပြင်…

KIA ဌာနချုပ်မှာ စစ်ပညာသင်ကြားနေရင်း စကစ လက်နက်ကြီးကြောင့် ကြွေလွင့်ရတဲ့ အာရက္ခတပ်တော် ဗိုလ်လောင်းများ ဆယ်နှစ်ပြည့်
၂၀၁၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက် နေ့က KIA ဌာနချုပ်မှာ စစ်ပညာသင်ကြားနေရင်း စစ်ကောင်စီရဲ့ လက်နက်ကြီး ကျည်ထိမှန်ပြီး အာရက္ခတပ်တော် က ဗိုလ်လောင်း ၈ ဉီး ကျဆုံးခဲ့ပါတယ်။ ဒီကနေ့ ၂၀၂၄ နိုဝင်ဘာ ၁၉ ရက်နေ့ဟာ ၁၀ နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်ပါတယ်။…

အလံဖြူထောင်ပြီး စစ်ရှောင်ထွက်သူတချို့ နပခ ဌာနချုပ် ရှေ့မှာ ပစ်သတ်ခံရ
ရခိုင်ပြည် အမ်းမြို့ တိုက်ပွဲအတွင်း ကျည်ဆံကြို ကျည်ဆံကြားက စစ်ရှောင်ထွက်လာတဲ့ အမ်းမြို့ အောက်ရွာကဦးဇင်းတစ်ပါး နဲ့ အရပ်သား (၅) ဉီးဟာ နပခ ဌာနချုပ်အနီးမှာ နိုဝင်ဘာ ၁၆ ရက်က ပစ်သတ်ခံလိုက်ရတယ်လို့ ကနဦးသတင်းရရှိပါတယ်။ အမ်းမြို့ နပခ ဌာနချုပ်အနီး အောက်ရွာရပ်ကွက် က ဦးဇင်းလေး…

တောင်ကုတ်မြို့ စစ်ပွဲထဲကို စစ်သင်တန်းဆင်း မွတ်ဆလင်လူငယ်တွေ အများအပြား ပို့လွှတ်ခံရ
ကျောက်ဖြူ ၊ ကျောက်နီမော်၊ စစ်တွေ ၊ ဘူးသီးတောင်မြို့တွေက ခေါ်ယူစုဆောင်း စစ်သင်တန်းပေးခံရတဲ့ မွတ်ဆလင် စစ်မှုထမ်းလူငယ် အမြောက်အများကိုတောင်ကုတ် စစ်ပွဲထဲ ကို ပို့လွှတ်ခံနေရတယ် လို့ သတင်းရရှိပါတယ်။ စစ်ကောင်စီ ရဲ့ စစ်ကူတပ်အင်အား ၁၀၀ ဝန်းကျင်ဟာ တောင်ကုတ်မြို့ထဲကို နိုဝင်ဘာ ၁၇ ရက်…

နပခ ဌာနချုပ်ရဲ့ ရိက္ခာနဲ့ ထောက်ပို့ စခန်း ၊အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ် ကို AA သိမ်းပိုက်
အမ်း ၊ နပခ ဌာနချုပ်ရဲ့ စားနပ်ရိက္ခာအတွက် အဓိက ကျတဲ့ ရိက္ခာနဲ့ ထောက်ပို့ စခန်း ဖြစ်တဲ့ အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ ကို အာရက္ခတပ်တော်က နိုဝင်ဘာ ၁၅ ရက်နေ့က သိမ်းပိုက်လိုက်တယ် လို့ သတင်းရရှိပါတယ်။ အဲ့ဒီအမှတ် (၉၂၆) တပ်ဟာ…

ရခိုင်တောင်သူတွေ စစ်ပွဲကြားမှာ မိုးစပါးရိတ်သိမ်းကြပြီ ၊ ရာသီဉတုနဲ့ စစ်ပွဲ ဒဏ်ကြောင့် အထွက်နှုန်း ထက်ဝက်ခန့်ကျဆင်း
ရခိုင်ပြည်က တောင်သူများဟာ သဘာဝဘေးနဲ့ စစ်ပွဲကြားမှာ စပါးနဲ့ သီးနှံတွေကို အဆင်ပြေသလို စိုက်ပျိုးကြရပြီး အခုလို ရိတ်သိမ်းချိန်မှာတော့ စစ်ပွဲကြားမှာ အပြေးအလွှားရိတ်နေရပြီး အထွက်နှုုန်းတွေလည်း ထက်ဝက်ခန့်ကျဆင်းနေတယ် လို့ သတင်းရရှိပါတယ်။ ရခိုင်ပြည်မှာ ပြီးခဲ့တဲ့နှစ်နိုဝင်ဘာလ က စပြီး အခုနှစ်နိုဝင်ဘာ လ အထိ စစ်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့သလို…

ဂွမြို့နယ် ကို စစ်ကောင်စီ စစ်ကြောင်းထိုးနေ လူငယ်အချို့ဖမ်းဆီးခံရ ၊ တစ်ဉီးကို ကြိုးတုတ်ပြီး ပစ်သ-တ်
ရခိုင်ပြည်၊ ဂွမြို့နယ် က ကျေးရွာ တချို့ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီဟာ ရေသိုးကျေးရွာစစ်ကြောင်းမှာ လူငယ်တစ်ဉီးကို ဖမ်းဆီးပြီးသ-တ်ဖြတ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဂွမြို့နယ် ရေသိုးကျေးရွာ ကို နိုဝင်ဘာ ၁၅ ရက်က စစ်ကြောင်းထိုးခဲ့ပြီး ရေသိုးကျေးရွာက မင်းမင်းထွန်း လို့ခေါ်တဲ့ လူငယ်တစ်ဉီးနဲ့ အတူ (၅) ဉီးကို…

အမ်းမြို့တွင်း ပိတ်မိနေသူများကို စစ်ရှောင်လျှင် အိမ်ကိုမီးတိုက်မယ်လို့ စကစ ခြိမ်းခြောက်
တိုက်ပွဲပြင်းထန်နေတဲ့ အမ်း နပခ ဌာနချုပ်အနီးက မြို့ပေါ်ရပ်ကွက်တွေမှာနေထိုင်ကြတဲ့ အမ်းဒေသခံတွေကို စစ်ဘေးရှောင်ထွက်ရင် အိမ်တွေကို မီးတိုက်မယ်လို့ ခြိမ်းခြောက်ပြီးနောက် ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းမှာ အမ်းမြို့နယ် တစ်ခုလုံးကို ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်လိုက်ပါတယ်။ အမ်းမြို့ပေါ်က လေယာဉ်ကွင်းရပ်ကွက်နဲ့ အောက်ရွာရပ်ကွက်တွေမှာ လက်နက်ကြီးကျပြီးနေအိမ်တွေ မီးလောင်ပျက်စီးတဲ့အထိ တိုက်ပွဲတွေ…