Category: သဘာဝပတ်ဝန်းကျင်
ရခိုင်ကမ်းရိုးတန်း မှ ရှေးဟောင်းခရီးသည်
ညနေခင်း နေဝင်ဆည်းဆာအချိန် ရခိုင်ကမ်းရိုးတန်း၏ ငွေရောင်သဲသောင်ပြင်ပေါ်သို့ လှိုင်းလုံးကလေး များက တိုးဝှေ့ပွတ်သပ်နေကြသည်။ ထိုလှိုင်းသံများကြားတွင် နှစ်သန်းပေါင်းများ စွာကတည်းက သမုဒ္ဒရာခရီးကို ဖြတ်သန်းလာခဲ့သည့် ရှေးဟောင်းခရီးသည်ကြီးများ ရှိနေကြသည်။ ထိုသူတို့မှာ အခြားမ ဟုတ် ကျွန်တော် တို့၏ ပင်လယ်ပြင်တွင် ခံ့ညားထည်ဝါစွာ ရှင်သန်နေကြသည့် ပင်လယ်လိပ်ကြီးများ ပင် ဖြစ်ပါသည်။…
ဆောင်းခိုငှက်တို့၏ နွေးထွေးသော ကမ်းခြေဂေဟာ
မြောက်ဘက်ကမ္ဘာခြမ်း၏ အေးခဲသောဒေသများမှ မိုင်ပေါင်းထောင်ချီ၍ မမောမပန်း ပျံသန်းလာကြသော ငှက်အုပ်များအတွက် ရခိုင်ကမ်းရိုးတန်းသည် အသက်ကယ်ဆယ်ရာ နွေးထွေးသည့် ဂေဟာတစ်ခုဖြစ်သည်။ ထိုဧည့်သည်တော်များ နှစ်စဉ်ထောင်ပေါင်းများစွာ စုဝေးရာ အစာရှာဖွေ အားဖြည့်ရာ အဓိကနေရာမှာ ရွှံ့နွံလတာပြင်များနှင့် သဲသောင်ကမ်းခြေများဖြင့် သဘာဝအတိုင်း လှပနေသော နံ့သာကျွန်းပင် ဖြစ်သည်။ နံ့သာကျွန်းသည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့အနီး…
မြောက်ဦးခေတ် ယတြာခေါင်းလောင်းကြီးကို မြုပ်နံ ထိမ်းသိမ်းခဲ့တဲ့ အဘိုးအိုတစ်ဦးက နှစ် ၆၀ ကျော် လျှို့ဝှက်ချက်ကို အာရက္ခအစိုးရထံ ထုတ်ဖော်ပြောကြား၊ သမိုင်းအမွေအနှစ်တစ်ခုကို အပ်နှံ
- ဓာတ်ပုံသတင်း
- နိုင်ငံတကာသတင်း
- ပြည်တွင်းသတင်း
- ရခိုင်သတင်း
- သတင်း
- သဘာဝပတ်ဝန်းကျင်
- သုတေသန
- အထူးကဏ္ဍ
- အရင်းအမြစ်များ
ရှေးခေတ်ရခိုင်ဘုရင်တွေလက်ထက်မှာ ကာကွယ်ရေးနဲ့ စစ်ရေးအတွက် အသုံးပြုခဲ့တဲ့ ယတြာခေါင်းလောင်းကြီးကို ပြန်လည်တူးဖော်ရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ အသက်ရှစ်ဆယ်အရွယ် ရှေ့မှီနောက်မှီ အဘိုးအိုတစ်ဦး က သူ့ရဲ့ လျှို့ဝှက်ချက်ကို အာရက္ခပြည်သူ့ အစိုးရဆီကို ပြီးခဲ့တဲ့ ဇွန်လမှာ သတင်းပေးပို့ရာကနေ ဒီခေါင်းလောင်းကြီးကို တူးဖော်နိုင်ခဲ့တာဖြစ်တယ်လို့ APM သတင်းဌာန မှာ ဖော်ပြထားပါတယ်။ ဒီယတြာခေါင်းလောင်းမှာ…
ပင်လယ်ရေ ဝင်ရောက်တတ်တဲ့ ဒေသတွေမှာ ဆားငန်မြေကို ဘယ်လိုပြုပြင်သုံးစွဲမလဲ
အထူးသဖြင့် ရခိုင်ကမ်းရိုးတန်းနဲ့ ၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေမှာ လယ်ယာမြေတွေ ထဲကို ပင်လယ်ရေငံ တွေ ဝင်ရောက်တတ်ပါတယ်။ ပင်လယ်ရေဝင်ရောက်ပြီးတဲ့ အခါ မြေဆီလွှာပျက်စီး ကျန်ခဲ့တာမျိုးဖြစ်တတ်ပါတယ်။ အဲ့ဒီလို ပျက်စီးခဲ့သွားတဲ့မြေကို ဆားငန်မြေလို့ ခေါ်ကြပါစို့။ အဲ့ဒီမြေကို ကောင်းမွန်အောင် ထိန်းသိမ်းမယ့်နည်းလမ်းတွေကို ပြောပြပေးသွားပါမယ်။ ဆားငန်မြေကို ပြုပြင်သုံးစွဲရာတွင် အရေးပါဆုံးသည် မြေပြုပြင်ခြင်း…
မြောက်ဦး (သို့မဟုတ်) အမေ့လျော့ခံ အင်ပါယာ
အနက်ရောင်ကျောက်သား နံရံတွေပေါ် ကျရောက်နေသည့် နေရောင်ခြည် ဖွဖွ နှင့် ဒီဇင်ဘာ နှင်းရည်လဲ့လဲ့ သည် ဒီအင်ပါယာ၏ ဂုဏ်ကျက်သရေ ပင်။ မြောက်ဦး၏ ဒီဇင်ဘာ ဆောင်းမနက်များ သည် ပြာသည် ၊ မှိုင်းသည် ၊ လဲ့ရီ သည် ။သိမ်မွေ့ထည်ဝါမှုတို့ သည် မြူခိုး…
ရခိုင်မှာ မိုးဆက်တိုက်ကြီးနေ ပုဏ္ဏားကျွန်းက စစ်ရှောင်နေရာတွေ ရေနစ်မြုပ် အကူအညီတွေလိုအပ်
ရခိုင်မှာ မိုးဆက်တိုက်ကြီးနေတဲ့ အတွက် ရေကြီးရေလျှံမှုတွေဖြစ်ပေါ်လျှက်ရှိပါတယ်။ ဇွန်လ ၁၅ ရက်နေ့ကနေ ၁၈ ရက်အထိ မိုးသည်းထန်စွာရွာသွန်ခဲ့ပြီး တောင်ကျရေတွေလည်း စီးနေတာဖြစ်ပါတယ်။ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်အိမ်ထောင်စု ၂၀၀ ကျော်ဟာ ရေနစ်မြုပ်မှုဒဏ်ကို ခံနေရပြီး အမိုးအကာ ၊ အစားအသောက်နဲ့ ဆေးဝါး အကူအညီတွေအရေးပေါ်လိုအပ်နေတယ်လို့ ဆိုပါတယ်။ လူသားချင်းစာနာမှု…
မြွေမျိုးစိတ်မှတ်တမ်းသစ်တစ်ခုကို ရခိုင် မြွေသုတေသနပညာရှင် မှတ်တမ်းတင်နိုင်ခဲ့
မြန်မာနိုင်ငံမှာ လာအိုအိမ်စောင့်မြွေ (သို့မဟုတ်) မြွေဝံပုလွေမျိုးစိတ်သစ်တစ်ခုကို ရခိုင်မြွေသုတေသနပညာရှင် မစိုးသန္တာအောင်ကဦးဆောင်ပြီး မှတ်တမ်းသစ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ မျိုးစိတ်သစ်ဟာ မြန်မာနိုင်ငံမှာယခင်က မှတ်တမ်းတွေ မရှိသေးပေမယ့် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် တနင်္သာရီတိုင်းတွေမှာ တွေ့ရှိရတဲ့ လေ့လာမှုမှတ်တမ်း တွေအရ မှတ်တမ်းသစ်ကို နိုင်ငံအဆင့်အနေဖြင့် ပထမဦးဆုံးတင်ပြခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “အခုဆိုရင် တွားသွားသတ္တဝါတွေက…
ရခိုင်ကမ်းရိုးတန်းကို သက်ရောက်နိုင်တဲ့ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၁၀၀% ရှိလာ
မေလ ၂၉ ရက်နေ့မှာ ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ချေ ၁၀၀% ထိရှိလာပြီး ကျောက်ဖြူ၊ စစ်တွေ၊ ဘူးသီးတောင်၊ ရသေ့တောင် စတဲ့ ရခိုင်ကမ်းရိုးတန်းဒေသ ဟာ သက်ရောက်မှု အချို့ ရှိနိုင်တယ်လို့ လို့ မိုးလေဝသ စောင့်ကြည့်သုံးသပ်သူ ဦးဝင်နိုင် သတိပေးထားပါတယ်။ ဘဂ်လားပင်လယ်အော်မှာ ဖြစ်ပေါ် နေတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ…
ရွှေသဘာဝဓာတ်ငွေ့ လုပ်ကွက် အနီးမှာ အင်အား ၅.၂ အဆင့်ရှိ ငလျင်လှုပ်ခတ်
ကျောက်ဖြူက ရွှေသဘာဝဓာတ်ငွေ့ သိုက်နဲ့ ၊ ကမ်းလွန်ရေနံလုပ်ကွက်တွေ တူးဖော်နေတဲ့ ရေပြင်မှာ အင်အား ၅.၂ အဆင့်ရှိတဲ့ ငလျင်တစ်ခု မနေ့ညက လှုပ်ခတ်သွားခဲ့ပါတယ်။ မေလ ၁၉ ရက် မနက် ၁း၄၅ အချိန်က စစ်တွေငလျင်စခန်းနဲ့ အရှေ့တောင်ဘက်မိုင် ၉၀ ခန့်အကွာ ၊ ကျောက်ဖြူမြို့…
ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လလယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်း/မုန်တိုင်းဖြစ်လာနိုင်ချေရှိသည့် အခြေအနေ update(ဧပြီလ ၁ ရက် နံနက် ၂ နာရီ ၁၅ မိနစ်)
ဗီယက်နမ်ကမ်းခြေ အရှေ့တောင်ဘက်ပင်လယ်ရေပြင်မှာ INVEST-97W ဖြစ်နေကြောင်းတွေ့ရပြီး GFS ensemble model(GEFS)က ဆက်လက်ရွေ့လျားနိုင်မည့် လမ်းကြောင်းကို ခန့်မှန်းဖေါ်ပြထားပါတယ်။ ECMWF Cyclone Genesis Chart မှာ ကပ္ပလီပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်အတွင်း ဧပြီလ ၃ ရက်နေ့မှ စတင်၍လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်ပြီး မုန်တိုင်းအဆင့်သို့ရောက်ရှိနိုင်ချေ ၄၀% ရှိနေကြောင်း၊ ဧပြီ…