Laywaddy FM

Month: March 2024

Month: March 2024

တောင်ကုတ် သံတွဲ ကြားကျေးရွာ အချို့ကို စစ်ကောင်စီဗုံးကျဲ

ရခိုင်ပြည်နယ် တောင်ကုတ် သံတွဲ ကားလမ်းပေါ်က နားပင်းမ နဲ့ ဟုန်းပေါက်ရွာ ကြားကိုစစ်ကောင်စီက ဒီကနေ့ မွန်းလွဲ ၁ နာရီခန့်က လေယာဥ်နဲ့ ဗုံးကျဲနေကြောင်း သိရပါတယ်။\"နပင်းမ နဲ့ ဟုန်းပေါက် ကြားကို ဗုံးကျဲနေတာ၊ ချီချောင်း နားကိုလည်း ကျဲတယ်၊ ကျမတို့လယ်တွေထဲလည်း ကျတယ်။ အပျက်အစီးတော့…

ရခိုင်ပြည်နယ် ထက်ဝက် ကို AA သိမ်းပိုက်ထားပြီဖြစ်

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ကို သိမ်းပိုက်ပြီးတဲ့နောက်မှာ ရခိုင့်တပ်တော် AA ဟာရခိုင်ပြည်နယ်တွင်းက မြို့ အားဖြင့် ၁၇ မြို့ ရှိတဲ့ အနက် မြို့ ၈ မြို့ကို သိမ်းပိုက်ပြီး ဒါဟာရခိုင်ပြည်နယ် ရဲ့ ထက်ဝက်ကို ရရှိသွားတာလည်းဖြစ်ပါတယ်။ပေါက်တော၊ မင်းပြား ၊ ကျောက်တော် ၊ မြောက်ဦး၊…

ပုဏ္ဏားကျွန်း ဒေသခံတွေအုတ်ကျိုးရောင် သံကြေး ရေကို သောက်နေရ၊ အများသုံး သောက်ရေကန် ပျက်စီး နေ

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ လက်ဝဲမြန်ကျေးရွာမှာ သောက်သုံးရေကန်ရေခမ်းခြောက်လာပြီး အောက်ခြေအနည်ထိုင်လာတဲ့အတွက် သောက်ရေကန်တွင်းကရေတွေဟာ အုတ်ခဲကျိုးရောင် လို နောက်ကျိနေပြီဖြစ်တယ်လို့ သတင်းရရှိပါတယ်။\"သောက်ရေက အုတ်ခဲရောင်ဖြစ်နေတယ်။ အဲတော့ ရွာသားတွေက မသောက်ရဲကျဘူး။စစ်ဆေးဖို့ ဓာတ်ခွဲခန်းပို့ဖို့ကလည်း ခုအနေအထားနဲ့က လုံးဝမဖြစ်နိုင်၊ ရွာမှာ သောက်ရေကိစ္စတော်တော်ဒုက္ခရောက်နေတယ်\" လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။ဒီသောက်ရေကန် ဟာ လက်ဝဲမြန်ကျေးရွာအပါ ဝင်…

ရမ်းဗြဲတစ်မြို့လုံးကို ဖျက်စီးပြီးနောက် ဒေသခံတွေ တိမ်းရှောင်နိုင်တဲ့ ကျေးရွာတွေကို ပါစစ်ကောင်စီက လေကြောင်းက တိုက်ခိုက်နေ

ရခိုင်ပြည်နယ် တောင်ပိုင်းအစ ကျွန်းမြို့တစ်မြို့ဖြစ်တဲ့ ရမ်းဗြဲကျွန်းကို ရခိုင့်တပ်တော် AA ကသိမ်းပိုက်ပြီးချိန်မှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကို အကြိမ်ကြိမ်ခံခဲ့ရတဲ့ ဒီမြို့ဟာ တစ်မြို့လုံးနီးပါးပျက်စီးသွားခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ် တွေဆီက သိရပါတယ်။ ဒါ့အပြင် မြို့ပေါ်က နေအိမ်တွေ စွန့်ခွာထွက်ပြေးရတဲ့ စစ်ရှောင်ဒုက္ခသည်တွေ ပုန်းခိုနေထိုင်နိုင်တဲ့ ကျေးရွာတွေ ၊ ဘုန်းကြီးကျောင်းတွေကိုပါ…

မွတ်ဆလင် ကလေးငယ်တစ်ဦး ပြန်ပေးဆွဲ ခံရခြင်းမှာ ၄င်းတို့လက်ချက် မဟုတ် ဟု ALP ငြင်းဆို

ရခိုင်ပြည်နယ် စစ်တွေမြို့ ရှိ မွတ်ဆလင်ရပ်ကွက်ဖြစ်တဲ့ ဘုမေ အမည်ရှိတဲ့ ရပ်ကွက်က အသက် (၃) နှစ်အရွယ်ကလေးငယ်တစ်ဦး ပြန်ပေးဆွဲခံရပြီး ဒီကလေး ကို ငွေကျပ် သိန်းတစ်ရာနဲ့ ပြန်ရွေးဖို့ ပြန်ပေးဆွဲသူတွေကအသိပေးခဲ့ပါတယ် လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက သိရပါတယ်။ဒေသတွင်း သတင်းတွေမှာ ဒီပြန်ပေးမှုဟာ စစ်ကောင်စီနဲ့ ပူးပေါင်းနေတဲ့…

စခန်းစွန့် ထွက်ပြေးသွားတဲ့ နယ်ခြားစောင့်တပ် စခန်းရှိ စားနပ်ရိက္ခာတွေကို အဆိပ်လူး ထားခဲ့

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်အောင်သပြေနယ်ခြားစောင့်စခန်းကို အပြီးသတ် သိမ်းပိုက်လိုက်ပြီလို့ ရက္ခိုင့်တပ်တော်ကသတင်းထုတ်ပြန်ပါတယ်။“ ရန်သူသည် အောင်သပြေစခန်းအတွင်း ကျန်ရှိခဲ့သောစားနပ်ရိက္ခာများတွင် သေစေ တတ်သောအဆိပ်များကို သုတ်လူးထားခြင်း၊ ရေဗူးများတွင်ထည့်ထားခြင်း၊ စခန်းအတွင်း၌လည်းအဆိပ်ဆေးဖြန်းထားခြင်းများ ပြုလုပ်ထားသည်ကိုတွေ့ရှိရသောကြောင့် အခြားသောတော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများ အနေဖြင့် စခန်းသိမ်းတိုက်ပွဲများတွင်သိမ်းဆည်းရမိသော စားနပ်ရိက္ခာများကို သတိထားကြရန် စေတနာဖြင့်အထူးသတိပေးလိုက်ပါသည်”လို့ ရက္ခိုင့်တပ်တော်က ပြောပါတယ်။အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင်…

ရမ်းဗြဲသိမ်တောင် စစ်ကောင်စီ ခံစစ် ငရဲခန်းသို့ တစ်ခေါက်

ရမ်းဗြဲ မြို့ နဲ့ ၅ မိုင်ကျော် ဝေးတဲ့ စစ်ကောင်စီ ရဲ့ ခံစစ်စခန်း အဖြစ် အသုံးပြုထားတဲ့သိမ်တောင်ဘုရားကုန်းထက်ကို ရခိုင့်တပ်တော်က သိမ်းပိုက်ပြီးသည်နှင့် တပ်တော်သားများရှင်းလင်းရေး နှင့်မှတ်တမ်းတင်ခြင်းလုပ်ငန်းများလုပ်ဆောင်နေကြပါတယ်။ကျွန်တော်လည်း ဖေဖော်ဝါရီ ၁၁ ရက် ရခိုင့်တပ်တော် အဖွဲ့ ဝင်များနဲ့အတူ ကသိမ်တောင်ထက်သို့တက်ခွင့်ရ၍အခြေအနေကို အကဲခတ်ခွင့်ရခဲ့ပါတယ်။AA တပ်တော်က ဓာတ်ပုံရိုက်ခွင့်မပြု၍…

သံတွဲမြို့နယ်တွင် စစ်ကောင်စီမှ မြေမြှုပ်မိုင်းများမိုင်းများ ထောင်

ရခိုင်ပြည်နယ် သံတွဲမြို့နယ် တောတောင်များ အတွင်းတွင် စစ်ကောင်စီမှ မြေမြှုပ်မိုင်းများထောင်နေကြောင်း သိရပါတယ်။\"ဒါဝ ချောင်းဖျားဘက်က တောထဲမှာ စစ်သားတွေ လူစုခွဲပြီးတော့ မိုင်းထောင်နေတာမြင်ခဲ့တယ်။ အနားလည်း သွားမကြည့်ရဲဘူး။ အခုဆို ရွာကလူတွေလည်း ဟင်းစား ဖားရှာတောင်တောထဲမသွားရဲကြတော့ဘူး\" လို့ ရွှေလှေ‌ရေအားလျပ်စစ်စီမံကိန်းနားက ရွာသားတစ်ဦးကဆိုပါတယ်။စစ်ကောင်စီမှ မိုင်းထောင်နေသည့် နေရာများမှ ရွှေလှေ သူဌေးချောင်းရေအားလျပ်စစ်စီမံကိန်းအနီး…

ကချင်ပြည်နယ် စစ်ဆင်ရေး မှာ KIA နဲ့ အတူ AA ပူးပေါင်းထိုးစစ်ဆင်နေ

ကချင်ပြည်နယ်မှာ တပြိုင်နက် တည်း စစ်ကောင်စီ စခန်းတွေကို ထိုးစစ်ဆင် လိုက်တဲ့စစ်ဆင်ရေး မှာ ကချင်လွတ်လပ်ရေး တပ်မတော် KIA နဲ့ အတူ ရခိုင့်တပ်တော် AA ကပူးပေါင်းထိုးစစ်ဆင် နေတယ်လို့ မတ်လ ၇ ရက် ညပိုင်းက ထုတ်ပြန်ပါတယ်။မတ်လ ၇ ရက်နေ့ နံနက်…

ရမ်းဗြဲ ၊ ရသေ့တောင် တစ်ရက်တည်း နှစ်မြို့လုံး AA သိမ်းပိုက်

ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ နဲ့ ရသေ့တောင်မြို့ သိမ်းပိုက်နိုင်ခဲ့ပြီး ဒီမြို့တွေ မှာ ရှိတဲ့ လက်ကျန်စစ်ကောင်စီတပ်သားတွေက AA ဆီမှာ လက်နက်ချ အညံ့ခံခဲ့တယ်လို့ AA ရှေ့တန်း နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။မတ်လ ၇ ရက်နေ့ မနက်ပိုင်းမှာ ရမ်းဗြဲမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ညနေပိုင်းမှာတော့ရသေ့တောင်မြို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့…