Laywaddy FM

သံတွဲမြို့နယ်တွင် စစ်ကောင်စီမှ မြေမြှုပ်မိုင်းများမိုင်းများ ထောင်

ရခိုင်ပြည်နယ် သံတွဲမြို့နယ် တောတောင်များ အတွင်းတွင် စစ်ကောင်စီမှ မြေမြှုပ်မိုင်းများ
ထောင်နေကြောင်း သိရပါတယ်။
\”ဒါဝ ချောင်းဖျားဘက်က တောထဲမှာ စစ်သားတွေ လူစုခွဲပြီးတော့ မိုင်းထောင်နေတာ
မြင်ခဲ့တယ်။ အနားလည်း သွားမကြည့်ရဲဘူး။ အခုဆို ရွာကလူတွေလည်း ဟင်းစား ဖားရှာတောင်
တောထဲမသွားရဲကြတော့ဘူး\” လို့ ရွှေလှေ‌ရေအားလျပ်စစ်စီမံကိန်းနားက ရွာသားတစ်ဦးက
ဆိုပါတယ်။
စစ်ကောင်စီမှ မိုင်းထောင်နေသည့် နေရာများမှ ရွှေလှေ သူဌေးချောင်းရေအားလျပ်စစ်စီမံကိန်း
အနီး ပုရစ်ရေကောက်ရွာ အနီးရှိတောတောင်များ နှင့် ဒါဝရွာ အထက်ဘက်
ချောင်းဖျားဒေသတွင် တွင်းတူး လုပ်ဆောင်နေကြောင်း သိရပါတယ်။
\”AA တွေက တောထဲမှာရှိတယ်။ ရွာတွေကို မဝင်ရဲအောင် မလာရဲအောင် လုပ်တာလို့ထင်တယ်။
AA တော့ မသိဘူး။ ရွာသားတွေတော့ ထမင်းငတ်တော့မှာ သေချာတယ်။ ထင်းခုတ်ဖို့လည်း
မသွားရဲကြတော့ဘူး။ ဟင်းစားလည်း မရှာရဲကြတော့ဘူး\” လို့ ရွာသားတစ်ဦးက ဆိုပါတယ်။
သံတွဲမြို့နယ်တွင် စစ်ကောင်စီကမှ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျိတ်တောကမ်းခြေမှ နေဗီ၊
ခမောင်းတုန်းကမ်း‌ခြေမှ နေဗီ တို့မလည်း နေ့စဥ်ရက်ဆက် လက်နက်ကြီးများဖြင့်
တောင်တောင်များသို့ ရမ်းသန်းပစ်ခတ်နေကြောင်း သိရပါတယ်။

Shine Bu Chay

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *