Day: April 6, 2024
စစ်ကောင်စီ ရဲ့ ဘူးသီးတောင် တပ်မတွေ အားလုံးနီးပါးကျပြီ
ရခိုင်ပြည်နယ် ဘူးသီးတောင် အခြေစိုက် ခမရ (၅၆၄)တပ်ရင်းကို ဧပြီလ ၅ ရက်နေ့မနက်ပိုင်းက အပြီးသတ်သိမ်းပိုက်ခဲ့ပြီး ဒီတပ်ရင်းဌာန အချုပ်သိမ်းပိုက်ပွဲမှာ ရခိုင်တပ်တော် ရဲ့အမျိုးသမီးစစ်သည်တွေ ပါဝင်ဆင်နွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ဘူးသီးတောင် အခြေစိုက် တပ်ရင်းဌာနချုပ်တစ်ခုဖြစ်တဲ့ ခမရ (၅၆၄) တပ်ရင်း နဲ့ အတူခမရ(၅၂၂)တပ်ရင်း ၊ ဘူးသီးတောင်မြို့တောင်ပဇား တပ်စခန်း…
ရခိုင်ပြည်အနှံ့က စစ်ပွဲတွေအဆုံးသတ်ဖို့ တရုတ်ကြားဝင်ညှိနှိုင်းပေးမယ်လို့ ဆို
ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတို့ ကြားမှာ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေအမြန်ဆုံးအဆုံးသတ်ဖို့ တရုတ်အစိုးရက ကြားဝင်ညှိနှိုင်းပေးဖို့ ရှိတယ် လို့ ဧပြီ ၅ ရက်မှာတရုတ်အစိုးရပိုင် မီဒီယာ တွေက တဆင့်ပြောကြားခဲ့ပါတယ်။ဒီပြောကြားချက်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာတရုတ်နိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် Geng Shuang က…
မောင်တောခရိုင် ခရိုင်ထွေအုပ် ဦးဆောင်တဲ့ အဖွဲ့မြို့ကို စွန့်ခွာထွက်ပြေး
ရခိုင်ပြည်နယ် မောင်တောမြို့က အထွေထွေအုပ်ချုပ်ရေးမှူး နဲ့ သူရုံးဝန်ထမ်းတစ်ဦး ဟာ မြို့ကိုသိမ်းခံရတော့မယ့် အခြေအနေ မှာ သူအုပ်ချုပ်တဲ့ မြို့ကို စွန့်ခွာပြီးထွက်ပြေးသွားတယ်လို့ ဧပြီ ၆ရက်က BNA သတင်းဌာန က ဖော်ပြထားပါတယ်။ဧပြီ ၄ ရက် မနက်ပိုင်းက မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ပုန်းခိုနေတဲ့မောင်တောမြို့အဝင်မြို့သူကြီးရှိအမှတ် ၅ နယ်ခြားစောင့်တပ်ရင်း…
AA ကို ပြန်တိုက်ဖို့ ရခိုင်ပြည်တောင်ပိုင်းမြို့တွေ မှာ ဖိအားပေး ပြီး ပြည်သူ့စစ်ထဲ ဝင်ခိုင်းနေ
ရခိုင်ပြည်နယ် ထဲ က တိုက်ပွဲဧရိယာတွင်းမှာ စစ်ကောင်စီ အထိနာနေ ပေမယ့်တိုက်ပွဲမဖော်ဆောင်နိုင်သေးတဲ့ ရခိုင်ပြည်နယ်တောင်ပိုင်းက မြို့တွေမှာ စစ်ကောင်စီကအနှောက်အယှက်ကင်းကင်းနဲ့ ပြည်သူ့စစ်တွေ ဖွဲ့စည်းပြီး စစ်သားစုဆောင်းနေနိုင်တဲ့ အခြေအနေဖြစ်နေပါတယ်။ဧပြီလ ၁ ရက်နေ့ကနေ စပြီး ရခိုင်ပြည်နယ် သံတွဲမြို့နယ် ၊ မာန်အောင်မြို့နယ် ၊ ဂွမြို့နယ်တို့မှာရွာသားတွေကို ပြည်သူ့စစ်ထဲ ဝင်ဖို့…