ရခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီတို့ ကြားမှာ ပြင်းပြင်းထန်ထန် ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေ
အမြန်ဆုံးအဆုံးသတ်ဖို့ တရုတ်အစိုးရက ကြားဝင်ညှိနှိုင်းပေးဖို့ ရှိတယ် လို့ ဧပြီ ၅ ရက်မှာ
တရုတ်အစိုးရပိုင် မီဒီယာ တွေက တဆင့်ပြောကြားခဲ့ပါတယ်။
ဒီပြောကြားချက်ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ
တရုတ်နိုင်ငံ၏ အမြဲတမ်းကိုယ်စားလှယ် Geng Shuang က ပြောကြားခဲ့တာဖြစ်ပြီး
တရုတ်အစိုးရပိုင် မီဒီယာက တရားဝင်ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။
တရုတ်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ရောက်ရှိနေပြီး ဧပြီ ၅ ရက်နေ့မှာ
စစ်ဏာရှင်ဟောင်း ဦးသန်းရွှေ နဲ့ လည်းဦးစွာတွေ့ဆုံခဲ့ပါတယ်။
ရခိုင်ပြည်နယ်ကျောက်ဖြူမြို့မှာ တရုတ်ရဲ့ ကြီးမားတဲ့ နှစ်ရှည်စီမံကိန်းတွေလည်း
အခြေစိုက်ထားပြီး တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားကို ထိခိုက်စေတဲ့ တိုက်ပွဲတွေကို
အဆုံးသတ်စေချင်တာလည်းဖြစ်ပါတယ်။
လတ်တလော စစ်ပွဲတွေဟာ ဆိုရင် ရခိုင်ပြည်နယ် ထဲက ကျောက်ဖြူ ၊ အမ်း မြို့တွေ
ထိရောက်ရှိလာပြီး တရုတ်နိုင်ငံရဲ့စိုးရိမ်ရေမှတ်ကို ပိုမိုတိုးလာစေတာလည်းဖြစ်ပါတယ်။
ရခိုင်ပြည်နယ်က တရုတ်စီမံကိန်းတွေဟာ ၂၀၀၉ ခုနှစ်ကတည်းက
စတင်လက်မှတ်ရေးထိုးခဲ့ကြပြီး သဘာဝဓာတ်ငွေ့ပိုက်လိုင်းသည် ၂၀၁၃
ခုနှစ်မှာစတင်ခဲ့ပါတယ်။ ရေနံ ပိုက်လိုင်းကတော့ ၂၀၁၇ ခုနှစ်မှာ စတင်ပါတယ်။